抖阴社区

15

150 20 1
                                        

ရှားရွှင်းက လက်ဗလာ တွင်းတူးပြီးတော့ ယွီကျူးကို မြှုပ်နှံလိုက်၏။

သင်္ချိုင်းငယ်လေးမှာ လင်းနန်က သူ ယွီကျူးအတွက် တည်ဆောက်ပေးခဲ့သည့် သင်္ချိုင်းထက် များစွာ ပို၍ သေးငယ်သည်။

ရှားရွှင်း၌ ယွီကျူးကို ထည့်သင်္ဂြိုလ်စရာ ဘာမှ မရှိ။ သူ့ခါင်းပေါ်က ကျောက်စိမ်းဆံထုံးကို ချွတ်ယူကာ သင်္ချိုင်းပေါ်၌ တင်ပြီး ယွီကျူးနှင့်အတူ မြှုပ်နှံလိုက်သည်။

သူငိုမိမယ် ထင်ထားခဲ့ပေမဲ့ တကယ်တမ်း မငိုဖြစ်ခဲ့။

သူက ရွှံ့ပေနေသည့် သူလက်နှင့်ထိကြည့်လိုက်သည့်အခါ စိုစွတ်မှုကို ခံစားရပေမဲ့ မျက်ရည်တွေတော့မဟုတ်ချေ။

သူခေါင်းမော့ကြည့်လိုက်သည့်အခါ ပျောက်ကျားပျောက်ကျားရေစက်များ သူ့အရေပြားပေါ် လာကျတာကို ခံစားလိုက်ရသည်။

မိုးရွာနေသည်ပင်။

ရှားရွှင်းက သူ့မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်လိုက်၏။ တတ်နိုင်သမျှ မြန်မြန်ပြန်ဖို့လိုသည်ကို သူသိသည်။

ချီဟွေးနှင့် ကျစ်ကွေးက နိုးနေလောက်ပြီဖြစ်ကာ အနည်းဆုံးတော့ ချီးယန်အိမ်တော်ဆီ ပြန်မရောက်ခင် အမြန်ပြန်ဖို့လိုသည်။
ချီးယန်သာ ပြန်ရောက်လို့ သူမရှိနေတာကိုတွေ့ရင် ချီဟွေးနှင့် ကျစ်ကွေးတို့ ပြန်အပြစ်ပေးခံရလိမ့်မည်။

သို့သော် သူမရွေ့နိုင်ခဲ့။

သူပြန်မသွားချင်။ အခုအချိန်မှာ သူမမြင်ချင်ဆုံးလူသားက ချီးယန်ဖြစ်သည်။

သူက နှလုံးသားဗလာဖြစ်စွာနှင့် မြေကြီးပေါ် ဆက်၍ ဒူးထောက်ထိုင်နေခဲ့သည်။

သူ့အတွက် အရမ်းအရေးကြီးသည့်တစ်စုံတစ်ရာက ပျောက်ဆုံးသွားဟန်။ သူဝမ်းနည်းမှုကို မခံစားရပေမဲ့ ဆုံးရှုံးမှုကိုပဲ ခံစားရသည်။

ရုတ်တရက် သူ့နောက်ကနေလို့ အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းဒီရောက်နေတာကိုး။”

ရှားရွှင်းက လန့်ဖြတ်သွားကာ ကြက်သိန်းထသွား၏။ သူက ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်သည်။

?????????????????? ??????? ??????????? /????????/Where stories live. Discover now