抖阴社区

?8?

1.2K 204 10
                                        

Unicode

နေ့တစ်ဝက်ခွင့်တိုင်ပြီး ထမင်းစားချိန်ပြီးလောက်မှကျောင်းကိုသွားမိသည် ။
ကျောင်းဝင်းထဲဝင်ပြီးသိပ်မကြာ ဘေးကနေပေါ်လာတဲ့ ‌ဂျယ်ယွန်းကြောင့် အံ့ဩရသေးတယ်။
အတန်းလစ်လာတာလားပဲ ။

ဘေးကနေစကားတွေလိုက်ပြောနေတာသိပေမယ့် စိတ်အခြေအနေကအဆင်ပြေမနေ ။
ဟိုနေ့က ကယောင်ခြောက်ခြားဖြစ်ပြီး ညဘက် အိမ်မက်ဆိုးတွေကလည်းပြန်လာသည်။

ကျောင်းဆောင်ထဲဝင်တော့ ဘေးကခြေသံကရပ်နေရစ်ခဲ့တာ သတိထားမိ‌လို့ အနောက်လှည့်ကြည့်တော့

ဆက်သွားဆိုတာကိုအချက်ပြသလိုနဲ့ လက်ကိုရမ်းပြနေသေးတယ် ။

" ဘာလို့ ဆက်မလိုက်လာတာလည်း "

မေးကြည့်တော့ နှုတ်ခမ်းကိုတစ်ချက်ထော်ကာ
ပြန်စေ့လိုက်သည် ။ ပြီးတော့ မျက်မှောင်ကလည်းကြုံ့လိုက်သေး ။
( a/n: Vlive မှာ အမေးအဖြေစဉ်းစားတုန်းကရုပ်လေးလိုမျိုး )

" အာ ... အတန်းလစ်လာတာလေ ။ ပြန်တက်သွားလို့မိရင်သေမှာပေါ့ ။ နောက်ဆုံးချိန်မှအတန်းထဲပြန်လာခဲ့မယ် "

လေယူလေသိမ်း‌နဲ့ ပြောပြီး သွားဖြီးပြသည် ။

" ဘယ်သွားမှာလည်း "

" ခေါင်မိုးထပ် "

" စောင့်နေ "

စောင့်‌နေပြောလိုက်တော့ မျက်လုံးကျယ်သွားပြီး
စကားတွေ တရစပ်စလာတော့သည်။
အဲ့တာလေးတွေမြင်ရတော့မှ စိတ်ကြည်လာသလိုလို ။

" ကျောင်းပျက်ချင်တိုင်းပျက်ပြီး အတန်းပါလစ်ရင် သေမှာပေါ့ ဆောင်းဟွန်း "

" ရတယ် ။ မင်းနဲ့ရှိနေတာပဲ "

ကိုယ့်ဘာသာတောင်မသေချာပဲထွက်သွားတဲ့စကားက မျက်နှာပူစရာ။ ရှက်စိတ်ဝင်မိလို့ပဲ
နှလုံးခုန်တာမြန်လာတာပဲလား မသိ ။
စိတ်လှုပ်ရှားမှုကြောင့် အမြန် ကျောင်းဆောင်ထဲပြေးဝင်မိသည်။

ကျောချမ်းတယ် အဲ့လိုခံစားချက်မျိုးကပထမဆုံးကြုံဖူးတာပဲ ။

~||~

ပွဲကြည့်စင်ကနေ ကျောင်းခေါင်မိုး
နေရာကူးတာပဲရှိမယ် အတန်းလစ်တာက လစ်တာပါပဲလေ။

STORYTIME [SUNGJAKE ] ?Where stories live. Discover now