抖阴社区

??????? ??

1.4K 145 4
                                        

ညက မူးအောင်တော်တော်လေးသောက်ပြီး အခုတော့ခေါင်းတွေ မူးပြီး အသည်းအသန်ရေထသောက်တုန်း ချော်လဲတာ လက်နာသွားတယ်...
မနက်စောစောစီးစီး နမိတ်မကောင်းတာ မကောင်းတဲ့ဟာတွေတော့ ဖြစ်လာတော့မှာပဲ..တွေးရင် ရေဗူးတစ်ဝက်ကိုမော့သောက်လိုက်တယ်။

ဖုန်းသံကြားလို့ ဖုန်းကိုအသည်းအသန်လိုက်ရှာပြီး အချိန်ကြည့်လိုက်တော့ မနက်၉တောင်ဖြစ်နေပြီ..

"ဟယ်လို Forth"
"နိုးပြီးလား မနက်စာ တူတူသွားစားမလား"
"အင်း လာခေါ်လိုက် အခုမှနိုးတာ" ဆိုတော့ "ဟုတ်ပြီ" ဆိုပြီး ဖုန်းချသွားလေရဲ့..

ညကတော်တော် မူးပြီး အခန်းကိုတောင်ဘယ်လိုပြန်ရောက်လာလဲ သေချာမမှတ်မိပြီး။ ရေချိုးဖို့အခန်းထဲဝင်သွားပြီး မှန်ထဲကို ကြည့်လိုက်တော့ လည်ပင်းတစ်ခြမ်းမှာ အနီရောင်အကွက်တွေ ဘာလဲ အလက်ဂျစ်တွေထထားလား..
စောနက သောက်လိုက်တဲ့ ရေမှာ တစ်ခုခုများပါသွားတာလား ဒါမှမဟုတ် အရက်သောက်တာမျာပြီး မတည့်လို့များလား တွေးမရ.. အလက်ဂျစ်ဆိုလည်း ဒီလိုတစ်ဖက်ထဲ ဖြစ်စရာအကြောင်း မရှိပါဘူးတွေးရင်း ရေသာချိုးလိုက်တယ်။ ကိုင်ကြည့်တော့လဲ နာနေတာမျိုးမရှိပါဘူး ဘာများပါလဲ...

ခဏနေတော့ Forth ရောက်လာပြီး "Phuwin မင်းလည်ပင်က မာကင်အရာကြီး ဘယ်ကရောက်လာတာလဲ"

"ဘာတွေပြောနေတာလဲ ဘယ်က မာကင်အရာ ဖြစ်ရမှာလည်း မဖြစ်နိုင်တာ"

"နေအုံး" ဆိုပြီး လည်ပင်ကိုအသည်းအသန်ကိုင်ကြည့်ကာ "ဟုတ်ပါတယ် ဒါမာကင်အရာပါ မင်းကိုဘယ်သူပေးလိုက်တာလဲ"

"ရူးနေလား ဘယ်သူပေးရမှာလဲ" လို့ပြောရင်း ညကအကြောင်းဝေဝေဝါးဝါးပြန်မြင်လာတယ်..

Red flag Where stories live. Discover now