''နှောင်း"
အကြင်သူသည် မဟာမြင့်မိုရ်အသက်တမျှချစ်မြတ်နိုးရသည့်
သူ၏အိမ်သူ နွေနှောင်းလိပ်ပြာပင်ဖြစ်လေတော့သည်။
နွေနှောင်းသည် သူမ၏ယဥ်စစမျက်နှာလေးအား
မာန်တင်းကာခါးထက်လက်ထောက်၍ သူမ၏ချစ်ယောက်ျားအား ဆူပြောချင်သည့်နှယ်
စကားဆိုလာတော့သည်။
''သားသားနဲ့မီးမီးကို အဲသလိုယှဥ်ပြိုင်ခိုင်းတာတွေ
နှောင်းမကြိုက်ပါဘူးဆို၊ဘာလဲ မောင်ကနှောင်းစကားကို
အလေးမထားတာလား"
''မဟုတ်ပါဘူး နှောင်းရယ်၊မောင်က ဒီအတိုင်း"
''ဒီအတိုင်းတွေ ဟိုအတိုင်းတွေ နှောင်းဘာမှမသိချင်ဘူး"
ကလေးငယ်နှစ်ယောက်သည် အပြေးလာရန်ကိုပင်
မေ့လျော့ကာဖခင်နှင့်မိခင်အား စူးစမ်းဟန်
မျက်ဝန်းလေးများဖြင့်မော့ကြည့်နေကြလေသည်။
မဟာမြင့်မိုရ်သည် စိတ်ကောက်သွားသောချစ်ဇနီးအား
ချော့မော့ရန်မတ်တပ်ထရပ်လိုက်သည်။ထို့နောက်
တစ်ဖက်လှည့်ထားသော နှောင်း၏ခန္ဓာကိုယ်ငယ်လေးအား အနောက်မှပွေ့ဖက်ကာ နှောင်း၏ပုခုံးသားထက်
ခေါင်းတင်ပြီးနောက် လည်ပင်းသားနုနုလေးအား
ခပ်ဖွဖွအနမ်းပေးလိုက်၏။
''အို...မောင်နော်၊ ကလေးတွေလည်းရှိနေတာကို
ဘယ်လိုဖြစ်နေတာလဲ"
ပုခုံးပေါ်မှ မောင့်ဦးခေါင်းအားတွန်းဖယ်သော်လည်း
သူမသည်ပဲအားမပါ၍လား၊ မောင်ကပင်တွယ်ကပ်နေလေ
သလားမသိ၊၊နည်းနည်းလေးမှဖယ်ခွာမသွားပေ။
''သားနဲ့သမီးက ဘာမှနားမလည်သေးပါဘူး နှောင်းရယ်၊
မောင်တောင်းပန်ပါတယ်နော် မောင့်အချစ်၊
နောက်နောင် သားနဲ့သမီးနဲ့ပတ်သက်ပြီးမောင်ဆင်ခြင်ပါ့မယ်၊
နှောင်းနဲ့မောင့်ကလေးတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ
တွေနဲ့သက်သေတည်ပြီး မောင်ကတိပေးပါတယ်"
''စကားတတ်တိုင်း သူတအားအပြောကောင်း"
မူပိုဟန်လေးဖြင့် နှုတ်ခမ်းလေးစူ၊မျက်စောင်းလေးဝင့်ချီကာ
ပြောမိပြန်တော့ မဟာသည်သူ၏ချစ်ဇနီးအမူအရာအား
အသည်းတယားယားဖြစ်သွားရလေတော့သည်။
ဤသို့ဖြင့် ကြင်စဦးမဟုတ်သောကလေးနှစ်ယောက်ဖခင်နှင့်
မိခင်သည် အနီးနားရှိသူတို့နှစ်ဦးအားစူးစမ်းနေသော
အမြွှာလေးအားမေ့လျော့ကာဖြင့် ကျီစယ်နေမိကြတော့သည်။
Mahar's Butterfly Extra
Start from the beginning
