သို့သော် ပြန်လည်ပြုပြင်ထိန်းသိမ်းသူတစ်ယောက်သည် သက်ရှိမဟုတ်ဘဲ သက်မဲ့တွေကိုသာ ပြုပြင်နိုင်တာဖြစ်သည်။
တိရစ္ဆာန်များအပေါ် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်ခဲ့၍ ပုံမှန်မဟုတ်တော့သည့်အခြေအနေသို့ ပြောင်းသွားသည့်ကိစ္စပြီးကတည်းက စွမ်းအင်နိုးထသူစီမံခန့်ခွဲရေးရုံးချုပ်က ပြန်လည်ပြုပြင်ထိန်းသိမ်းသူများကို သက်ရှိများအား အသက်သွင်းခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်လိုက်သည်။အသက်သွင်းပါက ရလဒ်က ပုံမှန်မဟုတ်သည်ထက်ပိုကာ လူသားများအပေါ်အသုံးချလျှင် ပို၍ပင် ကြောက်စရာကောင်းသည်ဟူသည့်အချက်နှင့်တားမြစ်ချက်ထုတ်ထားတာဖြစ်သည်။
သို့တိုင် ရီဆွန်းမှာ စွမ်းအားသုံးဖို့ကလွဲ ရွေးစရာမရှိခဲ့ပေ။အာဏာပိုင်တွေ၏အမှားလည်းဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ
နှစ်သိမ့်နေမိသည်။သူသည် Sအဆင့်ဖြစ်သည့် မျှော်လင့်ချက်သေးသေးလေးနှင့် ရလဒ်က ကွဲပြားကောင်းကွဲပြားနိုင်သည်။အံ့ဖွယ်ဖြစ်ရပ်ကိုဖန်တီးနိုင်ပြီး သူ့သူငယ်ချင်းတွေကို ကယ်လိုက်နိုင်တာလည်း ဖြစ်နိုင်သည်။ကျိုးပဲ့နေသည့်အရိုးများ၊ ကြေမွနေသည့်နံရိုးများနှင့် စုတ်ပြတ်သတ်နေသည့် လက်တွေ ခြေတွေများနှင့် ကိုယ်ထည်များက ဖြည်းဖြည်းချင်း ပြန်ဆက်လာခဲ့သည်။
ရီဆွန်းသည် စိတ်အားတက်လာခဲ့ပေမဲ့ မကြာသောအချိန်တွင် တိုတောင်းသောပျော်ရွှင်မှုက ရေအးအေးနှင့်အလောင်းခံလိုက်ရသကဲ့သို့ အေးစက်သွားတော့သည်။သူ့သူငယ်ချင်းများသည် ခန္ဓာကိုယ်က အသက်ဝင်လှုပ်ရှားနေခဲ့ပေမဲ့ အနားရှိသူတွေကို မှတ်မိသည့် "သက်ရှိလူသားများ" မဟုတ်တော့ချေ။
သူတို့သည် အလောင်းကောင်များ လှုပ်ရှားနေသည်နှင့်တူနေခဲ့သည်။ရီဆွန်းသည် စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေခဲ့သည့်အလျောက် သူ့သူငယ်ချင်း၏ပုံမှန်မဟုတ်သောအခြေအနေကို စစ်ဆေးနေဖို့ အချိန်မရှိခဲ့ပေ။မျက်စိရှေ့ပေါ်သမျှလူအကုန် သတ်ပြီးဆုတ်ခွာသွားခဲ့သည့် ဧရာမသတ္တဝါကြီးများသည် ပြန်ရောက်လာပြန်သည်။

YOU ARE READING
?? ?? [A Trace of the Wonder]
ActionOriginal Author- ??? Translator - ZEIN_Grain ???????????????????????????????? ????????????? HN ????????????????????? S ????? ?????????? ???????????? ??????????????????????????? " ????????? ?????????? ??????????????? ????????????" " ?????????...
???????(?)
Start from the beginning