နေ့လယ်ပိုင်းအလုပ်နားဖို့ပြန်လာတဲ့ဖခင်ကို ရေခပ်တိုက်ပြီး ချွတ်လိုက်တဲ့အပေါ်ဝတ်ကို ချိတ်နဲ့သေချာချိတ်ပေးလိုက်သည်။
" ထမင်းစားတော့မလားအဖေ ဒါမှမဟုတ် ရေအရင်ချိုးမလား"
"ရေအရင်ချိုးလိုက်မယ် ပြီးမှ စားတာပေါ့ ၊ သမီးရော စားပြီးပြီလား"
"ဟုတ် ပြီးပြီအဖေရဲ့ ... ဒီနေ့ ပုစွန်ထုပ်ကိုရှယ်ကြော်ခဲ့တာနော်ဇန်က "
"သမီးကဘာနဲ့စားလဲ "
" အဲ့ဒါနဲ့ပဲစားတာပေါ့အဖေကလည်း ... သွားသွား ရေချိုးတော့ ၊ သမီး ပြင်ထားပေးမယ် "
အဖေ့ကိုပြောပြီး သူမ ထမင်းစားခန်းထဲဝင်သွားလိုက်သည်။ ခဏကြာတော့ ကျယ်သီးတပ်ရင်း ဝင်လာသည်။
"အဖေတစ်ယောက်တည်းစားရတာ ပျင်းတယ်သမီးရာ ... သွား တစ်ပန်းကန်ယူခဲ့ အတူစားမယ် "
" မဆာတော့ဘူး အဖေ့ဘာသာစားပါ "
ပုစွန်ထုပ်ကိုကြည့်တော့ တစ်ကောင်ထီးထီးကြီးရှိနေသည်။ မြင်ရတာ စားချင်စဖွယ်ဖြစ်နေ၏။ ဒါကို ဇန်နဝါ သမီးကိုကျွေးခဲ့မှာမဟုတ်ဘဲ ဟင်းကျန်နဲ့နှစ်ပါးသွားခိုင်းမှာ သိနေတာမို့ အတူစားဖို့ခေါ်လိုက်သည်။ မိခင်ရင်းပေမဲ့ " သူ့ကိုသေအောင်မုန်းတာ " လို့ ပြောဖူးသည်။ ကိုယ်မွေးထားတဲ့သမီးကို ဒီလောက်အောင်မုန်းတဲ့သူ ဇန်နဝါတစ်ယောက်သာရှိမယ်ထင်သည်။
" ဒါဆိုလည်းထိုင်ဦး ၊ ရော့ ဟ "
"မစားဘူးအဖေ "
သူခေါင်းကိုဆွဲဖြုတ်ပြီး အသားဖက်ကိုပေးတာ လက်တားပြီးကလေးကမယူ။ ဟင်းကောင်းဆိုတာ ဘယ်တုန်းကမှ စားရတဲ့ကလေးမဟုတ်။ ဒါနဲ့ပဲစားဆို အဲ့ဒါနဲ့ဝအောင်စားတတ်တဲ့ကလေးပါ။ ဘယ်သောအခါမှ မိခင်ကိုစောဒကမတက်။ ကလေးကလိမ္မာတာသိလေလေ ဇန်နဝါကိုဒေါသထွက်လေလေပါပဲ။ ကိုယ်က အဖေရင်းမဟုတ်တော့ နေရာတကာဝင်ပါလို့မရ။ ဘာပဲကျွေးကျွေး ဘာပဲပေးပေး သူ့အမေကွယ်ရာမှာတောင် မစား မယူတဲ့ကလေးမျိုးလေး။ ဒါတွေကြောင့် ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ပါတော့ သူ့မှာဝမ်းသာခဲ့ရသည်။ သမီး ဘဝလေးကောင်းတော့မှာပဲတွေးနေတုန်း ကျောင်းမထားဘူးလို့ဆိုလာသည်။ သူ ဇန်နဲ့ အတိုက်အခံပြောရပေါင်းလည်းများပြီ။ တစ်ခါမှနားမဝင်။

YOU ARE READING
??????????? ?????????(Complete)
Romance21+?? "??????????????????? ??????????????? ? ??????????????????????????? ?????????????????????????????? ??????? " ??????????????? ??????????? ????????????????? ??? ??? ?????????? ???????????????????????????? ?????????????????????????? ????????????...