抖阴社区

Part - 13 <??????????? S????? (?)>

Start from the beginning
                                    

"စကားမစပ် အာဂျီးရှီးကကျွန်မရဲ့မိဘတွေကိုတကယ်သိတာလား?"

ဘတ်ယယ်ရင်မ်က အသားတစ်ဖတ်ကိုညှပ်ယူလိုက်ရင်း မေးတယ်။

"ကျွန်တော်သာသူတို့ကိုမသိရင် မင်းကိုဘယ်လိုလုပ်ပြီးလာရှာပါ့မလဲ။ သူတို့နဲ့ တအားမရင်းနှီးခဲ့ပေမဲ့ ကျွန်တော်ငယ်ငယ်တုန်းကသူတို့က ကျွန်တော့်ကိုကူညီခဲ့ဖူးတယ်လေ"

"အာဂျီးရှီးငယ်ငယ်တုန်းက?"

"ဟုတ်တယ်။ ကျွန်တော်လဲငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေကိုဆုံးရှုံးခဲ့ရတာ။ ကျွန်တော့်ညီလေးကိုဂရုစိုက်ဖို့ကြိုးစားရင်း အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်"

ကျွန်တော်မျက်ရည်ခံထိုးတဲ့ပုံပြင်လေးပြောပြီးတော့ သနားစရာတွေစရောင်းတော့သည်။ ဒီအကွက်က ကိုရီးယားလူမျိုးအများစုအတွက်အလုပ်ဖြစ်တယ်လေ။ မိဘတွေကဆုံးသွားပြီးတော့ အသက်ငယ်ငယ်လေးနဲ့ အားကိုးစရာလူကလဲမရှိခဲ့ဘူး ဘာညာသာရကာပေါ့။ မင်းရဲ့မိဘတွေကိုဆုံးရှုံးခဲ့လို့ရတဲ့ သနားကရုဏာမဲတွေနဲ့တင် မင်းကသမ္မတတောင်ဖြစ်နိုင်တယ်။

"အဲ့အချိန်တုန်းကဆိုရင် မင်းရဲ့မိဘတွေက ကျွန်တော့်ကို အကူအညီနည်းနည်းပေးခဲ့တယ်။ ၁၀နှစ်ကျော်လောက်ကြာနေပြီဆိုတော့ မင်းမှတ်မိမှာမဟုတ်လောက်ဘူး"

ဒါပေါ့ ကျွန်တော်လဲ မမှတ်မိပါဘူး။ အရက်အစား လီမွန်ဆိုဒါကို ဖန်ခွက်ထဲငှဲ့ထည့်လိုက်ပြီးတော့ ကျွန်တော်ဆက်ပြောလိုက်တယ်။

"စွမ်းရည်မနိုးထလာခင်အချိန်အထိက ရှင်သန်ဖို့ကြိုးစားရင်းနဲ့ ကျွန်တော်အလုပ်များနေခဲ့တာဆိုတော့ အချင်းချင်းဆက်သွယ်ဖို့အချိန်မရှိခဲ့ဘူး။ ကျွန်တော့်မှာ Sအဆင့်ညီလေးတစ်ယောက်ရှိပေမဲ့ မကြာခင်သေးခင်အချိန်ကထိ တစ်ယောက်နဲ့တစ်ယောက်ကမတည့်ခဲ့ကြဘူး"

"တကယ်ကြီးလား? အဲ့လိုပြောမှပဲ ဟယ်ယွန်းဂိုဏ်းခေါင်းဆောင်ကမိသားစုအကြောင်းပြောတာ တစ်ခါမှမကြားဖူးဘူးပဲ"

"ရှေ့ရက်ပိုင်းလောက်ကမှ ပြန်အဆင်ပြေသွားကြတာလေ။ ကျွန်တော်စွမ်းရည်နိုးထလာပြီး အသုံးဝင်တဲ့စွမ်းရည်တွေလဲရလာတော့ ညီလေးနဲ့ပြန်ပြီးပြေလည်သွားတယ်။ အခြေအနေတွေတည်ငြိမ်သွားတော့မှပဲ အတိတ်ကအကြောင်းတွေကို ပြန်စဉ်းစားမိတော့တာ။ နည်းနည်းတော့တစ်ကိုယ်ကောင်းဆန်တယ်မလား?"

????????????????????????????????Hunter???????Where stories live. Discover now