Unicode
I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
" အားးး ခွေးစုတ်ကလေးး !! တကယ်နာတယ်ကွ !! အများကြီးပဲ ကိုက်ထားတာ !! "
နိုးနိုးချင်း မှန်ရှေ့သွားကြည့်ကာ Lee Mark ငြီးငြူလိုက်မိသည် ။ အင်းလေ ..သူ့ရင်ဘတ်တစ်ခုလုံးလည်း နီတာရဲပြီး ရစရာမှ မရှိတော့တာ ။
" လွှတ်လို့ ပြောတာပဲ ၊ သူ့ဘာသာ အတင်းဖက်နေပြီးတော့ ..!! "
စောင်ပုံထဲက ခေါင်းစုပ်ထောင်းနဲ့ ထိုကလေး ပြန်ရန်တွေ့သည် ။
" မဖြစ်ဘူး ဒီနေ့ ကာကွယ်ဆေး သွားထိုးမှ ရမယ် !! "
" အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး ကျွန်တော် ဖွဖွလေး ကိုက်တာကို ..!! "
တကယ်ဖွဖွလေး ကိုက်ထားတာပါ သွားရာတွေက အထင်းသား ကျန်နေခဲ့တာလေး တစ်ခုပဲ ။ သူ့ရင်ဘတ်က သွေးခြေဥနေသည့် ကိုက်ရာလေးတွေကိုသာ ထိုကလေးဘက်ကို လှည့်ပြလိုက်သည် ။
" တစ်ခါကိုက်ပြီးရင် တော်ရောပေါ့ ဒီမှာ တစ်ခု ..နှစ်ခု ..သုံးခု ...အားလုံးပေါင်း ၇ ခုလောက်ရှိတယ် !! ခွေးစုတ်ကလေးး မနာဘူးများ ထင်လို့ အဲ့လောက် ကိုက်တာလားး ..ဟမ်.!? "
ညတုန်းက ကျ ကြိတ်ခံနေပြီးတော့ ..။
" အင်းး အင်းးး နောက်မကိုက်တော့ဘူး ဟုတ်ပြီလား ..!? ဒါလေးတောင် ခံနိုင်ရည်မရှိဖြစ်နေတာ တကယ် ချစ်သူတွေ ဖြစ်တဲ့အခါ..ဘယ်လိုလုပ်မလဲ .!? ကျွန်တော်က ဂုတ်တွေကော ..ပခုံးတွေကော ..အကုန် ကိုက် ....ကိုက် ...!!! "
ရုတ်တရက် လွှတ်ခနဲ ထွက်သွားသည် သူ့ပါးစပ်လေးကိုသာ အသာပိတ်ပြီး ခေါင်းငုံ့သွားလေသည် ။
" ဆက်ပြောလေ ...!? "
" မစနဲ့ဗျ ..!! မြန်မြန်လုပ် အိမ်မှာ ကျောင်းဝတ်စုံ ဝင်လဲရမှာ ..!! "
-
" အားး ကျွတ် ..ကျွတ် ..!! "
ကားမောင်းနေရင်း ရင်ဘတ်က ကိုက်ရာလေးတွေက စပ်ဖျင်းဖျင်းနဲ့ နာနေသည်မို့ ဝတ်ထားသည့် ရှပ်အင်္ကျီလေးကို ဆွဲဆွဲဟကာ လေဝင်အောင် လုပ်နေလေသည် ။ အဲ့တာကို ဘေးက ကျောင်းဝတ်စုံနဲ့ ပိစိလေးက လှမ်းလှမ်းကြည့်ပြီး စိတ်မကောင်းး ဖြစ်နေ၏ ။
" ဟို ..ကျွန်တော့်ကို ကျောင်းပို့ပြီးသွားရင် တကယ် ကာကွယ်ဆေး သွားထိုးလိုက်ပါလားး ဦး ..!? "
" ကိုယ်က စတာပါ ..!! အာလူးလေးရဲ့ "
" ဒါပေမယ့် ဦးက တကယ်နာနေတာကို ဆေးခန်းဝင်ပြလိုက်ပါနော် ..!! "
" အင်းး အာလူးလေး စိတ်ချမ်းသာအောင် ဆေးခန်း ဝင်ပြလိုက်ပါ့မယ် ၊ အခုတော့ ဆင်းး ..!! "
" ဟင် ..!? ကျောင်းမရောက်သေးဘူးလေ "
" မုန့်ဝယ်ပေးလိုက်မလို့ !! မစားဘူးလား "
" စားမှာ ..!!! "
ကျောင်းမရောက်ခင် Mini Mart လေးတစ်ခုမှာ ကားရပ်ပြီး ထိုကလေးလေး ကျောပိုးအိတ်အပြည့် ရိက္ခာတွေ ဝယ်ထည့်ပေးခဲ့သေးသည် ။
" ကျောင်းဆင်းရင် ဖုန်းဆက်နော် ၊ ဦး လာကြိုမယ် !! "
၂၄ နာရီ အလုပ်ရှုပ်နေသူက *ဦး လာကြိုမယ်* တဲ့ ။ ဒရိုင်ဘာ လွှတ်မှာတောင် မဟုတ်ဘူး ။
" အင်း ..!! တာ့တာ ..!! "
လက်ပြ နှုတ်ဆက်ပြီးမှ ကျောင်းထဲ မဝင်သေးပဲ Lee Mark ဆီ ပြန်လျှောက်လာလေသည် ။
" ဥုံဖွ ...!! နာနေတာတွေ ချက်ချင်းပျောက် !! "
သူ ကိုက်ထားတဲ့ ဒဏ်ရာလေးတွေရှိသည့် Lee Mark ရင်ခွင်ဆီ ခေါင်းလေးငုံ့ကာ အနမ်းလေးဖွဖွ ပေးလေသည် ။
ထိုအပြုအမူလေးကြောင့် Lee Mark ထိုကလေးကို အသည်းယားသွားပြီး ခေါင်းလုံးလုံးလေးကို ဆွဲဖွလိုက်၏ ။
" ချစ်ဖို့ ကောင်းလိုက်တာ ..!! "
" ခွေးစုတ်ကလေး ကို စိတ်မတိုတော့ဘူးပေါ့..!? "
" စိတ်တိုနေသေးတယ်ဆို အာဘွားပေးပြီး ချော့မလို့လား ..!? "
" ဟင့်အင်း ..လက်သီးနဲ့ ထိုးပြီး ချော့မလားလို့ ..!? "
" ဟဟားးး ဟုတ်ပါပြီ ..!! ဝင်တော့ ..သွား ..!! "
သူ့ ကို နောက်တစ်ကြိမ် လက်ပြကာ ကျောင်းထဲ ပြေးဝင်သွားသည့် ကလေးကို ကျောင်းအဝင်ပေါက်ကနေ လှမ်းကြည့်နေလိုက်သေးသည် ။
တကယ်ချစ်သူတွေ ဖြစ်ရင်တဲ့လား ။
-
" ဝါးးး Lee Donghyuck ..!! ငါတို့အန်ကယ်လေးနဲ့ အခြေနေကောင်းပုံပဲ ..!! "
အတန်းထဲမဝင်ခင် Jaemin က အနားရောက်လာပြီး ကပ်ပြောသည် ။
" ဘာ ..ဘာအခြေနေလဲ ..!? ဟန်ဆောင်နေတာကို "
" ဟန်ဆောင်နေလို့သာပဲ တကယ့်ချစ်သူတွေကျလို့ ၊ ဒါနဲ့ မင်းး ငါတို့အန်ကယ်လေးကို စိတ်မဝင်စားဘူးလား "
Jeno က Hyuckie တစ်ဖက်ခြမ်းစီ သွားလိုက်ကာ ကပ်မေးပြန်သည် ။
" မဝင်စားပါဘူး မင်းတို့အန်ကယ်လေးက စားဘဲကြီး "
Jaemin - " စားဘဲကြီးပေမယ့် ချစ်တက်တဲ့နေရာမှာ ပါရဂူကြီးပါ ..အတွေးမမှားနဲ့နော် "
Hyuck - " အခု မင်းတို့အန်ကယ်လေးနဲ့ ငါ့ကို အောင်သွယ်ပေးဖို့ ကြံနေကြတာလား ၊ ဘာတွေ ထဖောက်နေတာလဲ မင်းတို့ပဲ အစက ကပ်စေးနည်းနေကြပြီးတော့ "
Jeno - " ကပ်စေးနည်းတာတော့ နည်းတာပေါ့ ၊ အရင်ဆို အန်ကယ်လေးက ကောင်မလေးတွေ ထည်လဲတွဲပြီး ဇယားရှုပ်နေတာ ၊ အဲ့ကိစ္စတွေကြောင့်လည်း ခဏခဏ ပြဿနာ တက်ရတယ် ၊ ဒါပေမယ့် သူ မင်းနဲ့တွေ့မှ အသည်းကွဲဖူးတာနော် မယုံမရှိနဲ့ .."
Jaemin - " ဟုတ်တယ် မင်း ပစ်သွားတဲ့ သုံးရက်တုန်းကလေ ၊ အဲ့တုန်းက အန်ကယ်လေး အသည်းကွဲပြီး ရစ်တာကို ပထမဆုံး ခံဖူးတာပဲ ၊ အန်ကယ်လေးက မင်းကို သဘောကျတယ် Donghyuck မင်းလည်း အန်ကယ်လေးကို သဘောကျတယ် မလား ..!? "
Hyuck - " သဘောမကျပါဘူး ၊ မင်းတို့အကွက်ထဲ ငါက ခုန်ဝင်မယ်များ ထင်နေလားး No နော် ..!! "
Jeno - " ငါတို့ တကယ် အလံဖြူ ပြပါပြီ Donghyuck ရာ ..!! ငါတို့ကြောင့်နဲ့တော့ အန်ကယ်လေးကို လက်မခံပဲ မနေပါနဲ့ ..!! သနားပါတယ် ဟိုက တစ်ကိုယ်တည်း လူပျိုကြီး အသက်က ၃၀ ပြည့်နေပြီ ..!! "
လက်ခံရအောင်လည်း သူတို့အန်ကယ်လေးက ဖွင့်ပြောတာဆိုတော့ ။
Hyuck - " တော်ပြီ သွားး ..မင်းတို့ အခန်းကို သွားကြတော့ ...!! "
သူဝင်မည့် အခန်း ၃ ရှေ့ ရောက်နေပြီမို့ Jaemin နဲ့ Jeno ရဲ့ ကျောကို တွန်းကာ မောင်းထုတ်တော့သည် ။
" Hyuck ...!! ဟိုနှစ်ယောက် မင်းကို ဘာတွေ ပြောနေတာလဲ "
" အလကားး ပါ InJun ရာ ..!! ငါ့ကို သူတို့အန်ကယ်လေးနဲ့ အောင်သွယ်နေတာ ၊ ငါက စိတ်မဝင်စား ...."
" လိမ်မနေနဲ့ ..!! မင်းရဲ့ first kiss ကို အဲ့လူကြီးဆီ ဆက်သထားပြီး ငါ့ရှေ့မှာတော့ ဟန်ဆောင်မပြနဲ့ !! မင်းအကြောင်း ငါ ကောင်းကောင်းသိတယ် "
ထုံးစံအတိုင်း အဲ့အကြောင်းကို Jaemin တို့ ပြောပြမှ သိရသည်မို့ InJun မျက်နှာလေး ညှိုးလို့ စူပုပ်နေလေသည် ။ Donghyuck လေးနဲ့ ပတ်သက်လာရင် သူက အုပ်ထိန်းသူကြီးလို လိုက်စောင့်ရှောက်ပေးချင်ခဲ့တာလေ ။
" ငါ တောင်းပန်ပါတယ် Jun ..!! မင်းကို ပြောပြမလို့ပဲ ..ငါ ..."
" မင်း အဲ့လူကြီးကို ချစ်တယ်မို့လား ..!? အာ့ဆို ဒီအခြေနေတိုင်း မနေနဲ့တော့ အဆင့်တက်သင့်နေပြီ ၊ မဟုတ်ရင် မင်းက နစ်နာစရာတွေချည်းပဲ ..!! "
" သူကမှ မဖွင့်ပြောတာ ငါက ..ဘယ်လို ..!! "
" သူက မဖွင့်ပြောရင် မင်းက ဖွင့်ပြောပေါ့ ၊ ဒီဘာလိုလို ညာလိုလို အခြေနေကြီးကို မင်းက ကျေနပ်နေတာလား "
" ငါ့ဘက်က စ ရတာတွေ များနေပြီ "
" ဖွင့်ပြောဖို့ကျ ကြောက်ပြီး first kiss ကြီးကိုက မင်းဘက်က စပေးရဲတယ်နော် ..၊ ဟင်းး ဟင်းးး Lee Donghyuck ..!! တွေးမိလိုက်တိုင်း မင်းကို ပြေးပြေးပြီးသာ ခေါက်ပစ်လိုက်ချင်တယ် "
" စိတ်မဆိုးပါနဲ့တော့ ..!! "
" မဆိုးဘူး ..!! မင်း အသည်းကွဲလာရင်သာ ငါ့ဆီ ရင်လာမဖွင့်နဲ့ ပိတ်ကန်လွှတ်မှာ ..!! "
" ငါတို့ တကယ်တွဲရင် အဆင်ပြေပါ့မလား "
" မင်းပဲ အဲ့လူနဲ့ အနီးကပ်နေနေတာ မင်းပဲ အသိဆုံး ဖြစ်မှာပေါ့ ..!! "
တကယ်တော့ အချစ်ခရီးက စိတ်ကူးယဉ်ထားသလို ပန်းခင်းလမ်းပေါ်က လျှောက်ရတာမျိုး မဟုတ်ဘူးလေ ။ သူတို့နှစ်ယောက်ကြားသာ တတိယလူ ဝင်လာခဲ့ရင် သူက ချက်ချင်း ခေါက်သိမ်းခံရနိုင်တဲ့ အနေထားတစ်ခုမှာ ။
⚛⚛⚛⚛⚛⚛⚛⚛⚛
ကျောင်းဆင်းရင် ဦးလာကြိုမယ် လို့ ပြောထားသည့်အတိုင်း ကျောင်းရှေ့က Lee Mark ရဲ့ ကားအကောင်းစားကြီးကို မြင်တော့ အိမ်ပြန်ကြမည့် လူအုပ်ကြားက Hyuckie ပျော်ရွှင်စွာ တိုးထွက်လာသည် ။ သို့သော် သူ ကောင်းကောင်း မပျော်လိုက်ရပါ ။ Lee Mark က မိန်းမလှလေး တစ်ယောက်နှင့် ရယ်ရယ်မောမော စကားပြောနေသည်မို့ပင်...။
စကားဝိုင်းကို တစ်စုံတစ်ရာနှောင့်ယှက်ခြင်းမပြုပဲ Lee Mark ဘေးကိုသာ အသာလေး သွားဝင်ရပ်လိုက်သည် ။
" ဪ ...Grade 9 က ကလေးလေး မလား ..!? "
Lee Mark နဲ့ စကားပြောနေရင်း သူ့ကို နှုတ်ဆက်လိုက်သည်က သူတို့ကျောင်းကို အသစ်ဝင်လာသည့် အလယ်တန်းပြ ဆရာမ ငယ်ငယ်ချောချောလေးပင် ။
" ဟုတ်တယ်ဗျ ..!! "
" အာလူးလေးကို သိတယ်လား ..!? "
" သိတယ်လေ ကလေးက နင်နဲ့ ဘာတော်တာလဲ "
Lee Mark ဘယ်လိုဖြေမလဲ ဟု Hyuckie မော့ကြည့်လေသည် ။
" သူ့မိဘတွေ ခရီးသွားကြလို့ ငါစောင့်ရှောက်ပေးနေရတာ !! "
" ဪ..ကလေးထိန်း ဖြစ်နေတယ်ပေါ့ "
" အင်းး အာ့ဆို ငါသွားတော့မယ် Shin ah "
" အင်းး တာ့တာ ..!! "
သူငယ်ချင်း ဆရာမလေး Shin ah ကို နှုတ်ဆက်ကာ ကလေးနဲ့အတူ ကားပေါ် တက်ခဲ့လိုက်သည် ။
" ဆရာမနဲ့ အသိတွေလား ..!? "
" အင်းး အထက်တန်းတုန်းက အခန်းအတူတူပဲလေ "
" Awwn ...နှစ်ယောက်သားက သူငယ်ချင်းအဆင့်ထက် ပိုခဲ့ဖူးသလိုပဲနော် ..!! "
Hyuckie က လူကဲခတ် မညံ့တော့ Lee Mark ပြုမူ ပြောဆိုတဲ့ ပုံစံကိုကြည့်ပြီး ဘယ်လိုဘယ်ဝါ ဆိုတာ ခန့်မှန်းတက်နေပါပြီ ။
" အင်းး ..၊ ချစ်သူတွေတော့ မဖြစ်ခဲ့ကြပါဘူး ကိုယ်က အဲ့တုန်းက ကောင်မလေး ရှိနှင့်ပြီးသား ဆိုတော့ ဒီတိုင်း သူကလည်း ကျောင်းပြောင်း ကိုယ်ကလည်း အဆက်သွယ် မလုပ်ဖြစ်နဲ့ ဝေးသွားတာ .."
" Awwwn ..အဆက်ဟောင်းတွေ ပြန်တွေ့နေကြတာပေါ့ "
" ပြောလိုက်တဲ့လေသံက ခြေရှုပ်နေတဲ့ ချစ်သူကို စိတ်ဆိုးပြီး ဆူနေသလိုမျိုးးနဲ့ တူတယ် "
" မဟုတ်လို့လားး ..!? ပြောတော့ ပူကြူးလေးက ကိုယ့်ကို ထိန်းလေ ဘာညာနဲ့ ..!! တကယ် လူလိမ်ကြီး ဦးလေးကြီးကမှ တကယ့်အာလူးကြီး ..!! "
" ငယ်ငယ်က စိတ်ကစားခဲ့တာပါကွာ ..!! အခုတော့ သူက ကိုယ့်အကြိုက် မဟုတ်တော့ပါဘူး "
စိတ်ဆိုးပြီး ကားမှန်ဘက် လှည့်ထိုင်နေသည့် Hyuckie လေးကို လှမ်းကြည့်လိုက်သည် ။
" ကိုယ်က ဒီလောက် ရုပ်ချောပြီး စွံနေတာ အာလူးလေးကရော ကိုယ့်ကို ရင်ခုန်တာမျိုး မဖြစ်ဘူးလား ..!? "
ဪ ..ဒီနှစ်ချို့လိပ်ကြီးက တစ်မျိုး ။
" ကျွန်တော်လည်း ဒီလောက် နုဖက်ပြီး ချစ်စရာကောင်းနေတာ ဦးလေးကြီး နည်းနည်းလေးတောင် ရင်မခုန်ဘူးလား ..."
ဘယ်ဘဝက လိပ်မျိုးလိပ်နွယ်တွေ လာတွေ့ဆုံကြပါလိမ့် ။ ထိုကလေး စကားကြောင့် Lee Mark ဟန်ပါပါ ထ ရယ်မိလိုက်သည် ။
" အိမ်ကိုရောက်ရင် ခဏနားပြီး ရေမိုးချိုးထားနော် ကိုယ်အလုပ်သိမ်းပြီး ရင် လာခေါ်မယ် "
" မတက်ဘူး ဘာပွဲမှ မလိုက်ချင်ဘူး "
" ဟော ...!? ဘာဖြစ်သွားရတာလဲ ညတုန်းကကျ အပြီကြိတ်ဖို့ လိုက်ပါမယ်ဆို ..!! "
" အဲ့ပွဲက ချစ်သူတွေ ဇနီးမယားတွေနဲ့ တက်ရတဲ့ပွဲဆို ကျွန်တော်က ဘာကိစ္စ လိုက်တက်ပေးရမှာလဲ "
" မေ့နေတာလား ကိုယ်တို့က ဟန်ဆောင်ချစ်သူတွေ လေ..!! "
" မလိုက်ဘူး ..!! "
" မလိုက်ရင် အတင်းပွေ့ခေါ်သွားမှာကွာ..!! "
အာလူးလေးက ဖွင့်ပြောဖို့ လမ်းစပေးလိုက် အာလူးကြီးက ပိတ်ပြီး လမ်းလွှဲလိုက် ..ကောင်းတယ် ..အဲ့လိုပဲ တစ်သက်လုံး နေသွားကြတော့ ...။
" ပြီးတာပဲ အာလူးလေးက မလိုက်ဘူးဆို ကိုယ်နဲ့အတူ ပွဲတက်မယ့် ကောင်မလေး တစ်ယောက် အမြန်ရှာရမှာပဲ .!! "
" လုပ်လေ လုပ်ပေါ့ !! စည်းကမ်းချိုးဖောက်မိလို့ ဆိုပြီး ကျွန်တော့်ဘက်က ဟန်ဆောင်ချစ်သူကိစ္စ ဖျက်သိမ်းလိုက်ရုံပဲ ..!! "
" တကယ် အရစ်လေးနော် မင်းက ..!! "
ကားပေါ်က မဆင်းခင် Lee Mark ကို မျက်စောင်းလှမ်းထိုးခဲ့သေး၏ ။ အောက်ရောက်ရောက်ချင်း ကားတံခါးကို ဒုန်းခနဲ ဆောင့်ပိတ်ကာ ထိုလူကြီးကို မစောင့်ပဲ အိမ်ထဲ ဝင်သွားနှင့်လေသည် ။
" ဘယ်မလဲ ကျွန်တော်ဝတ်မယ့် ဝတ်စုံ ..!! "
" ပြောတော့ မလိုက်ဘူးဆို ..!! "
" ဒီက အာလူကြီးကို ထိန်းဖို့ မဖြစ်မနေ လိုက်ရတော့မယ်လေ ..၊ ရည်းစားထပ်ထားရဲ ထားကြည့်နော် တွေ့တာနဲ့ ဇွက် ဇွက် ဇွက် လုပ်ပလိုက်မှာ ...!! "
အမူအယာနဲ့ပါ ကျိန်းပြသည့် ထိုအစွာလေးအား Lee Mark တကယ် အရှုံးပေးရပါသည် ။
" အာလူးလေးက စိတ်ကြီးလိုက်တာကွာ .!! "
" အဲ့တာ အာလူးကြီးက မျက်နှာများလို့လေ ..ခေါင်းဆယ်လုံးပါတဲ့ ဒဿဂီရီတောင် ဦးလေးကြီးလောက် မျက်နှာများနိုင်ပါ့မလား..မသိဘူး !? "
သူတစ်ခွန်းဆို တစ်ခွန်း ပြန်ပြောတက်တယ်ဗျ ။
⚛⚛⚛⚛⚛⚛⚛⚛
ညမီးရောင်တွေနဲ့ ခမ်းနားတဲ့ Party က နာမည်ကြီး လုပ်ငန်းရှင်သူဌေးတွေ ခရိုနီတွေ အောင်မြင်တဲ့ အဆိုတော် မင်းသား မင်းသမီးတွေနှင့် အတော်တော့ စည်းကားလှသည် ။ အဝင်လျှောက်လမ်းကို ခင်းထားတဲ့ ကော်ဇောနီထက် ခြေတစ်လှမ်း ကုဋေတစ်သန်းနှင့် အာလူးမောင်နှံ ကြွလှမ်းလာခဲ့၏ ။
" ကျွန်တော် အရမ်း ကလေးပုံပေါက်နေလား ..!? "
တစ်ဖက်က Lee Mark လက်ကို ချိတ်ထားပြီး တစ်ဖက်က hair spray တွေနဲ့ ထောင်လာသည့် ခေါင်းအထက်က ဆံပင်ကို ကိုင်ကြည့်ရင်း ဆိုလာသည် ။
" အင်းး ..!? နို့နဲ့မစင်သေးတဲ့ ကလေးလေးလိုပဲ "
" ဟာ ...နည်းနည်းပါးပါးတောင် လိမ်မဖြေဘူး !! ဘယ်လိုလုပ်မှာလဲ ကျွန်တော် အထဲ မဝင်ရဲဘူး "
" ဘာလို့လဲ ..ဘာလို့ကြောက်နေတာလဲ အာလူးလေးရဲ့ !? ကိုယ်ရှိနေတာကို ..!? "
" ဦး မျက်နှာငယ်မှာပေါ့ သူများတွေက မိန်းမလှလေးတွေနဲ့ ပွဲတက်တာ ..!? ဦးက ကျွန်တော့်လို ကလေးနဲ့ ..!? "
" ရှူးးးး ..!!? တအားစကားများတာပဲ "
ထိုကလေးရဲ့ နှုတ်ခမ်းအိအိလေးတွေပေါ် လက် ချောင်းလေး ထပ်တင်ရင်း ဆက်မပြောဖို့ရန် တားမြစ်လိုက်သည် ။
" Hi....ငါ့ကောင် Markeu ...မတွေ့ရတာ ကြာပြီ "
ခန်းမထဲ ရောက်ရောက်ချင်း Lee Mark ကို လာရောက်ပွေ့ဖက်ပြီး နှုတ်ဆက်သူ တစ်ဦး ။ ထိုသူဘေးမှာလည်း သလင်းကျောက်လေးအလား ကြည်လင်တောက် ပနေသည့် အသားဖွေးဖွေး အရပ်ကောင်း ကောင်းနှင့် အမျိုးသား တစ်ဦး ပါလာသေးသည် ။
" Hi ..Yuta Hyung ..!! Win Win Hyung ..!? သတိရနေတာ ..!! "
Lee Mark က အရင်ပွေ့ဖက် နှုတ်ဆက်လိုက်ပြီး ထိုသူနှစ်ဦးအား Hyuckie လေးနှင့် မိတ်ဆက်ပေးဖို့ ပြင်လိုက်သည် ။
" အာလူးလေး ဒါ .."
" ဝါးးးး အစ်ကိုကြီးက အရမ်းချောတာပဲ ..!! ရုတ်တရက် အာဝါးးတွေ ပေးချင်လာပြီ "
Yuta ဘေးမှာ ရပ်နေသည့် Win Win ကို ကြည့်ကာ ဆိုလိုက်ခြင်းပင် ။
ထိုကလေး ပြောလိုက်တဲ့စကားကြောင့် Yuta နဲ့ Mark ခဗျာ မျက်လုံးချင်းစုံကြည့်ပြီး ကြက်သေသေသွားကြသည် ။
" အစ်ကို့ထက်ချောတဲ့သူ ရှိအုံးမယ်ဆိုရင်တောင် အစ်ကို့လောက် ချောနိုင်ပါ့မလား ...!? "
ပြောပြောဆိုဆို Win Win ကို ဖက်တော့မည့် Hyuckie ရဲ့လက်တွေကို Yuta က ပုတ်ချလိုက်၏ ။ တစ်ပြိုင်တည်း Win Win ကို သူ့နောက်ဆွဲပို့ကာ အလျှင်အမြန် သိမ်းဆည်းလိုက်လေသည် ။
Mark - " အဟမ်း ..အာလူးလေ !?? အဲ့တာ Win Win Hyung လေ ..!! ဒါက အဲ့အစ်ကိုရဲ့ ချစ်သူ Yuta Hyung ..!! "
Hyuck - " ဟင် ...ချစ်သူရှိပြီးသားပဲလားး ..!? "
JungWoo Hyung နဲ့တုန်းကလည်း သူ ကျန်ရစ်ဖြစ်ခဲ့ရသည် မဟုတ်လား ။
Yuta - " ဟုတ်တယ် ဒါ ငါ့ချစ်သူ ..!? ငါ မထိရက်လို့ ပိုးလို ဥထားရတဲ့ ငါ့ချစ်သူ ..!? "
Yuta က ဖက်ဖို့ရန်တောင် ခွင့်မပြုသည့် အကြည့်မျိုးနှင့် ပြောလိုက်သည် ။
Hyuck - " ဟွန်းးး ကပ်စေးကုပ်လိုက်တာ ..!! "
Win Win - " ကဲပါ ..ကလေးကို မစပါနဲ့တော့ !! Mark ကလေးကို ငါတို့နဲ့ မိတ်ဆက်ပေးအုံးလေ "
Mark - " အင်းး DongHyuckie လို့ ခေါ်တယ် ကျွန်တော့်ဘေဘီလေး...!!! "
Yuta - " ဝိုးးး ငါ့ကောင် ..!? "
Mark - " အင်းးး Win Win Hyung ထက် ပိုချစ်စရာကောင်းတယ်မလား ..!? "
Yuta - " မဟုတ်ဘူး မင်းဟာလေးက စားဘဲပေါက်စလေးများလား လို့ မေးမလို့ ၊ ကြည့်ကြပ်ထိန်းအုံးး ငါ့ Win Winnie ကို လာစနှိုက်မယ့် အငွေ့အသက်တွေ ရနေတယ် ...!! "
ပထမက Lucas ၊ ဒုတိယက NoNo နဲ့ NaJaemin ၊ အခု Yuta ...။ အဲ့လို ထိန်းခိုင်းတဲ့သူတွေ မနည်းတော့ဘူး ။
Hyuck - " မစနှိုက်ပါဘူး အာဝါးလေး တစ်ခါလောက် ပေးချင်မိတာကို ..!? "
Win Win - " Awwn... ချစ်စရာလေးး ၊ လာပါအုံး ဒီကို ..!! "
Win Win က သူ့လက်နှစ်ဖက်ဆန့်တန်းပြီး ပွေ့ဖက်ဖို့ ဖိတ်ခေါ်သည်နှင့် ပိုင်ရှင် Yuta ကို ကျော်ကာ သဖြီးကြီးနှင့် သွားဖက်လေသည် ။
Hyuck - " အိမ်ကို အပြီးခေါ်သွားချင်လိုက်တာဗျာ .."
Yuta be like - ಠಿ_ಠಿ
Mark - " အာလူးလေး ..Win Win Hyung ကို လွှတ်ပေးလိုက်အုံးလေ ..!? အတင်းဖက်မထားနဲ့ ..!! "
ထိုစဉ် Yuta အလစ်ကိုချောင်းကာ Win Win ပါးကို လှမ်းနမ်းလိုက်သည် ။
Hyuck ..- " ဟီးးး အာဘွားးး ..!! မွှေးပြီး အိနေတာပဲ "
Yuta - " သွားး သွားး ...!! Markeu မင်းဟာလေးကို အခု ခေါ်သွားတော့ ...!! "
စားဘဲကြီးလို့ နာမည်ကြီးနေတာ Lee Mark လား Lee Donghyuck လားတောင် မသဲကွဲတော့ဘူး ။
ဘယ်လိုပဲ ထိန်းရခက်တဲ့ စားဘဲလေးဖြစ်နေပါစေအုံးတော့ တကယ့်အစားနဲ့တွေ့ရင် ငြိမ်သွားတဲ့ Hyuckie လေးရယ်ပါ ။
" Heyy Mark .."
" Awwn Junsuk ..!! "
Hyuckie လေးက တစ်ပွဲပြီးတစ်ပွဲ ကြိတ်နေပေမယ့် Lee Mark မှာ လာနှုတ်ဆက်ကြသည့် ဧည့်သည်တွေကြောင့် ဖြောင့်ဖြောင့်မစားရသေး ။
" မင်းအားလား ..!? ဟိုတစ်နေ့က ပြောထားတဲ့ ကြော်ညာ ကိစ္စ ငါ အခု ချိတ်ပေးရမလားလို့ ၊ မင်း ငှားချင်တဲ့ မင်းသမီး Park Haeun လည်း ဒီရောက်နေတယ် တစ်ခါတည်း မိတ်ဆက်ပေးမယ်လေ "
" ဪ..အဆင်ပြေတာပဲ ..!! အာ့ဆို ခဏနော် ..!! ကလေးးး Yuta Hyung တို့နဲ့ ခဏနေခဲ့နော် ကိုယ် အလုပ်ကိစ္စလေး သွားပြောလိုက်အုံးမယ် "
" အင်းးး သွားလေ !! "
" Yuta Hyung ..ကလေးကို ကြည့်ပေးထားပါအုံးး "
" အေးး အေးး ကြည့်ပေးထားမယ် "
Yuta တို့နဲ့ အတူထိုင်နေသည့် စားပွဲဆီက ထကာ Junsuk နဲ့အတူ ထွက်လာခဲ့သည် ။ Junsuk က ကျောင်းတုန်းက သူငယ်ချင်းဖြစ်ပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်မို့ သူ့လုပ်ငန်းနဲ့ ပတ်သက်ပြီး product အတွက် ကြေညာရိုက်စရာတွေ ရှိရင် အမြဲ အားကိုးခဲ့ရသူပင် ။
" ငါ ခုနက သူများတွေပြောနေတာ ကြားခဲ့တယ် ၊ မင်း ..အဲ့ကလေးနဲ့ တကယ်တွဲနေတာလား ...!? "
" အေးး ဟုတ်တယ်လေ ဘာလို့လဲ ..!? "
" ဒီလောက် မင်းနားမှာ ဆော်လေးတွေ ဝိုင်းဝိုင်းလည်နေတာကိုကွာ ၊ ဘာလဲ အကြိုက်ပြောင်းသွားတာလား "
Junsuk က စကားပြောမတက်သူမို့ သူ အမြဲ သည်းခံခဲ့ပေမယ့် အခုကိစ္စမှာတော့ နည်းနည်း စိတ်ခုမိသည် ။
" မနေ့က Park Haeun နဲ့ စကားပြောဖြစ်ခဲ့တယ်ကွ ၊ သူက ဒီလောက် မာနကြီးပြီး ဈေးတွေခေါက်ခိုက်နေတဲ့ မင်းသမီးနော် အစက schedule တွေနဲ့ ပြည့်နေတာ ဘာညာနဲ့ မင်းအကြောင်းလည်း ထည့်ပြောလိုက်ရော တန်း အချိုးပြောင်းသွားတာ ...!! "
" အင်းး ..!! "
" မင်း မလိုချင်ဘူးလား ၊ ငါ ချိတ်ပေးမယ်လေ "
" အလုပ်ကိစ္စပါပဲ ကျန်တာ ဘာမှ မပတ်သက်ချင်ဘူး "
" ဘာလို့လဲ Park Haeun က ဒီလောက် အချောအလှလေးကို..!? တကယ် မလိုချင်တာလား ၊ အရင်ပုံစံတိုင်းဆို မင်း ငြင်းမှာ မဟုတ်ပါဘူး ငါသိပါတယ် "
⚛
" Markeu သွားတာ တော်တော်ကြာနေပြီပဲ ၊ ကိုယ်တို့ကလည်း ပြန်တော့မှာ ကလေးကို ဘယ်လိုလုပ်မလဲ "
Win Win က ဆက်စောင့်ပေးချင်ပေမယ့် Yuta က အိမ်ပြန်ချင်လို့ ဖင်တကြွကြွ ဖြစ်သည်အထိ Markeu သွားတာ အတော်ပင် ကြာနေပြီ ။
Hyuck - " အာ ..ရတယ် ဦးလေးကြီးတို့အိမ်ပြန်လိုက်ကြတော့လေ ..!! "
Win Win - " ဖြစ်ပါ့မလား ကလေး ၊ Markeu က မင်းကို ကြည့်ပေးဖို့ သေချာမှာထားခဲ့တာ "
Hyuck - " ရတယ် ကျွန်တော် နေရဲတယ် "
Yuta - " အာ့ဆို ဦးတို့ပြန်တော့မယ်နော် ကလေး ..!? ဖုန်းလည်း ပါနေတာပဲ Markeu ရောက်မလာသေးရင် ဖုန်းဆက်လိုက်ပေါ့နော့ "
Hyuck - " ဟုတ် တာ့တာ ...!!! "
Yuta တို့ ထွက်သွားပြီး နာရီဝက်လောက်ကြာသည်ထိ ထိုစားပွဲလေးမှာ Hyuckie တစ်ယောက်တည်း ထိုင်စောင့်နေခဲ့၏ ။ ပေါ်မလာ ပေါ်မလာနဲ့ များပြားလှသည့် ဧည့်သည်တွေကြား စိတ်ရှုပ်တာရောကြောင့် ကားပါကင်မှာပဲ ပြန်စောင့်ဖို့ ထွက်လာခဲ့လိုက်သည် ။
Markeu ထွက်မသွားခင် သူ့လက်လေးထဲ ထည့်ပေးခဲ့သည့် ကားသော့လေးကို ဆော့ရမ်းကာ မြောက်ကြွ မြေက်ကြွနှင့် ကားပါကင်ဆီ လမ်းလျှောက်လာခဲ့သည် ။ နောက် တန်းစီး ရပ်ထားသည့် ကားတွေကြား Lee Mark ကားကို လိုက်ရှာနေစဉ် ....
" ဟင် ...ဦးလေးကြီးး ဒီရောက် ...!? "
Lee Mark ကို မြင်လို့ အပြေးသွားတော့မည့် ခြေလှမ်းလေးတွေက Lee Mark ကို ဖက်တွယ်လာသည့် မိန်းမလှလေးကို မြင်မြင်ချင်း အရှိတ်သတ်သွား၏ ။ မျက်လုံးအိမ်ထဲ ချက်ချင်းဝဲတက်လာသည့် မျက်ရည်တွေ ပါးမို့မို့ပေါ် သို့ ဖိတ်ကျမလာခင် မျက်တောင်တို့ အမြန်ပုပ်ခတ်ကာ ထိုမြင်ကွင်းကို Hyuckie ကျောခိုင်းလိုက်သည် ။
** ဒေါက် ** ( လက်ထဲက သော့ပြုတ်ကျ )
ခုနက Hyuckie လှည့်ဆော့နေသည့် လက်ထဲက သော့လေး ပြုတ်ကျသွားတော့ သူနဲ့ မနီးမဝေးမှာ ရှိနေသည့် Lee Mark တို့က ဖက်ထားရာက လှမ်းကြည့်လေသည် ။
" အာလူးလေး...!? "
Donghyuck လေး လှည့်မကြည့်ဖြစ်ခဲ့ပါ ။ ပြုတ်ကျသွားသည့် သော့ကို ပြန်ကောက်မနေတော့ပဲ ကားပါကင်ရဲ့ ထွက်ပေါက်ဆီကိုသာ ခြေလှမ်းကျယ်တို့ဖြင့် လှမ်းလိုက်သည် ။
" ကလေးးး ...!?? အာလူးလေး ...!? "
[ ဝေဒနာတွေ လာပေးတဲ့ အာလူကြီးး ]
TBC
______________________________________________
Zawgyi
I Think I Wanna Marry You
" ဆက်ပြောလေ ...!? "
-
" အားး ကျွတ် ..ကျွတ် ..!! "
" စားမှာ ..!!! "
" အင်း ..!! တာ့တာ ..!! "
-
" စိတ်မဆိုးပါနဲ့တော့ ..!! "
⚛⚛⚛⚛⚛⚛⚛⚛⚛
" ဪ ...Grade 9 က ကလေးလေး မလား ..!? "
" ဟုတ်တယ်ဗျ ..!! "
" အာလူးလေးကို သိတယ်လား ..!? "
" အင်းး တာ့တာ ..!! "
" ဆရာမနဲ့ အသိတွေလား ..!? "
" မလိုက်ဘူး ..!! "
⚛⚛⚛⚛⚛⚛⚛⚛
" အာလူးလေး ဒါ .."
Yuta - " ဝိုးးး ငါ့ကောင် ..!? "
Yuta be like - ಠಿ_ಠಿ
" Heyy Mark .."
" Awwn Junsuk ..!! "
" အင်းးး သွားလေ !! "
" အင်းး ..!! "
⚛
Hyuck - " ဟုတ် တာ့တာ ...!!! "
" အာလူးလေး...!? "
" ကလေးးး ...!?? အာလူးလေး ...!? "
TBC
______________________________________________