抖阴社区

???????-?

252 24 0
                                        

နှုတ်ခမ်းလှုပ်ရုံ တိုးဖွဖွဆုတောင်းသံတို့အား ကမ္ဘာ့‌အရှေ့ခြမ်းကလူသားကြားနိုင်ပါရဲ့လား  အအေးဓာတ်ဟာလျော့သွားခြင်းမရှိ ပိုတိုး၍သာအေးလို့နေသည် ပင်လယ်ကြီးဟာပြာလဲ့၍လှပလို့နေသည် အကျည်းတန်တာဆိုလို့သူနဲ့သူရဲ့နှလုံးသားတစ်စုံရယ်ပဲ သည်နေရာတွင်ရှိတယ်  သူ့ရဲ့နှလုံးသားလေးသာထိုသူအားမချစ်ခဲ့လျင် ခုလောက်ထိပင်ပန်းရပါမည်လား ပင်ပန်းပါစေသူဖြစ်နေသ၍ချစ်မိနေဦးမယ့်သူရဲ့အသိစိတ်နဲ့မသိစိတ်တို့ဟာလဲ ထိုသူကလွဲချစ်ရမည်မဟုတ် အချိန်တော်ကြာနေပြီ၍ ပြန်ရန်မတ်တပ်ထရပ်လိုက်တယ် နောက်ပြီပင်လယ်ကြီးကိုသူနှုတ်ဆက်လိုက်တယ် ငါတို့ထပ်တွေ့ဖို့မသေချာနိုင်တော့တဲ့အကြောင်းပေါ့။

အပြန်လမ်းတစ်လျှောက်နီးကပ်နေတဲ့ခြေသံတို့ဟာ သူ့အတွက်ဟွန်းနီးစီစဉ်ထားတဲ့လုံခြုံရေးတချို့ခြေသံမှန်းလှည့်ကြည့်စရာမလိုအောင်သိနေပြီသာအရာတွေ မီနှစ်(၃၀)နီးပါးလျှောက်အပြီး၌ Mini market လေးတစ်ခုအနားရောက်လာခဲ့ပြီး ဆိုင်ထဲဝင်လိုက် ကာ  စီကရက်အချို့နဲ့ အသင့်စားခေါက်ဆွဲဗူးအားမှာလိုက်တယ် သူ့နောက်ကလိုက်နေတဲ့သူတွေလဲအတော်အေးနေပုံရသည် လက်ရှည်အင်ကျီအထပ်ထပ်နဲ့ကြည့်ရတာနည်းနည်းတော့ရယ်ချင်စရာကောင်းပေ့မယ် သူ မရယ်ပါ ခေါက်ဆွဲဗူးထဲရေနွေးပါတစ်ခါထဲထည့်၍ ဆိုင်အပြင်ခုံတန်း၌ ခဏ ချ၍ အမြဲစက်ပိတ်ထားတဲ့သူ့ဖုန်းအား စက်ဖွင့်ကြည့်လိုက်တယ်။

တဒီးး ဒီး ကျလာတဲ့ အော်ပရေတာနဲ့မတ်ဆေ့ပေါင်းများစွာနဲ့ ဟွန်းနီးလို့မှတ်ထားတဲ့နံပါတ်လေးမှာမတ်ဆေ့အချို့ သူဝင်ကြည့်လိုက်တော့ လွန်ခဲ့တဲ့သုံးရက်ကပို့ထားတာနောက်ဆုံး အထွေအထူးလုပ်မနေပဲ အင်တာနက်ဖွင့်၍ သူ့ရဲ့ Mailbox ကိုတစ်ချက်စစ်လိုက်တယ် ထုံစံအတိုင်းထိုသူတစ်ဦးထဲကပဲ ပို့ထားတဲ့စာကလွဲဘာမှမရှိ စာတွေကလဲသူအထူးတလယ်ဖွင့်ဖောက်ကြည့်မှာမဟုတ် အဘယ်ကြောင့်ဆိုသော် သူကြားချင်သိချင်တဲ့အရာမပါပဲ မလိုအပ်တဲ့ဂရုစိုက်မှုတွေသာဖြစ်နေလိမ့်မည်။

" Cayden ..."

"ခင်ဗျား....ကျုပ်နောက်ကိုသေတဲ့အထိများလိုက်နေမလို့ "

Cayden (?????)[ Complete]Where stories live. Discover now