ရီဆွန်းသည် သူ့ရှေ့က မြင်ကွင်းကြောင့် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။ အင်အားကြီးအဖွဲ့အစည်းများမှာ အသေးစား၊ အလယ်အလတ်တန်းစား အဖွဲ့အစည်းများနှင့်ယှဉ်ရလျှင် တကယ့်စီးပွားရေးဆန်သည့်အဖွဲ့အစည်း ပုံပေါက်သည်ကို သူကြားဖူးသည်။သို့သော်ငြား ကွာခြားမှုက သည်မျှလောက်ကြီးမည်ကိုတော့ မထင်ထားခဲ့ချေ။ အဖြူအမဲစပ်ထားသည့် ကြွေပြားများကို ကွပ်ထားသည့် ရွှေရောင်အနားကွပ်များသည် သေသပ်လှကာ စားပွဲအကြီးကြီးနှင့် အလင်းရောင်ကောင်းကောင်းရသေးသည်။ မဝင်ခင်ကပင် မှန်တံခါးများကနေ အလုပ်ထဲခေါင်းစိုက်နေသည့် လက်ရွေးစင်အဖွဲ့ဝင်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူ ၄ နှစ်တာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့သည့် ဟွန်ရှင်းအဖွဲ့အစည်းနှင့် လားလားမျှမဆိုင်သည့် အဆင့်အတန်းတစ်ခုပင်။ကွာခြားမှုက မိုးနှင့်မြေဖြစ်ကာ သူ နှိုင်း၍ပင် မရဲသည်အထိ။ ဆျာဟွန်းနှင့်အတူ တစ်ခန်းထဲရှိနေ၍ ထူးဆန်းနေသည့်လေထုကို အံ့ဩထိတ်လန့်မှုမပြမိစေရန် တိတ်တိတ်နေရန်သာ အာရုံစိုက်နေတုန်း သူ့အရှေ့ကို တစ်ယောက်ယောက်ကဘွားခနဲပေါ်လာခဲ့သည်။
အခြားအဖွဲ့ဝင်များက သူတို့၏ခေါင်းဆောင် ဆျာဟွန်းကို နှုတ်ဆက်ဖို့ပင် အာရုံထားမနေသည့်အချိန်တွင် ပြေးလာသည့်သူတစ်ယောက်သာရှိသည်။
“ဝိုး….တကယ်ကြီးခေါ်လာတာပဲ။မင်း အဆင်ပြေရဲ့လား? မင်း မသေမရှင်ဖြစ်ရင်ဖြစ် မဟုတ်ရင် ကြိုးတုပ်ခံလာရမှာကို စိတ်ပူနေတာ..”
“အမဲလိုက်သူ”
“ ခင်ဗျာ ?”
“ဒီလို ကလေးကလား ရိုင်းဆိုင်းတဲ့စကားမျိုး ရီဆွန်းရဲ့ပထမဆုံးနေ့မှာ ပြောဖို့ကောင်းတယ်များ တကယ်ထင်နေတာလား?”
“မဟုတ် မဟုတ်ပါဘူး။ ကျွန်တော်ရဲ့မဆင်မခြင်ပြောလိုက်မိတာတွေအတွက် တောင်းပန်ပါတယ်”
ချက်ချင်းပင် ၉၀° ကိုယ်ကိုကိုင်းကာ တောင်းပန်လာခဲ့သည်။ ရီဆွန်းသည် တောင်းပန်မှုကို သာမန်ကာလျှံကာ လက်ခံလိုက်သည်။ကီဂျူဟျော့…ရင်းနှီးနေသည့် နာမည်တစ်ခုပင်။လက်ရွေးစင်အသင်း၏ Aအဆင့် အမဲလိုက်သူတစ်ယောက်ဖြစ်သည်။။ မှော်သုံးသည့် အမဲလိုက်သမားများထဲ တစ်ခုထက်ပိုသော စွမ်းအင်ကို ဆရာကျကျ သုံးမှုကြောင့် နာမည်ကြီးလေသည်။ပုံမှန် မှော်သုံးသည့် အမဲလိုက်သမားများသည် ပင်ကိုစွမ်းရည်တစ်မျိုးတည်းကိုသာ အထူးတလည်သုံးနိုင်သော်ငြား ဂျူဟျော့သည်ကား ရေနှင့်မီး မှော်စွမ်းအား နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ သုံးနိုင်လေသည်။

YOU ARE READING
?? ?? [A Trace of the Wonder]
ActionOriginal Author- ??? Translator - ZEIN_Grain ???????????????????????????????? ????????????? HN ????????????????????? S ????? ?????????? ???????????? ??????????????????????????? " ????????? ?????????? ??????????????? ????????????" " ?????????...
???????(??)
Start from the beginning