"မင်း သူငယ်ချင်းတွေဆီကို သွားလည်မယ့် တစ်ခုတည်းသောအချိန်က စွမ်းအားအကုန်ပြန်ရတဲ့အချိန်ရယ် ကိုယ်နဲ့လုပ်ထားတဲ့ အပေးအယူရဲ့တစ်စိတ်တစ်ပိုင်းကို ဖြည့်ပြီးတဲ့အချိန်ရယ်ပဲ။မဟုတ်ရင် ပြန်ခွင့်မရှိဘူး"
ရီဆွန်းသည် ဆျာဟွန်းက သူ့အိမ််သူသွားသည့်အပေါ်ခွင့်မပြုသည့်ကိစ္စကို မပျော်သော်လည်း လိုက်နာဖို့ကလွဲ ရွေးစရာမရှိပါ။ ပါးစပ်နားရွက်ချိတ်မတတ်ပြုံးနေသည့် ဆျာဟွန်းကို ခဏငဲ့စောင်းကြည့်လိုက်မိသည်။ထိုသူသည် တစ်ပါးသူ၏စိတ်ကိုဖတ်နိုင်သည့် Sအဆင့်စွမ်းအားပိုင်တာများလား....
"...ကျွန်တော်တို့ အဲကိစ္စကို ဘယ်တော့လုပ်မှာလဲ?"
ဆျာဟွန်းသည်ပြုံးကာ
"ခဏနေရင် သိလိမ့်မယ်"
ရီဆွန်းသည် သက်ပြင်းချကာ အကြည့်လွှဲလိုက်သည်။အနာဂတ်တွင် ဆျာဟွန်းနှင့်တွဲလုပ်ရမည်က အတော်စိတ်ရှုပ်ဖို့ကောင်းပြီး ဘယ်လောက်ကြာမည်မှန်းပင် မသိပေ။ပြတင်းအပြင်ဖက်က ကောင်းကင်ကြီးမှာ သူ့အတွင်းထဲမှာခံစားနေရသည့် ရှုပ်ထွေးမှုနှင့်မသက်ဆိုင်စွာ ရှင်းလင်းနေခဲ့သည်။
ဖျက်လိုဖျက်ဆီး မနက်ခင်းအစပါလား တကတဲ။
ရီဆွန်းသည် အင်တာနက်စာမျက်နှာ၊တီဗွီတို့တွင်သာ မြင်ဖူးသည့် HNအဖွဲ့အစည်း အဆောက်အအုံကြီးဆီ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။လွန်ခဲ့သည့် တစ်နှစ်တုန်းက သူဆို မပြောနှင့်တော့။
ဆျာဟွန်းက သူ့နံဘေး ယှဉ်တွဲလမ်းလျှောက်နေသည့်ကိစ္စကို ရီဆွန်းဖြင့်နားမလည်နိုင်ပေ။လက်ထောက်ပုံပေါက်အောင် နောက်မှလိုက်ဖို့လုပ်ပေမဲ့' ဆျာဟွန်းက သူ့နံဘေး ရောက်အောင် ဆွဲခေါ်လိုက်၍ အတူလျှောက်ဖို့ရန်သာ ရှိတော့သည်။ဧည့်သည်စောင့်ခန်းကို ဖြတ်လိုက်သည်နှင့် အကြည့်ပေါင်းစုံက သူတို့ဆီ ကပ်ပါလာတော့သည်။
နောက်ဆုံး လက်ရွေးစင်အသင်းဖွဲ့ သီးသန့်လှုပ်ရှားမှုများပြုလုပ်ရာ ၄၂အလွှာသို့ ရောက်သွားတော့သည်။
ဓာတ်လှေကားပွင့်သည်နှင့် ကြော့ရှင်းစွာ ရေးထိုးထားသည့် ‘လက်ရွေးစင်အသင်း 324’ ဟူသည့် ရွှေရောင်ဆိုင်းဘုတ်ကြီးနှင့် မိတ်ဆက်လိုက်ရသည်။ ကြွေပြားခင်းထားသည့်ကြမ်းခင်းပေါ် အများကြီးမလျှောက်ရသေးခင် ရုံးခန်းအဝကို မြင်လိုက်ရသည်။ လက်ထောက်က အရင်သွားပြီး မှန်တံခါးကိုဖွင့်ပေးလာသည်။

YOU ARE READING
?? ?? [A Trace of the Wonder]
ActionOriginal Author- ??? Translator - ZEIN_Grain ???????????????????????????????? ????????????? HN ????????????????????? S ????? ?????????? ???????????? ??????????????????????????? " ????????? ?????????? ??????????????? ????????????" " ?????????...
???????(??)
Start from the beginning