အဲ .. .. .. ယောက်ျားလေးထဲမှာ .. အချောဆုံးကို ပြစမ်းပါဆိုရင်တော့ .. .. .. .. ..
ဇော်ဇော်ဗိုလ်။
တက္ကသိုလ်ကျောင်းသား ဖြစ်လာတော့ .. ကြီးကောင်ဝင်လာတော့ .. မှုန်နေအောင် ချောထွက်လာ တယ်။ ဝတ်ပုံစားပုံ .. ပြောင်းလာတယ်။ နေပုံထိုင်ပုံ .. ချပ်ရပ်လာတယ်။ အပြောအဆို .. တင့်တယ်လာ တယ်။ ငယ်ငယ်ကတည်းက .. နှစ်လိုဘွယ် ဆိုခဲ့တာချည်း။ ခုတော့ .. ပိုလို့.. ပိုလို့ .. သိမ်မွေ့လာခဲ့တယ်။
တက္ကသိုလ် ဆိုတာ .. အဆင့်မြင့်နည်းပညာရပ်တွေချည်း .. သင်ယူရုံမှ မဟုတ်တာဘဲ။ ပေါင်းတတ်သင်းတတ်တဲ့ပညာ၊ ပြောတတ်ဆိုတတ်တဲ့ပညာ၊ ကိုယ့်ကိုကိုယ် ပြုတတ်ပြင်တတ် စီမံတတ်တဲ့ပညာတွေကို .. အချိန်တိုတိုနဲ့ .. သင်ယူရာ .. ဆည်းပူးရာ .. ဖလှယ်ရာ .. အရပ် ဒေသ မဟုတ်လား။
ဂန့်ဂေါ ပုဆိုး၊ ယော ပုဆိုး၊ ကချင် ပုဆိုး၊ ရခိုင် ပုဆိုး၊ ပလေကပ် ပုဆိုး ဆိုတာတွေဟာ .. အရင်က ဗိုလ်ဗိုလ် ဝတ်နေကျ .. ဘောင်းဘီတို နေရာတွေမှာ .. ထည်လဲ ဝင်ရောက်နေရာယူပြီးနေကြပါပြီ။
၁၀တန်းကျ ကာလတွေမှာ .. တစ်ဦးတည်း ခွဲထွက်နေခဲ့တာ .. ဘာသာအယူဝါဒ မတူကြတဲ့ အဖွဲ့ အစည်း တွေထဲမှာ ထဲထဲဝင်ဝင် ပါခဲ့တာ .. ဆယ်ကျော်သက်ရွယ် အလှသွေးကြွယ်တဲ့အရွယ် ၁၆၊၁၇ နှစ်မှာ .. လိင်တူချင်းစွဲလန်းမိခဲ့ရာက .. ချစ်ဦးသူရဲ့ထားပစ်ခြင်း ခံခဲ့ရတာတွေကြောင့် .. ဗိုလ်ဗိုလ် တစ်ယောက် .. ၁၃ယောက် အင်ပါယာထဲရောက်တော့ .. အေးအေးပဲ နေလိုက်ပါတယ်။
၁၃ယောက်ဆိုတဲ့ အထဲမှာ .. အများစုက ၁၀တန်းကို .. နှစ်ချင်းပေါက်အောင်ပြီး တက္ကသိုလ် ရောက်လာကြတာမို့ .. ဗိုလ်ဗိုလ့် လို .. နှစ်ချို့သိမ်ငယ်စိတ် .. အချစ်ကွဲစိတ် .. အချစ်ရှုံးထားတဲ့ စိတ်တွေက .. ၁၃ယောက် အင်ပါယာထဲမှာ .. ဗိုလ်ဗိုလ့် ကို .. အေးစေရာ အေးစေကြောင်း .. အေးတွန်းတွန်းလို့သာ .. နေစေတော့တာပါ။
“အေးတာလေးကိုမှ စိတ်ဝင်စားတာတဲ့ .. အေးအေးလေးပဲ ကြိုက်တယ်တဲ့ ..
နော်ဇာက”
သူငယ်ချင်းသစ် .. စိမ့်ညိုက ဗိုလ်ဗိုလ့် ကို ပြောလာပါတယ်။

YOU ARE READING
" ????????????? "
Teen Fiction????????? - Min Lwin Myue Hein ????????????????? mlgbts website ????? ????????????????? ??????????????????? ... ???????? - ???????????????? ????????????? mlgbts website ???? ??????????????? ????????????????? ...
??????? ??
Start from the beginning