သူတို့၏ တစ်ခဏတာ ရင်းနှီးမှုလေး၌ Baekhyun ဘက်က သာယာကြည်ဖြူမှုမရှိခဲ့သည်မှာ မှတ်မှတ်ရရ။ သူနှင့်ပက်သတ်ခဲ့ဖူးသူတိုင်းက သူတို့ဘက်ကစခဲ့သည့်ကများသည်။ နှုတ်ခမ်းကို ပြတ်မတတ် တင်းတင်းကိုက်ကာ မျက်လုံးအစုံကို ဇွတ်မှိတ်ထားသော မျက်နှာနုနုထက် က ချွေးသီးချွေးပေါက်လေးများကို ယခုထိမမေ့နိုင်။ အံကြိတ်တင်းခံရင်း သူလေး၏ ကိုယ်ပိုင်ပစ္စည်းလေးက လွှတ်ထုတ်လိုက်မိသည့်အခါမှ မျက်ရည်စီးကြောင်းတို့က ထင်လာခဲ့သည်။
Baekhyun ကိုသူပက်သတ်ခဲ့ဖူးသည့် အခြားသူများလိုသာ သဘောထားခဲ့သည်။ သည့်ထက်မပိုခဲ့။ Baekhyun သည် သူလိုချင်သည့် သူမျိုးမဟုတ်။ ဖြူဖြူဖျော့ဖျော့ ပိန်ပိန်ပါးပါးနှင့် မျက်နှာတွင်လည်း နှုတ်ခမ်းပါးလေးထက်က မှဲ့လေးကသာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသည်။
သို့ဖြစ်လျှင် ယခုသူ့စိတ်ထဲတွင် ခံစားနေရသလို အချစ်စိတ်မျိုး ဘာကြောင့်ရုတ်တရက် ဖြစ်ပေါ်လာရသနည်း။ တကယ်ဆိုတော့ သူ့စိတ်ထဲတွင် ယခုအခိုက်အတန့်၌ ခံစားနေရသည်မှာ ကြည်နူးစရာ ခံစားမှုမျိုးမဟုတ်။ နာကျင်ရသည့် ခံစားမှုမျိုးသာဖြစ်သည်။
သို့သော်ကိစ္စမရှိ သူကောင်းကောင်းလက်ခံနိုင်ပါသည်။ ထိုစိတ်က သူ့ကိုအရင်ကထက် ပျော်ရွှင်ချမ်းမြေ့စိတ် ဖြစ်လာစေသည်။ Baekhyun ကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ကာ နှစ်သိမ့်ချင်သည်။ မျက်ရည်ပြည့်လျှမ်းနေသည့် Baekhyun ၏ မျက်လုံးလေးများနှင့် တုန်ယင်နေသည့် နှုတ်ခမ်းထောင့်က မှဲ့လေးကို မြတ်မြတ်နိုးနိုးနမ်းချင်သည်။
ယခုအချိန်တွင်တော့ သူသည်အရင်က ပတ်သတ်ခဲ့ဖူးသူများလို ရုပ်ပိုင်းဆိုင်ရာ ဆန္ဒပြေပျောက်ရုံသက်သက်အလိုမရှိတော့။ Baekhyun ကို နှစ်သိမ့်မှုပေးချင်သည်။ ယုယချင်သည်။ ချော့မြှူချင်သည်။ ပွေ့ပွေ့ပိုက်ပိုက်လုပ်ချင်သည်။

YOU ARE READING
Surrender
Fanfiction????????????? ...??????????? ??????????????????????? ????????? ????????????????????????????? ??????????? ??????????????????????????????????... Somerset Maugham??????? The unconqured ?????? ??????????? Inspiration ???????????...???????????????????? ?...
7. Bloom
Start from the beginning