"ဟဲ့ သခင်လေးက ဘာလို့ သူ့ကို အခန်းထဲရွေ့ခိုင်းတာလဲမသိဘူးနော်အိမ်ပေါ် စရောက်ကထဲက အဖတ်မလုပ်တာဘဲနဲ့"
"ဪအေ အစကထဲက ဒီအိမ်ကိုဘယ်လို တက်လာလဲ သိရဲ့သားနဲ့။ မမမိုးတို့သားအမိပဲသနားပါတယ် ငယ်ငယ်ရွယ်ရွယ် မှာလဲ အဖေနဲ့ခွဲရ ယောက်ျားနဲ့ ခွဲရ သူတို့ ဝိဉာဉ်တောင် ကျွတ်ပါ့မလားမသိပါဘူးအေ၊ တမလွန်ကနေ တော်တော် ခံပြင်းနေမှာ"
"အောင်မလေး ဝဋ်ဆိုတာ နောက်ဘဝမကူးပါဘူးအေ ကြည့်နေပါ သူတို့သားအမိလည်း ဘယ်တော့ ဘဝပျက်မလဲမသိဘူး "
ခြံဝန်းကြီးထဲတွင် ရှိသော နှင်းဆီပန်းခင်းထဲတွင်
အခလုပ်သမလေးနှစ်ယောက် တီးတီးတိုးတိုး နှင့် အတင်းပြောနေကြသည်။လှပလှသော အနီရောင် နှင်းဆီပွင့်ကြီးဆီသို့ လှမ်းနေသော ဖြူ့ရဲ့လက်တွေဟာ ရုပ်သိမ်းသွားရသည်။ ထိုသူတို့ သူမကို မြင်၍လည်း မကောင်းပြောတာဖြစ်နိုင်သိလို မမြင်၍လည်း အတင်းပြောတာဖြစ်နိုင်သည်။
သူမအနေနဲ့ ထူးပြီးခံစားမနေချင်တော့ပါ။ လဠန်ခဲ့တဲ့ တစ်ပတ်ကစပြီး အကိုလေးက သူမကို သူနဲ့ အတူ တစ်ခန်းတည်းမှာအိပ်စေပြီး သမီးလေးကိုလည်း အခန်းသက်သက်ဖွဲ့ပေးသည်။
*ဝဋ်တဲ့ ကျွန်မ ခနဲ့တဲ့တဲ့ ပြုံးမိလိုက်တာပေ့ါရှင်ရယ်၊ ကျွန်မဟာ မွေးကတည်းက ကံဆိုးမဘဝကို ရောက်ခဲ့တာပါ၊ ရှင်နဲ့မတွေ့ခင်အချိန်ရော ရှင်နဲ့တွေ့ပြီးတဲ့အချိန်ရော ဘယ်သောအခါမှ ကံကြမ္မာက ကျွန်မကို မျက်နှာသာမပေးခဲ့ရပါဘူး၊ အဲ ရှင်နဲ့တွေ့ဆုံပြီးတော့ ရလာတဲ့ ကျွန်မရဲ့ ရတနာလေးကသာ ကျွန်မရဲ့ အသက်ဆက်ဆေးလေးပါ။ ကျွန်မ ဘယ်သူ့ကိုမှ မမှီခိုချင်ပါဘူး ရှင့်ကိုရော ထိုလူကိုရော*
"မမလေး "
အနားမှာ ပူစူးမ ရောက်လာမှ ဘုရားပန်းခူးခြင်း
လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်သည်။"ပူစူး လွန်းလေးနိုးပြီလားဟင် "
"မနိုးသေးဘူးမမလေး အခုတလော မိုးအုံ့လို့ထင်တယ် ကလေးက တော်တော်နဲ့ မနိုးဘူးဖြစ်နေတယ်"
"ညဘက်တွေရော အိပ်ရဲ့လား ပူစူးရယ်"
သမီးလေးကို သူမနဲ့ ခွဲပြီးမသိပ်ချင်ပေမယ့်လည်း ဟိုလူရဲ့ ခြိမ်းခြောက်မှုအောက်မှ မလှုပ်သာ မရွံ့သာ၊ အဲ့ဒီ့ အုပ်ထိန်းခွင့်နဲ့ပဲ လူကို ချုပ်ကိုင်နေတာ။ ဘာတဲ့ သူ့စကားနားမထောင်ရင် ကလေးကို ဖြူ့ဆီကနေ ဆွဲထုတ်ပစ်မယ်တဲ့။ အတယ်ပဲပြောပြော သူရဲဘောကြောင်တယ်ပဲပြောပြော ထိုလူ့ကို ဖြူ ရင်မဆိုင်ရဲပါ ...

YOU ARE READING
??????????????
Romance?????????? ??????? ????????????????????????????????????? ???????? ????????????????? ??????? ???????? ????????? ????????????????? ??? ???????? ??????????? ... ???????? ??????? ????? ????????????????? ???????? ?????????????? ????????????? ????????????...