抖阴社区

????? (??)

10.4K 148 2
                                        

မြူခိုးတွေဆိုင်းနေတဲ့ နေရာတစ်ခုမှာ မာန်ရပ်နေခဲ့တယ်၊ မြူတွေများရှင်းသွားမလားဆိုပြီး ခဏရပ်ကာ မျက်လုံးတွေကို ပိတ်ထားလိုကတယ်
ရုတ်တရက်ဆိုသလိုပဲ ချိုမြိန်တဲ့ လာဗင်ဒါပန်းအနံ့လေးက မာန့်ရဲ့ နှလုံးသားတစ်စုံကို လှုပ်ခတ်သွ‌ားစေသလိုပါပဲ။ တဖြည်းဖြည်းနဲ့ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းနေတဲ့ အရင်းနှီးဆုံးနေရာကို တွေ့လိုက်ရတယ်။

"မောင် အဲ့မှာဘာရပ်လုပ်နေတာလဲ"

အင်ဒိုနီးရှားပါတိတ် အပြာလေးနဲ့ မိုးဟာ စားပွဲပေါ်ကို လာဗင်ဒါပန်းတွေထိုးထားတဲ့ ပန်းအိုးကိုတင်ရင်းဆိုလိုက်တယ်။

မာန့်ခဗျာ အံ့ဩလွန်းလို့ ဘယ်လိုဘယ်ပုံတုံ့ပြန်ရမလဲဆိုတာတောင် မသိတော့ဘူး။ မိုးကို ဒီလိုပုံသံမျိုးနဲ့ တစ်ခါမှ အိပ်မက်မက်ဘူးခဲ့ဘူး ...

"ကဲလာပါဆို"

မိုးရဲ့ အနွေးဓာတ်လေးက လက်ဖဝါးပေါ် ထိကပ်လာမှ မာန်ဟာ အစစ်အမှန်ကို ခံစားမိလိုက်သလိုပါပဲ

"မောင် လာဗင်ဒါပန်းတွေ အတွက် ကျေးဇူးနော်။ မောင်သာ မိုးကို ဘယ်တော့မှ စိတ်မပျက်စေဘူးသိရဲ့လား"

ပြောရင်း ‌သူ့ရဲ့ ရင်ခွင်ထဲကို တိုးဝင်လာတဲ့ ဇနီးအသက်လေးကို ပြန်လည် ထွေးပွေ့ဖို့ မာန် မေ့နေခဲ့တယ်ဆိုရင် မာန်နောင်တရမိမလား...

"မောင် မောင်မှတ်မိသေးလားဟင် သမီးလေးမွေးတုန်းက မိုးက လာဗင်ဒါဆိုတဲ့ နာမည်ကို အရမ်းပေးချင်ခဲ့တာ၊ ဒါပေမယ့် ကိုက ကို့ရဲ့ ရင်သွေးဦးလေးကို ဗမာနာမည် စစ်စစ်ပဲ ပေးရမယ်ဆိုလို့ မိုးမပေးခဲ့ရဘူးလေ "

အတိတ်အကြောင်းတွေကို မိုးဘာလို့ ပြန်ပြောနေမှန်း မသိပေမဲ့ မာန်ကတော့ ဒီလိုအချိန်လေးတွေကို ထာဝရတည်တံ့နေရင်ကောင်းမှာပဲ ဆိုတဲ့ အတွေးလေးကိုသာ တွေးနိုင်တော့တယ် ...

"သမီးလေး တစ်နှစ်သမီးလောက်လဲရောက်ရော မောင်က သမီးလေးက မောင်နဲ့မတူလို့ဆိုပြီးမိုးကို စိတ်ကောက်ခဲ့သေးတယ်လေ၊ ဟီးဟီး အဲ့တုန်းက မောင်က လုံးဝကို ကလေးလားကျလို့ သိလား"

??????????????Where stories live. Discover now