抖阴社区

                                    

ဆျာဟွန်းသည် ပြုံးနေသော်လည်း အခန်းတွင်းလေထုသည်ကား အေးစက်စက်နိုင်လှ၏။၎င်းနောက် အနောက်ကပါလာသည့် အတွင်းရေးမှူးဖြစ်သူက ဖုန်းကိုင်ကာ စကားဆိုလာခဲ့သည်။

“ဒုဥက္ကဌ ခေါ်နေပါတယ်”

“ဘာအတွက်လဲ အစည်းအဝေးစ တော့မှာလေ”

“အကြောင်းပြချက်တော့မပြောလိုက်ဘူး ဒါပေမဲ့ ရုံးခန်းကို ချက်ချင်းလာပေးပါတဲ့”

“ဘာကိစ္စမှန်းမပြောရင် ဘာလို့သွားရမှာလဲ”

ထိုမေးခွန်းမှာ ငေါ့တော့တော့မေးလိုက်သည်သာဖြစ်ပြီး ဆျာဟွန်းသည် အဖြေကို လိုအပ်၍မဟုတ်ပေ။သို့သော် ခဏတုန်းကအထိ ခေါင်းငိုက်စိုက်ကျနေသည့် ဂျူဟျော့၏ “ဟုတ်တယ်”ဟူသည့် အသံက လွှတ်ခနဲထွက်လာခဲ့သည်။ထိုအချိန် ဆျာဟွန်း၏ရေခဲတမျှ အေးစက်နေသည့်အကြည့်က သူ့ဆီ ရောက်သွားပြန်သည်။

သို့သော် ကံကောင်းထောက်မစွာနှင့် ဖုန်းမြည်သံက ဂျူဟျော့ကို ကယ်တင်သွားလေသည်။ဖုန်းမျက်နှာပြင်တွင် “ဆျာယွန်းဂန်” ဟူသည့်နာမည်ကို မြင်လိုက်သောအခါ ဖုန်းကို အေးအေးဆေးဆေးပဲ မကိုင်ဘဲ ချလိုက်လေသည်။သို့သော် နောက်ထပ်ပို့လာသည့်စာကို လက်ခံရလိုက်သည့်အခါ ဆျာဟွန်း၏မျက်နှာထက်မှ အပြုံးမှာ ပျောက်သွားတော့သည်။ရီဆွန်းကို ခဏစောင့်ပေးဖို့ပြောလာခဲ့ပြီး ဧည့်သည်စောင့်ခန်းဖက်ကို သွားလေသည်။ဖျတ်ခနဲမြင်လိုက်ရတာဖြစ်ပေမဲ့ စာထဲမှာ “ဆေးရုံ”ဟူသည့်စကားလုံးကို သူတွေ့လိုက်သည်။

ဆျာဟွန်း၏တည်ရှိမှုကသာ သူ့ကိုထိန်းထားနိုင်သည့်လည်ပတ်ကြိုးဖြစ်သည့်ဟန် လစ်သည်နှင့် ကီဂျူဟျော့သည် ချက်ချင်းခေါင်းမော့ကာ လက်နှစ်ဖက်စလုံးကို တရိုတသေနှင့် ဆန့်ထုတ်လာသည်။သူ၏အပြုအမူကို ရီဆွန်းသဘောပေါက်ပါသည်။သူ့လက်ကို လက်ခံနှုတ်ဆက်ပေးရင်းနှင့် လက်ရွေးစင်အဖွဲ့တွင် လက်ဆွဲနှုတ်ဆက်ရသည်ကို ကြိုက်သည့်သူများသာ စုနေသည်လားဟုပင် ရယ်စရာကောင်းသည့်အတွေးကို တွေးမိသွားသည်။

“ကျွန်တော် တကယ်ကို ခင်ဗျား ပရိတ်သတ်ပါဗျာ!”

“အာ ဟုတ်ကဲ့…”

“အဲဒါကြောင့် ဒီတစ်ခေါက် စီးနင်းတိုက်ခိုက်ရေးမှာ ပြန်လည်ပြုပြင်ထိန်းသိမ်းသူ ပါလာမယ်လို့ ခေါင်းဆောင်ပြောတုန်းက တကယ် လန့်သွားတာ။ခေါင်းဆောင် မင်းကို အဖွဲ့ဝင်အနေနဲ့ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပထမဆုံးတိုက်ခိုက်ရေးကတည်းက မင်းနဲ့တွေ့ဖို့မျှော်နေတာ..”

“အမဲလိုက်သမား ကီဂျူဟျော့ ..အသက်သွင်းသူက ဒီစီးနင်းတိုက်ခိုက်ရေးအကြောင်း သိသေးတာမဟုတ်ဘူး”

ဂျူဟျော့၏မျက်လုံးများမှာ နံဘေးက လက်ထောက်၏စကားကြောင့်  အံ့အားသင့်သွားဟန် ပြူးကျယ်သွားခဲ့သည်။ သူ့ထက် ပိုလန့်သွားသည်က ရီဆွန်းပင်။စီးနင်းတိုက်ခိုက်ရေးဟူသည် ‘ကွင်းဆက်အကျဉ်းတိုက်’ ဟု နောက်တစ်မျိုးခေါ်နိုင်ပြီး ပထမပေါ်လာသည့်အကျဉ်းတိုက်အပြီး နောက်ဆက်တွဲ ချက်ချင်းပေါ်လာသည့် အကျဉ်းတိုက်များနှီးနွယ်ခြင်းမျိုးပင်။လွန်ခဲ့သည့်တစ်နှစ်က ဒုတိယအကျဉ်းတိုက်ပြီးကတည်းက ကိုးရီးယားတွင် မကြာခဏအဖြစ်များသည့်ကိစ္စပင်။

 

You've reached the end of published parts.

? Last updated: Oct 13, 2024 ?

Add this story to your Library to get notified about new parts!

?? ?? [A Trace of the Wonder]  Where stories live. Discover now