I Still Do ¶TaeJun¶

By JiJiCalico

2.9K 221 374

I've always loved you And I still do... TXT : YeonJun × TaeHyun Start : 20.3.2022 More

Let's Get start
╬ - 1
╬ - 2
╬ - 3
╬ - 4
╬ - 6
╬ - 7
╬ - 8
╬ - 9
╬ - 10
╬ - 11
╬ - 12
╬ - 13
╬ - 14
╬ - 15
╬ - 16
╬ - 17
╬ - 18
╬ - 19
╬ - 20

╬ - 5

111 13 10
By JiJiCalico

ညနေအတန်းဆင်းတုန်းက မြင်လိုက်ရတဲ့ ကိစ္စကို သိပ်တော့ ဘဝင်မကျသေးပေ။

📳📲Stupid Spy🥷

🥷"အေးပြော"

"ငါ့ကို Kang TaeHyun ဆိုတဲ့ ကောင်လေးရဲ့ မိသားစုဝင်တွေ အကြောင်းစုံစမ်းပေး ဒီနေ့ချက်ချင်းသိချင်တယ်"

🥷"ဟျောင့် ငါ့ကို လူရှာပေးတဲ့လူများမှတ်နေလား အားနေ စုံစမ်းခိုင်းနေတာပဲ ဘယ်သူမလို့လဲ ဘာလုပ်ဖို့လဲ"

"ပြောတာသာလုပ်စမ်းပါ"

🥷"မပြောရင် မလုပ်ပေးဘူး"

"ငါ့ကြိုက်နေတဲ့ကောင်လေးကွာ ရပြီလား"

🥷"ဟျောင့် အလုပ်နဲ့ပတ်သတ်ရင် ငါတန်းလုပ်ပေးဦးမယ် အခုကျ--"

"ဒါလဲ နှလုံးသားရေးရာပဲ ငါ့အတွက် အရေးကြီးတယ် လုပ်မှာသာ လုပ်ပေးစမ်းပါ မင်းနဲ့ ပြောရတာ အချိန်ကုန်တယ်"

🥷"အေးပါကွာ မင်းကြိုက်တဲ့သူက ကောင်လေးဆိုတော့ အံ့ဩစရာပဲ ငါလဲ ပိုသိချင်‌သွားတယ် အဲ့လိုဆိုတော့လဲ စုံစမ်းပေးပါ့မယ်လေ "

"ပြီးကျ ပို့ထားလိုက် ‌ဒီနေ့တွင်းချင်းလိုချင်တာနော်"

🥷"ခွေးကောင်.. စိတ်ကြည့်ပဲ ရစေရမယ်ကွာ ဟုတ်ပြီလား"

"အေး ဒါပဲ "
-----------
ဖေဖေကလဲ ကျောင်းကိုယ်စားပြုအရွေးခံရလို့ စားသောက်ဆိုင်ကြီးမှာ ပါတီလုပ်ပေးမယ်ဆိုတာနဲ့ အစက အသင်းသားတွေနဲ့ပဲ လုပ်ဖို့ကနေ အခုတော့ ကျနော့်တို့ တစ်တန်းလုံးကိုပါ လိုက်ကျွေးဖြစ်တယ်။ ။
ဒီလိုနဲ့ စားကြသောက်ကြ ဂိမ်းတွေဆော့ကြနဲ့ အများအတွက်ကတော့ ပျော်ဖို့ကောင်းနေတာပေါ့။ ကျနော်ကတော့ ဖုန်းက နိုတီပဲ တမျှော်မျှော်နဲ့ အခုဆို ချာတိတ်က ညနေက တွေ့ခဲ့တဲ့ တစ်ယောက်နဲ့များရှိနေဦးမလားဆိုပြီး တွေးလေ တွေးလေ အဆောင်ပြန်ပြီး ချာတိတ်အခန်းကို သွားကြည့်ချင်လာလေလေပဲ...

ခဏအကြာ နိုတီသံကြားဝာာနဲ့ ချက်ချင်းဖွင့်ကြည့်လိုက်တော့

From Stupid SPY🥷
>မိသားစုဝင်ဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတော့တယ် သူနဲ့ပတ်သတ်တဲ့ တခြားအကြောင်းတွေကိုတော့ သိပ်စုံစမ်းလို့မရဘူး တော်သေးဝာာက အစ်ကိုနာမည်တော့ သိခဲ့တယ် Kang YeoSangတဲ့

Kang YeoSang??....ညနေက တွေ့တဲ့ တစ်ယောက်ကကော နာမည်ဘယ်သူလဲ စဉ်းစားနေတုန်း မြင်ကွင်းထဲ ပေါ်လာတဲ့ အတန်းခေါင်းဆောင် အင်းး သူသိလောက်တယ်

"အတန်းခေါင်းဆောင် Chan!"

"ဘယ်သူများလဲလို့ YeonJun ပဲ ကျောင်းဘတ်စကတ်ဘော ကိုယ်စားပြုအဖွဲ့ အဖြစ်အရွေးခံရလို့ congratulations ပါ"

"ကျေးဇူး ဒါနဲ့ တစ်ခုလောက်မေးကြည့်ချင်လို့"

"အင်း မေးလေ"

"ညနေက TaeHyun ကိုလာကြိုတာလားပဲ အဲ့တစ်ယောက်နာမည်ကိုသိလား"

"အော် HeeSeung ကို ပြောတာလား "

"HeeSeung"

"အင်း ညနေက TaeHyun ကို လာတွေ့တဲ့တစ်ယောက်လေ အဲ့တာသူ့နာမည်ပဲ
ဘာဖြစ်လို့လဲ"

"ဒီတိုင်းပဲ သိချင်လို့ပါ ဒါဆို စိတ်ကြိုက်ပျော်သလိုနေနော် "

"အိုကေ"

HeeSeung.... ဒါဆို TaeHyun ရဲ့ အစ်ကို မဟုတ်ဘူးပေါ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလိုဖြစ်မလဲ အရမ်းရင်းနှီးလွန်းနေတယ် မြင်ရတာ အဆင်‌မပြေဘူး

အချိန်လဲ တော်တော်လင့်နေပြီ အတန်းဖော်တွေလဲ တိုက်ပွဲကျကုန်ပြီ မူးတဲ့လူကမူး စားထားသောက်ထားတာတွေကလဲ နည်းတာမဟုတ် အေးဆေးပါ ဖေဖေက သူ့ကတ်ပေးလိုက်တယ်လေ အားလုံးရှင်းပြီးတာနဲ့ အဆောင်ပြန်ဖို့ ပြင်လိုက်ပေမဲ့ စိတ်ညစ်စရာအတွေးတွေက ရှိနေသေးတော့ စိတ်ငြိမ်သွားအောင် သွားနေကြနေရာလေးဆီ အရင်သွားလိုက်တယ်။ ။

TaeHyun POV;

HeeSeung Hyung နဲ့ ညနေက အပြင်လျှောက်လည် ညစာစားပြီး လိုတာလေးတွေပါ တစ်ခါထဲ shopping ထွက်ရင်း ဝယ်ခဲ့လိုက်တယ်။
အဆောင်ပြန်ရောက်တော့ တိတ်ဆိတ်နေတာပဲ တခြားသူတွေ အခုထိ ပြန်မရောက်သေးဘူးထင်တယ်။
ခဏလောက်ကြာတော့ အပြင်မှာ စကားပြောသံတွေ ခြေသံတွေနဲ့ ဆူညံကုန်တယ် ကြည့်ရတာ ပြန်ရောက်လာကြပုံပဲ။
ကျနော်လဲ အဝတ်အစားလဲပြီး ဖုန်းသုံးနေတုန်း Sangie Hyung ဆီက ဖုန်းဝင်လာတယ်

"ဟယ်လို Hyung~

"Tae လေး YeonJun ပြန်ရောက်ပြီလား တစ်ချက်သွားကြည့်ပေးဦး"

"ဟုတ် အစောကပဲ ပြန်လာသံတွေ ကြားလိုက်သေးတယ်
အခုပဲ သွားကြည့်လိုက်မယ် "

YeonJun အခန်းရှေ့ရောက်တော့ တံခါးကလော့ချထားပြီး အထဲမှာလဲ ဘာသံမှမကြား ပြတင်းပေါက်ကနေ ချောင်းကြည့်တော့လဲ တစ်ခန်းလုံးမှောင်မဲနေတာပဲ ပြန်မလာသေးတာများလား

"Hyung အခန်းထဲမှာ လူမရှိဘူးထင်တယ် "

"ဒါဆို ဘာမှမဖြစ်ခင် ရှာမှ ဖြစ်တော့မယ်
Tae လေး သူသွားနေကြနေရာကို အရင် သွားကြည့်လိုက်"

"ဟင် သူသွားနေကြနေရာ?"

"Hyung ပို့ပေးထားတယ်လေ မဖတ်ထားဘူးလား Tae နော် အဲ့လိုပေါ့ဆလို့မရဘူးလေ ပြိုင်ဘက်ပါတီက သမ္မတကြီးကို blackmail ပို့လာတယ် သူတို့တစ်ခုခုကြံစည်နေပြီ ထင်တယ် အဲ့ဒါကြောင့် အရင်ဆုံး YeonJun ကို ရှာပါ ကျောင်းရေကူးကန်ကို အရင်သွားကြည့် မြန်မြန် "

"ဟု-ဟုတ်"

**တကယ်ပဲ ဒီအချိန်ကြီး ကျောင်းမှာ ဘယ်သူမှမရှိတော့တဲ့ဟာကို အဲ့ရေကူးကန်ကို ဘာသွားလုပ်တာလဲ တကယ်လို့ အဲ့မှာမရှိရင် ဘယ်လိုလုပ်မလဲ တစ်ခုခုဖြစ်နေရင်ကော သူဘာမှမဖြစ်ပါစေနဲ့

ကျနော်လဲ ကျောင်းထဲဝင်ကြည့်ပြီး အားကစားလုပ်တဲ့ အဆောက်အဦးထဲဝင်ပြီး ရေကူးကန်ဘက်ကို သွားမယ်လုပ်နေ‌တုန်း အရိပ်တစ်ခုကိုတွေ့လိုက်ရတယ်

အဲ့ဘက်ကို သွားကြည့်တော့ ခိုးကြောင်ခိုးဝှက်နဲ့ လူသုံးယောက်ပဲ ပြိုင်ဘက်ပါတီက ဖြစ်လောက်မယ်

"ဟေ့လူတွေ ဒီကိုဘာလာလုပ်တာလဲ"

"မဆိုင်တာတွေ ဝင်မပါရဘူး ကလေးရဲ့ အသားမနာချင် ကလေးက ကလေးလိုနေရတယ်"

**ဘယ်ကို လာပြီး ကလေးလို့ပြောနေတာပဲ အကုန် ရိုက်သတ်လိုက်ရလို့ သေကုန်ဦးမယ်

"မနေဘူးဆိုရင်ကော"

"ရန်လိုနေတဲ့ ကြောင်ပေါက်လေးပါလား ဝင်ပါရင် ညှာမှာမဟုတ်ဘူးနော်"

"လာစမ်းပ-..အာ့!!"

စကားပြောနေတုန်း မျက်နှာပေါ်ကျလာတဲ့ လက်သီးတစ်ချက် F**k စကားပြောနေတုန်း အလစ်မတိုက်ရဘူးဆိုတာ မသိဘူးလား

ထို့နောက် သုံးယောက်ထဲက နှစ်ယောက်က လက်ကိုလာချုပ်ထားပြီး ကျန်တဲ့တစ်ယောက်က ထပ်ထိုးဖို့ ပြင်တော့ တစ်ခါပဲခံမယ် ‌အဲ့တစ်ယောက်ကို ခြေထောက်နဲ့ကန်လိုက်ပြီး ဘေးနားက နှစ်ယောက်ဆီကနေ ရုန်းဖို့လုပ်နေတုန်း

"ဟေ့လူတွေ ရပ်လိုက်စမ်း!!"

(ʃƪ^3^)Hello~~ အပ်ပုဒိတ်ပြန်လုပ်ပါတော့မယ် Salvation လေးကို နည်းနည်းလောက်အချိန်ယူဦးမယ်လေနော် ကြားထဲကအပိုင်း‌အတွက် စဉ်းစားမရသေးတော့ ရှေ့ပိုင်းနဲ့ နောက်ဆက်ရေးမဲ့ အပိုင်းကို ချိတ်မရဖြစ်နေလို့😆သုံးရက်လောက်နား‌ထားတဲ့ ဦးနှောက်ကို ပြန်အလုပ်ခိုင်းပြီး ပျောက်နေတဲ့ အပိုင်းကို အတွေးထဲမှာ လိုက်ရှာလိုက်ဦးမယ်နော်
(~ ̄³ ̄)~

Continue Reading

You'll Also Like

523K 26.4K 78
Anna Watson's life was far from easy. A battle with cancer left her frail, defeated, and questioning her life's meaning. Her final moments were fille...
1M 38.6K 80
❝The way you're looking at me right now makes me wonder where you want me.❞ stolen glances, hushed whispers, teasing breaths, ...
351K 19.2K 52
[𝗕𝗢𝗢𝗞 1] When Jungkook married 'mina' just for his father 'kim taehyung'. Kim taehyung who is jungkook's father's friend, visits their house and...
47K 5.3K 22
"ထာဝရမင်းဘေးအတူရှိနေမှာ။ ကိုယ်အသက်နဲ့ ခန္ဓာကိုယ်အတူမရှိခဲ့တော့ရင်တောင်..."