December/5/Thursday
ကိုးရီးယားမှာ အေးနေပြီး အပေအတေလေးရောအေးနေမလား ကမ္ဘာအရှေ့ခြမ်းမှာညဆိုတော့ သေချာတာ Cayden ဆီမှာ နေ့ပေါ့ အဲ့သည့်အပေအတေလေးအားသူလွမ်းလွန်လို့ဘယ်လိုလုပ်ရပါမလဲ သွားလို့လဲမရ သူသွားခဲ့ရင်အပေအတေလေးရဲ့အသက်ဟာအာမခံချက်မရှိ သူများတွေလိုလွမ်းပါတယ်ဆိုပြီးလဲဖုန်းဆက်မရ သူ့အတွက်လဲသိပ်ကိုခက်ခဲလှပေ၏။
*ဂျုံဆောင်း... Cayden ဘာလုပ်နေလဲ *
*မသိပါဘူးဘောစ့်...ဝရံတာကိုထွက်မလာတာ3ရက်ရှိပါပြီ....အခန်းရဲ့မှန်ပြတင်းကိုလဲလိုက်ကာနဲ့ကာထားပါတယ် *
*အပြင်မထွက်တာ ဘယ်နှရက်ရှိပြီးလဲ *
*10ရက်ကျော်ပါပြီး...ဘောစ့်*
*စားစရာရောအလုံအလောက်ထည့်ပေးထားလား....တစ်ခုခုများဖြစ်နေလား *
* ငြိမ်နေတာပါဘောစ့်....လွန်ခဲ့တဲ့ငါးရက်က ကျနော်သူ့အခန်းထဲသွားခဲ့ပါတယ်...တစ်ခုခုစားဖို့သတိပေးတော့ ခေါင်းငြိမ့်ပြပါတယ် *
* အခုသူ့အခန်းထဲသွားကြည့်လိုက်ဂျုံဆောင်း...အခြေအနေမဟန်ရင်ချက်ချင်းဖုန်းဆက်ငါလာခဲ့မယ် *
*ဟုတ်ကဲ့...ဘောစ့်*
အခန်းတံခါးဖွင့်သံအဆုံး မတူညီတဲ့ခြေသံတွေအား မကြားဟန်ပြု၍ မွေ့ရာထက်၌ မလှုပ်မယှက်နေသူအား ဂျုံဆောင်း တစ်ချက်သာကြည့်၍ သက်ပျင်းတို့သာချရင် အခန်းတွင်းရှုပ်ထားသမျှပစ္စည်းတို့အား အမြန်ရှင်းရန် အမူအယာနဲ့တခြားသူတွေအားပြ၍ Cayden အနီးသွား ကာ လက်ကိုယူ၍ စမ်းကြည့်တော့ သွေးခုန်နေစဲ ကိုယ့်ငွေ့ရှိနေဆဲပင် ။
" ဘာစားချင်လဲ...ချက်ပေးမယ် "
"အခန်းထဲကထွက်သွား "
"Cayden....စိတ်ကိုလျော့လိုက်တော့နော် ငါတို့တွေအချစ်ဆိုတာဘဝအတွက်လိုအပ်တယ်ဆိုပေမယ့် မရှိမဖြစ်မှမဟုတ်တာ ...မင်းကိုယ့်မင်းလဲပြန်ကြည့်ပါဦးပါကွာ ရစရာကိုမရှိတော့ဘူး ဆောနူရ ငါမင်းကိုအခေကြးေငွယူပြီး စောင့်ရှောက်ခဲ့သူတောင် ခုလောက်ယူကြုံးမရနေရင် မင်းမိဘသာဆိုရင်ရော "
"မရှိတော့ဘူးလေ...."
"ထ ..မင်းနဲ့ငါစကားပြောမယ် "

YOU ARE READING
Cayden (?????)[ Complete]
Fanfiction??????????? ??????????????????????????? ???????????????????????? ??? ????????????????????