ကျောင်းပိတ်တဲ့နှစ်လမှာ အလုပ်သင်သဘောဝင်ရင်း လစာ နှစ်သိန်းလောက်ရခဲ့သည်။ အကုန်လုံးကို ဇန် သိမ်းသွား၍ ၏ မှာ အပိုသုံးစရာငွေရယ်လို့မရှိ။ ဒါ့ကြောင့် ကျောင်းတက်ဖော်သူငယ်ချင်းတွေကြားမှာ ၏ ဟာ မျက်နှာငယ်ရပါသည်။ သူများသွားသလို သူများစားသလို သူများဝတ်သလို ဘာတစ်ခုမှလိုက်မလုပ်ခဲ့ရပါ။ ကျောင်းတက်ရတာတောင် ကံကောင်းတယ်ထင်ရပါမည်။
" ၏ ကန်တင်းသွားမယ်လေ "
" မလိုက်တော့ဘူးဟာ... ငါဗိုက်မဆာတော့လို့ပါ "
" နင်ကလည်း ခေါ်ရင်တစ်ခါမှမလိုက်ဘူး ၊ နင်ဝယ်မကျွေးရပါဘူး ငါဝယ်ကျွေးမှာပါဟ လာပါ"
ကိုယ်တိုင်က ဝယ်မကျွေးနိုင်ဘဲ သူများဝယ်ကျွေးတာလည်း ၏ မစားချင်ပါ။ ဒါ့ကြောင့် ငြင်းလွှတ်လိုက်ရသည်။ ၏ ရဲ့ အခြေအနေအမှန်ကို အဖေကရိပ်မိသည်။ ဇန်မသိအောင် မုန့်ဖိုးတွေပေးတတ်လွန်းလို့ ယူခဲ့မိပေမဲ့ အကုန် အမေထူးကိုအပ်ထားခဲ့သည်။ ဇန့်ကိုကျော်၍ ဘာမှမလုပ်ရဲပါ။
အန်တီစင်တီ တောင်းဖူးတဲ့အကူအညီက အလုပ်မဖြစ်ခဲ့တာမဟုတ်ဘဲ ချိန်းတဲ့သူ ပျက်ကွက်လို့ရယ်ဆိုပြီး ပြောထားတဲ့ငွေသုံးသိန်းကို ၏ ကို ပေးခဲ့ပါသည်။ လူမှားပြီး အပျိုရည်ပျက်ခဲ့ရတာကိုတော့ မပြောဘဲ ထိန်ချန်ထားလိုက်သည်။ ဒီကိစ္စ ဇန့်နားထဲပေါက်ကြားလို့မဖြစ်ဘူးမို့လား....
ထိုငွေနဲ့ စက္ကန်းဘီးတစ်စီးတော့ အဖေ့ကိုဝယ်ပေးနိုင်ခဲ့သည်။ ဒါကလည်း အမေထူးကတဆင့်ပါပဲ ။ ဖောင်ဒေးရှင်းကပေးတဲ့အလှူငွေဆိုပြီး အဖေ့အတွက် ဆိုင်ကယ်လေးတစ်စီးဝယ်ပေးလိုက်တာဖြစ်၏။ အခုဆို အဲ့ဒီဆိုင်ကယ်လေးကနေ ရတဲ့ငွေနဲ့ ၏ ကို မုန့်ဖိုးတွေ ပြန်ပေးနေသည်မှာ သုံးသိန်းတောင်ပြည့်ချေတော့မည်။သူမ မှာ ကျောင်းအမြန်ပိတ်ဖို့ပဲ ဆုတောင်းနေရသည်။ ဒီတစ်ခါ အလုပ်ဝင်ရင်တော့ အမေထူးနဲ့အဖေ့ကို ပစ္စည်းကောင်းကောင်းနဲ့ဝယ်ကန်တော့ပစ်လိုက်ဦးမည်။ သူမအတွက် ဒါကသာ ဆန္ဒအရှိဆုံးဖြစ်၏။ ကိုယ့်အတွက်တော့ ဆန္ဒရယ်လို့ တကူးတကမရှိပါချေ။
______________
စာရင်းတွေလုပ်ရင်း လူကဒေါင်ချာဆိုင်းနေသည်။ နှစ်ကုန်ပိ်ုင်းမို့ ညတိုင်းအိုဗာတိုင်လုပ်နေရသည်။ ဒီကြားထဲ ကုန်သဘောင်္စိုက်ရောက်ချိန် နောက်ကျလို့ ချိန်းထားတဲ့အမှာစာတွေလည်း အကုန်ပျက်ကုန်၏။ ထို့ကြောင့် ပြောရဆိုရရက်ချိန်းပြောင်းရနဲ့ နည်းနည်းကတောက်ကဆဖြစ်ရပါသည်။

YOU ARE READING
??????????? ?????????(Complete)
Romance21+?? "??????????????????? ??????????????? ? ??????????????????????????? ?????????????????????????????? ??????? " ??????????????? ??????????? ????????????????? ??? ??? ?????????? ???????????????????????????? ?????????????????????????? ????????????...