2020 ၊ December
" Merry Christmas အစ်ကို "
" Merry Christmas! "
ဘဝထဲက သည်စာမျက်နှာတွေကိုတော့ 'သေချာစီသိမ်းထားရဦးမည့် အမှတ်တရကောင်းလေးများ ' ဟု လင်းထွဋ် ခေါင်းစဉ်တပ်ချင်သည် ။ ပထမဆုံးအကြိမ် ချစ်ရသူနှင့် အတူတူ ရှိခွင့်ရသည့် ခရစ်စမတ်။
နောက်ပြီး နေကို လှည့်ပတ်နေသည့် ကမ္ဘာကြီး၏ တစ်ပတ်ပြည့်ခရီးကို ပထမဆုံး နှစ်ယောက်အတူ မြင်တွေ့ရမည့် အခွင့်အရေး ။
အခုဆို သူတို့ရေစက်ဟာ နွေရာသီမှာပဲ မဟုတ်တော့ ။ ကောင်းကင်ပေါ်က ကျဆင်းလာသည့် မိုးရေစက်တွေကိုလည်း လက်ဖဝါးချင်းထပ်ပြီး ခံယူခဲ့ဖူးပြီ။ နောက်ပြီး လေပြင်းတွေ တိုက်တတ်သည့် ဆောင်းဦးရာသီမှာ နှစ်ဦးသား လက်ချင်းယှက်ပြီး ရင်ချင်းအပ်ကာ ပန်းရနံ့တွေကို ခွဲခြားကြည့်ဖူးခဲ့ပြီ ။ အခုတစ်ဖန် တစ်ယောက်ကိုယ်ငွေ့နှင့် တစ်ယောက်ထွေးထားရမည့် စိမ့်နေအောင် အေးသည့် ဆောင်းရာသီ ။
အချိန်ပြည့် မဟုတ်ခဲ့ပေမဲ့ ရာသီတိုင်းတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ဖူးပြီပဲ ။ ရာသီတိုင်းလိုလိုမှာ အမှတ်တရတွေ ချန်ထားနိုင်ခဲ့ပြီပဲ ။
သည်တစ်ခေါက် ဟျူစတန်လာရတာတော့ လင်းထွဋ်အတွက် အပျော်ဆုံးဟုပင် ပြောလို့ရပါသည်။ ခရစ်စမတ်ကစပြီး နှစ်သစ်ကူးအထိ အားလပ်ရက်အပြည့်ရသူ၏ အချိန်တွေကို သူ တစ်ယောက်တည်း မောင်ပိုင်စီးခွင့်ရသည် ။
ခရစ်စမတ်နေ့ကိုတော့ Davidအိမ်မှာ ကုန်ဆုံးဖြစ်ကြသည်။ River Oaksရပ်ကွက်က အိမ်တိုင်းလိုလို ခရစ်စမတ်အငွေ့အသက်တွေ လွှမ်းခြုံနေပုံကဖြင့် ပုံပြင်တွေထဲက မြို့လေးထဲ ရောက်သွားသလိုပင် ခံစားရ၏ ။
ဝက်သစ်ချပင်တွေနှင့် ထင်းရှူးပင်တွေမှာ ရွှေရောင်ခေါင်းလောင်းငယ်လေးတွေ ၊ စိမ်းတစ်လှည့်နီတစ်လှည့် မီးပန်းကုံးတွေ ၊ နောက်ပြီး ဖဲကြိုးအနီရောင်လေးတွေရယ်နှင့် အလှဆင်ထားကြသည် ။ ဖရုံသီးပိုင်နံ့လေးများဆိုလည်း လမ်းပေါ်ကနေပါ မွှေးနေသည်အထိပင် ။ မြင်းခွာသံ တခွက်ခွက်နှင့် ရထားလုံးလေးတွေစီးပြီး ဘုရားကျောင်းသွားကြသူတွေလည်း ရှိ၏ ။
YOU ARE READING
Love Beyond The Milky Way - ???????? { Completed }
Romance??????????? × ?????????? ????????????????? ????????? ????????? ????????????????? ?????????????? ?????????? ????????? ??????????????? ....
