抖阴社区

Silver Lining 2 ( U )

19.7K 1.2K 108
                                        

ရှပ် ... ရှပ် ... ရှပ် ...

' လုပ်ပြန်ပြီ ... ဒီဟာလေးကတော့ '

နောက်ကပါလာသည့် ခြေသံကြောင့် စွမ်းရည် ဆက်မသွားဘဲ ရောက်လက်စနေရာမှာတင် သူ့ခြေလှမ်းကို ရပ်တန့်ထားလိုက်သည် ။ မနေ့ညနေက လောင်းထားခဲ့သည့် စလစ်ပြင်အခြေအနေကို ကြည့်ချင်၍ ဝီရိယကောင်းကောင်းနှင့် ဆိုဒ်ထဲ ထလာသည့်သူ့ကို ထိုခြေသံက စောစောစီးစီး အနှောင့်အယှက်ပေးနေသည် ။

အညာရောက်ပါမှ ဟောလိဝုဒ်က မင်းသားတွေလိုမျိုး ပါပါရာဇီတွေ အချိန်ပြည့် နောက်ကလိုက်ကာ ဘယ်အချိန်မှာ ဘယ်နေရာသွားတယ် ၊ ဘယ်သူနဲ့တွေ့တယ်ဆိုပြီး စောင့်ကြည့်ခံနေရသည့်ဘဝ ရောက်မှန်းမသိ‌ ရောက်နေရသည်။ အတွေ့အကြုံအရဆို ဒါ ဘယ်သူ့ခြေသံလဲဆိုတာပင် ‌လှည့်ကြည့်စရာ မလိုတော့ ။

သို့သော် သည်တစ်ခါ ကြားရသည့် ခြေသံက လေးတွဲ့တွဲ့နိုင်နေသည် ။ ဖိနပ်ကို မသယ်ချင့်သယ်ချင်နှင့် သယ်နေရသလို မြေကြီးနှင့် တရစပ်ပွတ်တိုက်လာ၏ ။

ခါတိုင်းဆို စွမ်းရည် သည်လိုမျိုး ရပ်ထားလျှင် နောက်က ခြေလှမ်းကလည်း မယောင်မလည်လုပ်ပြီး လိုက်ရပ်သည် ။ လှည့်ကြည့်လျှင်တော့ ချောင်းတဟန်ဟန့်လုပ်ကာ ခန္ဓကိုယ်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပတ်ပြီး ဟိုကြည့်သည်လွှဲနှင့် ရူးချင်ယောင်ဆောင်တတ်၏ ။

အခုတော့ သူ ရပ်နေတာတောင် ထိုခြေသံက မရပ် ။ ဆက်တိုက် လျှောက်လာသည်မှာ သူ့နောက်ကျောကိုပင် ဝင်တိုက်သွားတော့မည့်အလား ။ ကိုယ်ကို  ဘေးရို့ပြီး မသိမသာ‌ စောင်းငဲ့ကြည့်တော့ မျက်ဝန်းထောင့်စွန်းကနေ မြင်ရသည့်ပုံရိပ်က သူ တွက်ဆထားသည်နှင့် တထပ်တည်း။

" ဖိုးစလုံး "

အနက်နှင့်အပြာစင်းကြား ပခုက္ကူထည်ဝမ်းဆက်က တစ်နေရာရာမှာ လုံးသိပ်ထည့်ထားခံရသလို တွန့်ကြေနေသည် ။ အမြဲလိုလို စည်းရိုးကြက်တောင် ထောင်ထားလေ့ရှိသည့် ဆံပင်စုစည်းက အခုတော့ ငှက်သိုက်တစ်ခု ခေါင်းပေါ်တင်ထားသလို ရှုပ်ပွလျက်ရှိ၏ ။ ဘယ်တော့မဆို လောက်ရှင်လေးလို လက်လက်ထနေသည့်ပုံစံလည်း ပျောက်နေပြီး ခေါင်းငိုက်စိုက်နှင့် အသိစိတ်လွတ်နေသူလိုမျိုး ဖိုးစလုံးပုံစံက ဖရိုဖရဲနိုင်နေတော့သည် ။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now