抖阴社区

                                        

လိမ်းဖြစ်အောင် လိမ်းလိုက်တော့လည်း  တစ်နေကုန် အပူဟပ်ခံထားရသည့် မျက်နှာက သိသိသာသာ အေးသွားသည် ။ သနပ်ခါးပင်ရဲ့ အမြစ်ကို သွေးထားတာမို့ မွှေးလည်းမွှေးပါ၏ ။

ထင်ရှားဝယ်ပေးထားသည့် ကျောက်ပြင်လေးကိုတော့ မသုံးဖြစ်သေး ။ သူ ပြန်တဲ့အခါ မကျန်ရစ်အောင် အဝတ်အစားအိတ်ထဲမှာ တစ်ခါတည်း ထည့်ထားသည်။ နောက်ဆို ထိုကျောက်ပြင်လေးကို မြင်တိုင်း ညီငယ်လေးက သူ့အတွက် သနပ်ခါးပါသွေးပြီး ယူလာပေးဖူးတာကိုလည်း သတိရနေရဦးမည် ။ 

" ကိုထူးမလိုက်ရင် ကျွန်တော်သွားပြီနော် "

ရေကန်ဘေး ရောက်နေသည့် ကိုထူးကို လှမ်းအော်ခဲ့ပြီး ထင်ရှား လာအခေါ်ကို မစောင့်တော့ဘဲ သူ အရင်ထွက်ခဲ့တော့သည် ။

ရန်ကုန်မပြန်ခင် ထမင်းဖိတ်ကျွေးကြသည့် လူတွေကြောင့် အခုတလော ညနေစာဆို ဘုန်းကြီးကျောင်းမှာ မစားဖြစ် ။ ရွာထဲမှာ တစ်အိမ်ပြီးတစ်အိမ် ပတ်စားနေရသည်။ ကိုထူးက ကျောင်းဆောင်သစ်ပြီးမှ ပြန်ရမှာဆိုပေမဲ့ ထမင်းစားဖိတ်တာတော့ အတူလိုက်သည် ။ ဧည့်သည်လိုလို အိမ်ရှင်လိုလိုထင်ရှားကလည်း သူတို့နှင့်အတူပါ၏ ။

သည်ကနေ့ ထမင်းစား ဖိတ်ထားတာက ဦးသက်ပုံတို့အိမ် ။ ဦးသက်ပုံတို့အိမ်ဆို‌တော့ ကိုထူးမြတ်က မလိုက် ။ မသက်စုပုံနှင့် မျက်နှာချင်းဆိုင်ရမှာ အနေခက်ပုံရသည် ။

လင်းထွဋ် လာနေတာမြင်တော့ ထင်ရှားက သူတို့အိမ်နားက မန်ကျည်းပင်ဘေးကနေ ရပ်စောင့်၏ ။ ကိုထူးပါမလာတာကို ဘာမှမမေးပေ ။ သူ့မျက်နှာပေါ်က သနပ်ခါးဖုန်ဖုန်ကိုသာ မျက်ဝန်းတွေနှင့် အလွတ်ကျက်နေသည် ။

" အစ်ကို မှန်မကြည့်ခဲ့ဘူးလား "

" မှန်မှ မရှိတာ ။ ဘာဖြစ်လို့လဲ "

သနပ်ခါး ဘဲကျားရိုက်နေလို့များလား ။ အထူကြီးလည်း လိမ်းမထားပါဘူး ။

မျက်နှာကို လက်နှင့်ပြန်စမ်းပြီး သနပ်ခါးတွေကို ပွတ်ပစ်မယ်ပြင်တော့ အညာသားက ဆွဲချုပ်ပြီးတားမြစ်သည် ။

" ဘာလို့ ဖျက်မှာလဲ "

" မင်းကမှ ဘာလို့ ကြည့်နေတာလဲ "

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now