"ဟုတ်...ဟုတ်ကဲ့..."
ရှောင်းကျန့်တစ်ယောက် အထုတ်အပိုးတွေ ဘေးနား အသာချပြီး ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ဆိုဖာပေါ် ထိုင်လိုက်ကာ နဖူးက ချွေးစ အချို့ကို အင်္ကျီလက်နဲ့ အသာအယာ သုတ်လိုက်သည်....ဆိုင်ထဲသို့ တစ်ချက် ဝှေ့ကြည့်လိုက်တော့ တိရစ္ဆာန် ပစ္စည်းအရောင်းဆိုင် တစ်ခုပင် ဖြစ်နေသည်....
'မင်း တကယ် လူတစ်ယောက်ကို ရက်စက်နိုင်တာပဲ ရိပေါ်...ဒေါသလဲ မထိန်းနိုင်ပဲ ပြောရင်ပြောတဲ့အတိုင်း လုပ်ရဲတဲ့ မင်းကို ငါဘာကြောင့် မုန်းလို့မရမှန်း ငါအဖြေမရှာတတ်တော့ဘူး ငါ့အဖေအတွက် ပေးဆပ်ရလို့ပျော်တာထက် မင်းနဲ့နေခွင့်ရတဲ့ အခြေအနေတစ်ခုကိုလဲ ငါကျေနပ်မက်မောမိတယ်ဆိုရင် ငါရူးများ ရူးသွားတာလား ရိပေါ်....´
"ဒေါက်!..."
"အ!..."
ဘေးနားက ယပ်တောင်ရိုးမာမာနဲ့ ရှောင်းကျန့်ရဲ့ လက်ဖမိုးကို လှမ်းရိုက်လိုက်တဲ့ ရိပေါ်....
"ငါ ခေါ်တာတောင် မကြားရအောင် မင်းက ဘာတွေတွေးနေတာလဲ ဟမ်..."
"ဟို...ဟို...ဘာမှမဟုတ်..."
"မောင်လေးရေ....ဒီမှာ မောင်လေး မှာထားတဲ့ပစ္စည်းလေး..."
ဒီတစ်ခါ စကားမဆုံးခင်ရောက်လာတဲ့ ၀န်ထမ်းမမကို ကျွန်တော် ကျေးဇူးတင်ရပေမည် နို့မို့ဆို မလိမ်တတ်လိမ်တတ်နဲ့ ဘာဖြေရမှန်း ကျွန်တော် မစဉ်းစားတတ်.....
"ကျေးဇူး အမ ဘယ်လောက်ကျလဲ...."
"ငွေသားစစ်စစ်နဲ့ရောထားတာမို့ ၈သိန်းကျတယ် မောင်လေး ဒီလက်ရာမျိုး မောင်လေး ဘယ်လိုများ စိတ်ကူးရတာလဲဟင်
တော်တော်လေး စိတ်ကူးကောင်းတယ် ဒါပေမဲ့ ခွေးလေးတစ်ကောင် ကို အာ့လောက် တန်ဖိုးကြီးတာ ဆင်ရသလားကွဲ့....""အဟက်! အာ့ခွေးလေးက တော်တော် အသုံးဝင်ပြီး ကစားလို့ကောင်းလို့ အမရေ....."

YOU ARE READING
???????????????? ????????????????? ?
Fanfiction?????? ?????? ??????????? ???????? Xiao Zhan.... #Wang Yi Bo# ?????????????????????? ??????????? ???????????? ???????? ?????????.... #Xiao Zhan# (For both Zawgyi and Unicode)
Part <8>
Start from the beginning