抖阴社区

part 5

726 83 7
                                        


"........"

" နိုးပြီလား.....ချိုးချိုး.."

"....အားရှင်း~........"

"..ထ ရေသွားချိုးချည်...ကျွန်တော် မနက်စာ ပြင်ထားလိုက်မယ်...."

" ......."

မနက်ခင်းရဲ့ အလင်းရောင် နဲ့အတူ မြတ်နိုးရဲ့တဲ့ ဆောင်းဉီးလေးရဲ့ မျက်ဝန်းအစုံ က ပွင့်လာခဲ့သည်။ ခုချိန်ထိ သူ့ကို ဝမ်းနည်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသေးတဲ့ ဆောင်းဉီးလေးကို
ပြုံးပြကာ ‌နှဖူးစပ်က ဆံပင်လေးကို သပ်ပေးပြီး
ရေအရင် ချိုးစေသည်။ သူက တော့ ရေအရင်ချိုးကာ uniform လဲပြီး လှုပ်"ယွ" နဲ့ မကြာခင် နိုးလာတော့မယ့် ဆောင်းဉီးလေး ဘေးမှာ လက်တစ်ဖက်ကို ထောက်ကာ ဘေးတစောင်း ဝင်လှဲ နေခဲ့ပြီး ဆောင်းဉီူလေး ရေချိုးခန်းဝင်သွားပြီးတာနဲ့ အဝတ်စားထုတ်ကာ မနက်စာပြင်ဖို့  ဆင်တော့သည်။

ချိုးတင်းကျယ် ရေချိုးပြီးတော့ ကုတင်ပေါ်က သူတွက် ထုတ်ပေးထားတဲ့ အဝတ်တွေကို ဝတ်ကာ ဆင်းလာခဲ့သည်။ သူဆင်းလာတော့
Uniform နဲ့ ဟင်းချက် နေတဲ့ သူ့ရဲ့ကြယ်ကလေးကို တွေ့လိုက်ရသည်။ သူဘာစကားပြောရမှန်းမသိတာကြောင့် စာပွဲ ခုံမှာ ငြိမ်"လေး ဝင်ထိုင်လိုက်သည်။ မကြာပါဘူး ဟင်းချက်ချင်းအလုပ်ပြီးစီးသွားတဲ့ ကြယ်လေးက သူလုပ်ထားတဲ့ ခေါက်ဆွဲအေး ကို ဆောင်းဉီးလေးရှေ့ ချပေးပြီး

"..ချိုးချိုး.........စားနော် ပြီးရင် အလုပ်ကို ကျွန်တော်နဲ့ လိုက်ခဲ့...."

" အာ့ရှင်းး~............ဟို ကိုယ့်ကို မမုန်းဘူးလားဟင်....."

" ...နောက်တစ်ခါ ထပ်မေးရင် ကျွန်တော် စိတ်ဆိုးမိမယ်ထင်တယ်.......ကျွန်တော်က ချိုးချိုးကို မုန်းဖို့ ...စိတ်ကူးနဲ့တောင် ဘယ်တုန်ူးကမှ မတွေးခဲ့ဖူးဘူး......အက်တာကြောင့်...ချိုးချိုးက
စိတ်မကောင်းမဖြစ်နဲ့နော်......"

ခေါက်ဆွဲပန်းကန်ကို ချိုးတင်းကျယ်ရှေ့ ချပေးပြီး မျက်နှချင်းဆိုင်ခုံမှာ ဟွားရုံက ဝင်ထိုင်လိုက်သည်။ အစားကို ကောင်း"မစားဘဲ မေးလာတဲ့ ချိုးတင်းကျယ်ကို ဟွားရုံက လက်ကလေးပိုက်ကာ ပြောသည်။ ကျွန်တော်က ကိုကို့ ကို မုန်းနိုင်မတဲ့လား ကိုကိုရယ်။ မဖြစ်နိုင်တာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ။

This is Love (xingqiu)Where stories live. Discover now