抖阴社区

11

4.8K 297 18
                                        

ကောင်းကင်ဟာ တစ်ညလုံး ကောင်ငယ်လေး၏ အခန်းရှေ့တံခါးကိုမှီရင်း အိပ်ခဲ့တာကြောင့် နိုးလာသည်နှင့် တစ်ကိုယ်လုံးကိုက်ခဲနေရှာသည်။ သူအခန်းထဲဝင်အိပ်လိုက်လျှင် ကောင်ငယ်လေး တစ်ခုခုလိုအပ်လို့ ခေါ်တိုင်း မကြားရမည်စိုးတာကြောင့်ပင် ဖြစ်၏။

" ကိုမိုးထက်...အဲ့နားမှာ တစ်ညလုံး အိပ်တာလား "

" လိုအပ်တာရှိလို့ ခေါ်ရင် အခန်းက မကြားရမှာဆိုးတာနဲ့ အကို ဒီနားအိပ်လိုက်တာ...‌Gunကတော့ ဒီနားအိပ်ဖို့မပြောပါဘူး...အကိုက ကိုယ့်ဘာသာ... "

" ကျွန်တော် ဘာမှမပြောပါဘူးဗျာ...Gunကို မကောင်းလည်း မမြင်ပါဘူး "

" အဲ့လိုမဟုတ်ပါဘူးကွာ "

သက်တန့်ဟာ ပြုံးလိုက်မိသည်။ သေချာ ရှင်းပြနေသူဟာ Gunအား တစ်မျိုးမမြင်စေချင်သည်မှာ အထင်သားဖြစ်နေလေသည်။ သူငယ်ချင်းဖြစ်သူအပေါ် တကယ်ကို ချစ်နိုင်လွန်းသူကိုကြည့်မိတော့ ထိုနေ့က ကိုမိုးထက်ရှိနေသည့်နေရာကို သိပါလျက်နှင့် မသိသလို နေလိုက်မိသည့်အချိန်ကို ပြန်မြင်လာခဲ့သည်။ ထိုးတက်လာသည့် ခေါင်းနှင့်အတူ မျက်လုံးအား စုံမှိတ်လိုက်မိသည်။ သူဘယ်လိုတောင် ယုတ်မာခဲ့မိပါလိမ့်။

" သက်တန့် အဆင်ပြေရဲ့လား...ခေါင်းမူးနေတဲ့ပုံပဲ အကိုဆေးယူပေးမယ် ခန "

" ရတယ် ကိုမိုးထက်! ဟဲ ကျွန်တော် ဒီတိုင်း ညဘက်စောစောမအိပ်မိလို့ "

" ဒါဆို Gunကို ခနကြည့်ပေးပါအုံး...အကို အသံသွင်းဖို့ ရှိသေးလို့...မသွားလို့ကလည်းမဖြစ်ဘူး ဖြစ်နေတော့... "

" အဲ့လောက်ကြီး စိတ်မပူပါနဲ့ဗျာ...ကိုမိုးထက်...ကိုမိုးထက်သိလား အဲ့ကောင် Gun ညက သဝန်တိုနေတယ်ဆိုတာကိုလေ "

" ဟမ်! ကောင်လေးက သဝန်တိုတယ်...!? "

အတော်လေး အံ့ဩသွားပုံရသည့် ကောင်းကင်ဟာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားလေသည်။

" ကိုမိုးထက်...Gunက ခံစားချက်တိုင်းကို မြိုသိပ်တတ်တဲ့အကျင့်လေးရှိတယ်...မနေ့က ပထမဆုံးပဲ...သူသဝန်တိုနေတာ သေချာတယ် "

??? (???????????)Where stories live. Discover now