抖阴社区

ep(11)

25.1K 622 62
                                        

*** MY POSSESSIVE BAD HUBBY ***

ep (11)

ဂါဝန်ကြီး မပြီး အနားကို အလျှင်စလို ရောက်လာတဲ့ အမဖြစ်သူကို ရဲရင့် မျက်လုံးတွေ မှေးစင်းပြီး ကြည့်လိုက်သည် ။ စီးထားတဲ့ ဖိနပ်ကိုမှ အားမနာ ပြာယာခတ်နေတာ ပြုတ်ကျရင် သွားထွက်မှာ မြင်ယောင်သေးတယ် ။

" ရဲရင့် "

ခေါ်တဲ့အသံကပါ မသိရင် မိုင် 20 ကနေ ပြေးလာရသလို မောဟိုက်နေလျှက် ။ ရဲရင့်ခေါင်းခါလျှက်ပင် အနားရောက်မှ ခလုတ်တိုက်နေတဲ့ အမဖြစ်သူကို လက်မောင်းကနေ ထိန်းကိုင်ပေးလိုက်သည် ။

" ဦးဘုန်းနိုင်သမီးလို့ မပြောရဘူး အမြဲတမ်းပြာယာခတ်နေတာ ဟုတ်တာလည်း မဟုတ်ဘူး "

သူပြောတော့ မျက်စောင်းထိုးပြီး ရဲရင့်လက်မောင်းကို တချက်လှမ်းရိုက်သည် ။ ကြည့် ပြောရင်လည်း မကြိုက်ဘူး ပြီးရင်လည်း သူမဟုတ်တဲ့ အတိုင်းဘဲ

" ငါ နင်နဲ့ ရန်မဖြစ်နိုင်သေးဘူး ရဲရင့် ၊ ငါ့ကို အကူညီ တစ်ခု ပေးပါအုံး "

" ဦးဘုန်းနိုင်သမီး ဘာပြသနာ ရှာထားပြန်ပြီလဲ "

" ရဲရင့် နင်နော် ... ကျစ် လောလောဆယ် ခြံပြင်ထွက်သွားတဲ့ ဟိုကျောင်းဆရာနောက် လိုက်သွားပေးအုံး "

ကျောင်းဆရာဆိုကတည်းက နွေရိပ်ရောင်ခြည်ဆိုသော တယောက်ကို ပြောတာ သိနေ၍ ရဲရင့် မျက်မှောင်ကျုံ့ပြီး ခုန ထိူအမျိုးသားလေးကို မြင်လိုက်တဲ့ ဝိုင်းကို လှမ်းကြည့်မိတော့ နွေရိပ်ရောင်ခြည် ရှိမနေတော့ပေ ။ အချိုးမပြေတဲ့ Brother နဲ့ လာတာမို့ သူ့ကိုပါ မြင်လျှက်နဲ့ မနှုတ်ဆက်မိ ။ သူ့အကိုဆိုတဲ့ တယောက်ကတော့ ထိုဝိုင်းမှာပင် အကောင်ကြီးကြီးတချိူ့နဲ့ စကားပြောနေသည် ။

" ကိုယ့်ကို အမှန်တိုင်းပြော ၊ မမ သူ့ကို ဘာလုပ်လိုက်တာလဲ "

မယုံသင်္ကာမေးလာတဲ့ ရဲရင်မျက်လုံးတွေကြောင့် သူမစိတ်တွေ ခဏတော့ မငြိမ်မသက်ဖြစ်သွား၏ ။

" ငါ ... ငါသူ့ကို လုပ်တာ မဟုတ်ပါဘူး "

" ကျစ် သူ့ကို လုပ်တာမဟုတ်ဘူးဆိုတော့ ဟိုဘဲ လုပ်တာပေါ့ ... မမဗျာ မိန်းကလေး ဖြစ်ပြီး နည်းနည်းလောက် ရှက်တတ်စမ်းပါ "

?? ?????????? ??? ????? Where stories live. Discover now