抖阴社区

Silver Lining 5 ( U+Z )

15.8K 1K 47
                                        

" ဖိုးစလုံး ... ကိုယ့်ကို ကျောက်ကြီးတောင် လိုက်ပို့ "

ဖိုးစလုံး အမေ့ကို ဈေးဆိုင်ကူသိမ်းပေးနေတုန်း  ရင်းနှီးနေပြီဖြစ်သည့် အသံတစ်ခုက ကျောဘက်ကနေ ဝင်လာသည် ။ လှည့်ကြည့်တော့ ချည်ဂျင်းဒဲ့ပွအဖြူနှင့် အဝါနုနုရှပ်လက်ရှည်ပေါ်  သိုးချည်ဝတ်စကုပ်တစ်ထည် ထပ်ဝတ်ထားသူကို ပုစွန်ဆီရောင်ကောင်းကင်နောက်ခံနှင့် တွေ့လိုက်ရ၏ ။

အအေးဝင်လာပြီဖြစ်သည့် အညာဆောင်းအစရက်တွေပေါ့ ။

အညာမှာက ဆောင်းဦးရယ်လို့ သိပ်မရှိ ။ မိုးကုန်ပြီဆိုတာနှင့် ဆောင်းဟာ တစ်ခါတည်းတန်းပြီး ရောက်လာတတ်သည် ။ အေးပြန်တော့လည်း နွေမှာ သေအောင်ပူခဲ့တာ သူမဟုတ်သည့်အတိုင်း အရိုးကွဲလုအောင်အေး၏ ။ မနက်ခင်း ကျောင်းသွားချိန်ဆို ဆိုင်ကယ်ပေါ်မှာ မေးခိုက်ခိုက်တုန်အောင်ပင် ချမ်းသည် ။

ဘာလိုလိုနှင့် ဖိုးစလုံးပင် စီးပွားရေးတက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီ ။

" ကျောက်ကြီးတောင် ဘာလုပ်တုန်း "

" ဘွားဘွားက ပြန်ခါနီး ဘုရားတစ်ဆူ လှူခဲ့ခိုင်းလို့ "

ဟုတ်သား ။ ကိုစွမ်းရည်မြင့်မြတ်တို့တောင် ရန်ကုန်ပြန်ကြရတော့မှာပဲ ။ ဧည့်သည်ဆိုတော့လည်း အချိန်တန်လျှင် အိမ်ပြန်ကြရတာ မဆန်းဘူးပေါ့ ။

ရောက်လာခါစတုန်းက သိပ်ကြည့်မရပေမဲ့ ကြာလာတော့လည်း ဒီအစ်ကိုကြီးကို ခင်ရသားပဲ ။ အပေါ်ယံကြည့်တော့ ပေါ့ပေါ့ပါးပါးပုံစံနှင့်ပေမဲ့ စိတ်ထဲမှာကျ အသားမာတက်နေသည့် ဒဏ်ရာတွေနှင့် အစ်ကိုကြီးလေ။ 

" ညနေကြီးကျမှ ။ မိုးတောင်ချုပ်တော့မဲ့ဟာကို မနက်မှ သွားပါလား "

" နီးနီးလေးပဲကို ဘာမှမဖြစ်ပါဘူး "

" ဟုတ်သားပဲ ။ အဲဒါတွေ ထားခဲ့ ။ လိုက်ပို့ပေးလိုက် သွား "

အမေကပါ တိုက်တွန်းလာတော့ ဖိုးစလုံးလည်း သိမ်းလက်စ ပန်းကန်တွေချပြီး ထလာခဲ့ရသည် ။ ကိုစွမ်းရည်မြင့်မြတ်က ကားယူမလာ ။ သူ့ဆိုင်ကယ်နှင့်ပဲ သွားရမည်။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now