ဆောင်းဟွန်း ဘာဖြစ်နေမှန်း ဂျေးလည်း စဉ်းစားမရ။ နောက်တော့မှ တစ်ခုကို စဉ်းစားလိုက်တော့မှ စိတ်ကနည်းနည်းဖြေသာသွားသည်။
ဆောင်းဟွန်းက သရုပ်ဆောင်ဘဲ မဟုတ်လား။ အနုပညာ လောကထဲက ထွက်လိုက်ပေမယ့် သူသဘောကျတဲ့ အလုပ်မဟုတ်လား။ အဲ့တာကြောင့် ဒီတိုင်း သရုပ်ဆောင်နေတာဘဲ ဖြစ်မှာပါလို့ တွေးလိုက်တော့မှ စိတ်ဖြေသာသွားသည်။
" ဂျေး "
ဆောင်းဟွန်းရဲ့ ခေါ်သံကြောင့် အနည်းငယ် လန့်ကာ ခန္ဓာကိုယ်လေးမှာ တုန်တက်သွားသည်။
" ဘာဖြစ်လို့တုန်း မကြောက်ပါနဲ့ ငါဘာမှ မလုပ်ပါဘူး "
ဆောင်းဟွန်းကို လှည့်ကြည့်မိတော့ သူ့ကို အိမ်ကို လာခေါ်တုနိူက မျက်နှာကျောမဟုတ်ဘဲ နူးညံ့သလိုလိုနဲ့ အားပျော့နေသလို မျက်နှာထားဖြစ်နေသည်။
ဂျေးလည်း ဆောင်းဟွန်း ဘာတွေဖြစ်နေတာလဲ။ နားမလည်နိုင်တော့ချေ။ အလုပ်တွေဘဲ အရမ်းဖိလုပ်မိလို့ သူဘဲ အမြင်မှားပြီး ထင်ချင်ရာ ထင်နေတာလား??
" ဘာမှမဟုတ်ဘူး ငါရေချိုးတော့မယ် "
ဆောင်းဟွန်း လက်ထဲက သပတ်ကို ဆွဲယူကာ ရေချိုးခန်းထဲ ဝင်သွားသည်။
ပြီးတော့ မှန်ရှေ့မှာ ရပ်ကာ သူ့ပုံရိပ်သူ ကြည့်နေမိသည်။
အခု ဆောင်းဟွန်းနဲ့ သူနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကလို တူတူပြန်နေနေကြပြီ။ ဆောင်းဟွန်းရှေ့ရောက်သွားရင် ခုန်လာသည့် နှလုံးသားကြောင့် စိတ်မောရပြန်သည်။
မချစ်ချင်ဘူး။ လုံးဝဘဲ။ နာကျင်ရမှာ ကြောက်တယ် အရမ်းကြောက်တယ်။
ရေချိုးခန်းက ပြန်ထွက်လာတော့ ဝရံတာမှာ ဆေးလိပ်သောက်နေတဲ့ ဆောင်းဟွန်းကို တွေ့လိုက်တော့ မျက်ခုံးတွေရှုံသွားမိသည်။
အရွယ်ရောက်ပြီးသား ယောကျာ်းလေးတစ်ယောက်အတွက် ဆေးလိပ်သောက်တာက ဘာမှ မထူးဆန်းပေမယ့် အရင်က ဆောင်းဟွန်း က ဆေးလိပ်သောက်တက်တဲ့သူမဟုတ်ပါဘူး။
ဂျေးလည်း ဆောင်းဟွန်းကို ဘာမှ ပြောမနေတော့ဘဲ ကုတင်မှာသာ ဝင်အိပ်လိုက်တော့သည်။
ခဏကြာတော့ ဘေးနားက မွေ့ယာက အနည်းငယ် အောက်နိမ့်သွားတာကို ခံစားမိလိုက်တော့ ဆောင်းဟွန်း ကုတင်ပေါ် ရောက်နေပြီဆိုတာကို သိလိုက်သည်။
နှစ်ယောက်တူတူအိပ်တာက အထူးအဆန်းတော့မဟုတ် အရင်ကျောင်းတက်ထဲက နှစ်ယောက်အိပ်ကုတင်မှာ တူတူအိပ်လာခဲ့တာမို့။
ဂျေးက တစ်ယောက်ထဲ အိပ်ချင်ပေမယ့် ကောလိုကပ်ကပ်လာသည့် ဆောင်းဟွန်းကြောင့် အခန်းကို ကျယ်ကျယ်တစ်ခန်း ဖွဲ့လိုက်ပြီး တူတူအိပ်လိုက်ကြသည်။
ည ၁:၄၅ မိနစ်
ခန္ဓာကိုယ်ပေါ်မှာ ခြုံထားသည့် စောင်လစ်ဟာနေတာကြောင့် နိုးလာသည်။
ကုတင်ဘေးက မီးအိမ်တင်ထားသည့် ခုံပေါ်က မျက်မှန်ကို ကောက်တပ်လိုက်ပြီး ဘေးကို ကြည့်လိုက်တော့ စောင်ကို ဆောင်းဟွန်းက ခေါင်းမြီးခြုံလျက်နေနေသည်ကို တွေ့လိုက်သည်။
ဂျေးလည်း စောင်ကို ပြန်ဆွဲပေမယ့် မရခဲ့။
" ဂျေး..... "
သူ့ရဲ့နာမည်ကို တိုးညှင်းစွာ ငြီးနေသည့် ဆောင်းဟွန်းကို ကြည့်မိတော့ စောင်အောက်ထဲ ချွေးစီးတွေ ပြန်နေသည်။
နဖူးကို စမ်းကြည့်လိုက်တော့ ကိုယ်တွေက ပူနေတာအရမ်းဘဲ။
ရုတ်တရက်ဆိုတော့ ဂျေးလည်း ဘာလုပ်လို့လုပ်ရမှန်း မသိသွားသည်။
ဒီ အချိန်ကြီး ဆေးရုံခေါ်သွားလို့ရပေမယ့် ဆောင်းဟွန်းရဲ့ ပုံစံက လမ်းလျှောက်နိုင်ပုံမရတာကြောင့် သူ့ခန္ဓာကိုယ်ကို တစ်ယောက်ထဲလည်း မသယ်နိုင်တာကြောင့် စိတ်ရှုပ်ရပြန်သည်။
ကုတင်ပေါ်က ချက်ချင်းထပြီး ရေချိုးခန်းထဲသွားကာ ရေဇလုံထဲ ရေထည့် ပုဝါကို ရေစွတ် ပြီး ကိုယ်ပူကြအောင် ကပ်ထားပေးပေမယ့်လည်း ကိုယ်ဖူးက ကျမလာသေး။
" ပတ်ဆောင်းဟွန်းရေ မင်းတော်တော်ငါ့ကို စိတ်အနှောင့်ယှက်ပေးတာဘဲ "
မျက်မှန်ကို လက်ဖြင့်မတင်လျက် ဖုန်းကို ထုတ်ကာ မိသားစု ဆရာဝန်ကို ဖုန်းလှမ်းဆက်ရတော့သည်။
ဒီအချိန်ကြီး ဖုန်းမကိုင်လောက်ဘူးထင်ခဲ့ပေမယ့် ကံကောင်းစွာ နဲ့ ဆရာဝန်က ညဘက် ဂျူတီ ရှိတာကြောင့် ဖုန်းကိုင်ခဲ့သည်။
" ဆရာ အဆင်ပြေရင် ကျွန့်တော့ ကွန်ဒိုကို အခုလာပေးလို့ရမလား ဆောင်းဟွန်းက အခု အဖျား အရမ်းတက်နေလို့ပါ "
" အိုကေ အိုကေ ဆရာ ဂျူတီ ချိန်းဖို့ ၁၅မိနစ်လိုသေးတယ် အဲ့တော့ နောက် မိနစ် ၂၀ လောက်ကျ လာခဲ့မယ် လောလောဆယ်တော့ ရေပတ်ဝတ်ကပ်ပေးထားလိုက်ပါအုန်း "
" ဟုတ်ကဲ့ပါ "
ဆရာဝန်နဲ့ ဖုန်းပြောပြီး ဖုန်းချလိုက်တာနဲ့ တပြိုင်နက် သက်ပြင်းပါချလိုက်သည်။
ပတ်ဆောင်းဟွန်း... ပတ်ဆောင်းဟွန်း တော်တော်ဒုက္ခပေးတာဘဲ။
သူကိုယ်တိုင်ကလည်း တနေကုန် ကုမ္ပဏီမှာ အလုပ်တွေနဲ့ လုံးပမ်းနေခဲ့တာ ညဘက် ဘဲ ကောင်းကောင်းလေးနားရတာ အခု ဆောင်းဟွန်းက နေမကောင်းထဖြစ်တော့ သူ့နားချိန်တွေပဲ့ပါကုန်ပြီ။
" ရေအကြာကြီးချိုးလိုက်တော့ ဖြစ်တော့မှာပေါ့ "
ပါးစပ်က ပွစိပွစိပြောနေရင်း ဆောင်းဟွန်းကို ရေပတ်ဝတ် ကပ်ပေးနေသည်။
ချွေးတွေကလည်း တအားထွက်လာတာကြောင့် အကျီလဲပေးဖို့ ထတော့ သူ့ရဲ့ လက်ကို လှမ်းဆွဲလိုက်တဲ့ ပူနွေးေနတဲ့လက်ကြောင့် ပြန်လှည့်ကြည့်မိသည်။
" ဂျေး မသွားပါနဲ့ ကျေးဇူးပြုပြီး "
ရှိုက်သံပါနေတဲ့ ဆောင်းဟွန်းက ငိုနေတာလား?
ဂျေးလည်း သွားမယူတော့ဘဲ စိတ်ချမ်းသာအောင် အနားမှာဘဲ ပြန်ထိုင်နေလိုက်သည်။
ဂျေး ထိုင်လိုက်တော့မှ ဂျေးရဲ့လက်ကို ကိုင်ကာ မျက်လူံးတွေ မြှေးစင်းသွားသည်။
ခဏကြာတော့ ဆရာဝန်ရောက်လာပြီး စစ်ဆေးကြည့်တော့ အဖျားတွေ အရမ်းတက်နေသည်။
ဘာလို့ဒီလောက်တောင် အဖျားတက်ရတာလဲ ဆိုတာကို မမေးဘဲ သက်ပြင်းချကာ ဂျေးကို ကြည့်လာသည်။
" ဘာဖြစ်လို့လဲ ဆရာ "
" သား ကို ပြောမှဖြစ်တော့မယ် အရာရှိတာကြောင့် နားထောင်ပေးနိုင်မလား "
" ဟုတ် နားထောင်ပေးပါမယ် "
" ဆရာပြောမယ့် စကားကိုတော့ လန့်မသွားပါနဲ့ "
" ဟုတ် ပြောပါ "
ဘာအကြောင်းအရာမှန်းမသိပေမယ့် ဆရာဝန်ရဲ့ မျက်လူံးတွေက စိုးရိမ်မှု အရိပ်အယောင်တွေလွှမ်းနေတာကို မြင်ရသည်။
" ဆောင်းဟွန်းနဲ့ နေရင် သားအတွက် အန္တရာယ်ရှိနိုင်တယ် "
" ဗျာ "
" ဟုတ်တယ် အဲ့တာ ကြောင့် ဆောင်းဟွန်းအနားမှာ မနေပါနဲ့ "
မထင်ထားတဲ့ စကားတွေကြောင်း ဂျေးလည်း ထိပ်လန့်သွားသည်။
ဆောင်းဟွန်းက သူ့ကိုအန္တရာယ်ပြုနိုင်တယ်တဲ့
" ကျွန်တော် နားမလည်ဘူး ကျွန်တော့ကို အကုန်ပြောပြလို့ရမလား "
" အင်း မဟုတ်ရင်တော့ ဆရာအကုန်ပြောပြမလို့ပါ၊ ဒီလို လွန်ခဲ့တဲ့ ၅နှစ် ဆောင်းဟွန်း အနှပညာလောကထဲ စဝင်စ အချိန်တုန်းက အသေးစား မတော်တဆ ဖြစ်ခဲ့တယ်၊ အဲ့တုန်းက အသေးစားဆိုပေမယ့် နောက်ပိုင်း အဲ့မတော်တဆ မှုရဲ့ နောက်ဆက်တွဲရလဒ်တွေက ထိပ်လန့်စရာတွေဖြစ်ကုန်တယ် "
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဆောင်းဟွန်း ကားမတော်တဆ ဖြစ်လို့ ဆေးရုံသွားခဲ့တာကို မှတ်မိသည်။ ဒါပေမယ့် အခြေအနေက မဆိုးခဲ့ဘဲ ခေါင်းကို နှစ်ချက်ချုပ်လိုက်ရသည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြတ်သွားခဲ့ပေမယ့် တွေ့ရင် နှုတ်ဆက်တဲ့ အဆင့်တော့ရှိသေးသည်။ နှစ်ဖက်မိသားစုတွေကလည်း သူတိူ့ငယ်ငယ်ထဲက သိကြတာကြောင့် တစ်ခုခုဖြစ်တိုင်း သတင်းသွားမေးကြတာ ပုံမှန်ပါပဲ။
" ကားတိုက်တုန်းက အပြင်ဒဏ်ရာ သိပ်မရခဲ့ပေမယ့် အရှိန်ကြောင့် ဦးနှောက်ရဲ့ အာရုံကြောအပိုင်းကို အနည်းငယ်ထိသွားခဲ့တယ်၊ သောက်ဆေးတွေဘဲ ပေးခဲ့ပေမယ့် ဆောင်းဟွန်းရဲ့ အခြေအနေက တိုးတက်မလာခဲ့ဘူး၊ ပြီးတော့ သား ဆောင်းဟွန်းကို လာကြည့်တဲ့ နေက ဆောင်းဟွန်းဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေတာ တွေ့တယ်မှတ်လား "
" ဟုတ် အဲ့တာနဲ့ ဘာဆိုင်လို့လဲ.... "
" မှတ်နိုင်ရည်ရှိတဲ့ အာရုံကြောထိခိုက်သွားတာကြောင့် သူအရာတစ်ခုခုကို အားစိုက်လုပ်လိုက်တဲ့ အချိန် အဲ့ထဲက အရာနဲ့ အပြင်ဘဝကို ရောယှက်သွားလေ့ရှိတယ်၊
အဲ့လိုဘဲ ဆောင်းဟွန်းက အဲ့ဝတ္ထုကို ဖတ်ပြီးရဲ့ အချိန်ထဲက ပြောင်းလဲသွားခဲ့တယ်၊ လူတစ်ကိုယ်ထဲ စိတ်နှစ်စိတ် ဖြစ်နေသလို "
ဆက်စပ်ကြည့်မယ်ဆို ရေချိုးခန်းထဲ ဆောင်းဟွန်းတစ်ယောက်ထဲ ပုံစံနှစ်မျိူးနဲ့ စကာူပြောနေကို သတိရသွားသည်။
" အဲ့တာဆို အဲ့နှစ်ယောက် ဆောင်းဟွန်း နဲ့ ဟွန်း လား "
" ဟုတ်တယ် သားက ဘယ်လို သိတာလဲ "
" သူရေချိုးနေတုန်း ရေချိုးခန်းထဲ တစ်ယောက်ထဲ စကားပြောနေတာ ကြားလို့ ကြည့်လိုက်တော့ အဲ့လို ပြောနေတာ ကြားလိုက်တာ အစက သူသရုပ်ဆောင် လေ့ကျင့်နေတယ်ဘဲ ထင်နေခဲ့တာ "
" အင်း..... "
စကားပြောလာရင်း ဆရာ့ရဲ့ အသံတွေက လေးသထက်လေးလာသည်ကို ခံစားရသည်။
" အနုပညာလောကထဲက နုတ်ထွက်လိုက်ရတာကလည်း သူ့ကျန်းမာရေးကြောင့် မိဘတွေက ထွက်ခိုင်းလိုက်လို့လေ၊ အခုဆောင်းဟွန်း က သူဖတ်ခဲ့တဲ့ ဝတ္ထုထဲက အရာတွေနဲ့ လက်ရှိလောက နဲ့ သူကိုယ်တိုင် ကရောထွေးနေတယ် ၊ ပြီးတော့ အဲ့ဝတ္ထုထဲက ဒုတိယ ဇာတ်လိုက်နေရာမှ သားလည်း ပါနေတယ် "
" ဗျာ "
" အဲ့ ဝတ္ထုထဲမှာ ဇာတ်ဆောင်မင်းသားက ရက်စက်တဲ့ သူတစ်ယောက် အဲ့တာက ဆောင်းဟွန်း၊ နောက်တစ်ယောက် နူးညံ့ပြီး ချစ်တက်တဲ့ သူတဲ့သူကို တန်ဖိုးထားတက်တဲ့ သူ အဲ့တာက ဟွန်း ၊ ပြီးတော့ နောက်တစ်ယောက် အပေါ်က နှစ်ယောက်လုံး ချစ်ရတဲ့ သူက သားပဲ "
ဆရာ ပြောလာတဲ့ စကားတွေကို လုံးဝ မယံုကြည်နိုင်ဖြစ်လာသည်။
သူကကော် ဘာကိစ္စ အဲ့ ကိစ္စထဲ ပါလာရတာလဲ ။
" အဲ့တော့ သားကို နှိပ်စက်လာနိုင်မသလို ချစ်လည်းချစ်ပေးနိုင်တယ်၊ ရက်စက်တဲ့ ဆောင်းဟွန်းပေးတဲ့ နှိပ်စက်မှုကို မခံစားစေချင်ဘူး သား "
" မဟုတ်ဘူး အဲ့ကားမတော်တဆ မှုက ကျွန်တော့ကြောင့် ဖြစ်ရတာမဟုတ်လား မိူးအရမ်းရွာနေတဲ့ေ န့လေ အဲ့နေ့က ကျွန်တော့်ကို အဲ့နေ့က လာမကြိုခဲ့ရင် ဆောင်းဟွန်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူး "
" အဲ့လိုတော့ မတွေးလိုက်ပါနဲ့ ဖြစ်ကံ ပါလာလို့ ဖြစ်တယ်ဘဲ မှတ်လိုက်ပါ ဆရာလည်း လုပ်စရာလေးရှိသေးလို့ ခွင့်ပြုပါအုန်း
နောက်ဆုံးတစ်ကြိမ် သတိပေးချင်တယ် သား ဆောင်းဟွန်းနဲ့ ဝေးဝေးနေပါ "
ဆရာဝန် ပြောသွားသည့် စကားတွေက လျစ်လျူရှူလိုက်သည်။
သူ့ကြောင့်.... သူ့ကြောင့်မို့ ဆောင်ူဟွန်း ဒီလိုဖြစ်ရတာ မဟုတ်လား။ ကိုယ့်ကိုကိုယ်လည်း အပြစ်မကင်းဘူးလိူ့ ခံစားနေသည်။
ပြီးတော့ ချက်ချင်းဘဲ ဂျေး ဆုံးဖြတ်ချ တစ်ခုချလိုက်သည်။
ထို ဆုံးဖြတ်ချက်က ~~~~~
* အရင်တုန်းက ငါ့ရဲ့ဟွန်း ဖြစ်အောင် ပြန်လုပ်ပေးမှာမို့ င့ါကို ယုံကြည်ပေး *
ဆရာပြောသွားတယ် " အဲ့ဝတ္ထုရဲ့ ဇာတ်သိမ်းက မလှခဲ့ဘူး" တဲ့
Zawgyi
" ဂျေး "
ဆောင်းဟွန်းကို လှည့်ကြည့်မိတော့ သူ့ကို အိမ်ကို လာခေါ်တုနိုက မျက်နှာကျောမဟုတ်ဘဲ နူးညံ့သလိုလိုနဲ့ အားပျော့နေသလို မျက်နှာထားဖြစ်နေသည်။
ည ၁:၄၅ မိနစ်
" ဂျေး..... "
" ဟုတ်ကဲ့ပါ "
ချွေးတွေကလည်း တအားထွက်လာတာကြောင့် အကျီလဲပေးဖို့ ထတော့ သူ့ရဲ့ လက်ကို လှမ်းဆွဲလိုက်တဲ့ ပူနွေးနေတဲ့လက်ကြောင့် ပြန်လှည့်ကြည့်မိသည်။
" ဘာဖြစ်လို့လဲ ဆရာ "
" ဟုတ် ပြောပါ "
" ဗျာ "
ဆက်စပ်ကြည့်မယ်ဆို ရေချိုးခန်းထဲ ဆောင်းဟွန်းတစ်ယောက်ထဲ ပုံစံနှစ်မျိုးနဲ့ စကာူပြောနေကို သတိရသွားသည်။
" အင်း..... "
" ဗျာ "
ဆရာ ပြောလာတဲ့ စကားတွေကို လုံးဝ မယုံကြည်နိုင်ဖြစ်လာသည်။
" မဟုတ်ဘူး အဲ့ကားမတော်တဆ မှုက ကျွန်တော့ကြောင့် ဖြစ်ရတာမဟုတ်လား မိုးအရမ်းရွာနေတဲ့ေ န့လေ အဲ့နေ့က ကျွန်တော့်ကို အဲ့နေ့က လာမကြိုခဲ့ရင် ဆောင်းဟွန်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူး "
ထို ဆုံးဖြတ်ချက်က ~~~~~