抖阴社区

5: 2 Years Later ( Z + U )

Start from the beginning
                                    

" ဘယ် တက္ကသိုလ် တက်မှာလဲ စဉ်းစားပြီးပြီလား? "

" Online Courses တွေ တက်ရသရွေ့တော့ တက္ကသိုလ်မတက်ချင်သေးဘူး "
AKA အဆောက်အအုံရဲ့ Owner Floor ဖြစ်တဲ့ အထပ်၁၀၀ မြောက်ကနေ ရပ်သပ်ရှုမောဖွယ်မြင်ကွင်းကို လှမ်းကြည့်ရင်းပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။

" လူ့အဖွဲ့အစည်းတွေကနေ စည်းခြားပြီး သီးသန့်ကမ္ဘာတည်ဆောက်နေတာတော့ သိပ်မကောင်းဘူးနော် "
ဖိုင်တွဲတွေ လှန်ရင်းနဲ့ အေးဆေးတည်ငြိမ်စွာပဲ သူက ပြန်ပြောတယ်။
" ဘာသာစကားတွေ အများကြီးသင်ပြီး အသုံးမချရင်လည်း နှမြောစရာပဲ "

ကျွန်မကတော့ ပြတင်းပေါက်အပြင်က မြို့အလှကိုသာ ငြိမ်သက်စွာပဲ ဆက်ကြည့်နေလိုက်တယ်။

" Yale ကတော့ ကောင်းတယ်လို့ ပြောရမယ်။ သူတို့ရဲ့ ဘာသာဗေဒဋ္ဌာနက လက်ခံနိုင်ဖွယ်ပါပဲ "

Yale တက္ကသိုလ်ကတော့ ဘာသာစကားနဲ့ ဘာသာဗေဒမှာ ထိပ်တန်းတက္ကသိုလ်ပါပဲ။ ကျွန်မ တက်သင့်မတက်သင့် စဉ်းစားနေပေမယ့် တရားဝင်အကြောင်းမပြန်ရသေးပါဘူး။

" သူတို့မှာ Online Courses မှ မရှိတာ "

ကျွန်မအခုမှ ၁၆ နှစ်သာရှိပါသေးတယ်။ ၁၆ နှစ်နဲ့ တက္ကသိုလ်တက်ရတယ်ဆိုတာ တကယ်တော့ ကိစ္စ" အကြီးကြီး " ပါ။ { Bacon : မြန်မာနိုင်ငံ လာခဲ့ပါ Calla လေးရေ!♪( 'θ`)ノ } အကယ်၍များ Ivy League School ကိုသာ ကျွန်မတက်ခဲ့ရင်တော့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ တစ်ပြုံကြီး ရပါလိမ့်မယ်။ ကျွန်မက အခုမှ စီးပွားရေးရော ဘဝရောမှာ တိုးတက်ဖွံ့ဖြိုးစပဲ ရှိပါသေးတယ်။ မီဒီယာတွေဆီကနေ ဗြုန်းစားကြီး အာရုံစိုက်ခံတာဟာ ကျားရှေ့မှောက်ရက်လဲသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်တက်ဖို့ အသက်မပြည့်မချင်း နှိမ့်ချပြီးသာ နေတာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

" အင်း..ဒါက စီစဉ်လို့ရပါတယ် "

နောက်မှာရှိတဲ့ လူအိုကြီးကို သူမမြင်အောင် မျက်စောင်းထိုးလိုက်ပြီးမှ လှည့်ကြည့်လိုက်ပါတယ်။ ဥက္ကဋ္ဌစားပွဲရဲ့ ရှေ့မှာ ရပ်နေတာကတော့ သူ့ရဲ့ ညာလက်ရုံးတစ်ဖြစ်လဲ အတွင်းရေးမှူးဖြစ်တဲ့ Victor Contra ပေါ့.. Victor ကတော့ မူပိုင်ပြီတီတီအပြုံးနဲ့ ကျွန်မကို ကြည့်နေပါတယ်။ ၂နှစ်တာခင်မင်မှုကြောင့် သိလာရတာက Victor ဟာ ခပ်တည်တည် အတွင်းရေးမှူးဆိုတဲ့ မျက်နှာဖုံးနောက်မှာ လူပွေလေးတစ်ယောက်ဆိုတာပါပဲ။ Victor ကို ဂရုစိုက်မနေဘဲ နောက်ကဖန်နံရံကိုသာ မီလိုက်ပါတယ်။

Calla Where stories live. Discover now