နောက်တစ်နေ့မနက်ကျတော့ ဂျယ်ယွန်းကရေသွားသောက်နေချိန် ဂျယ်ယွန်းရဲ့အဆက်ဟောင်းက၁၀လွှာကိုရောက်လာခဲ့ပြီးဂျယ်ယွန်းကိုမြင်သွားလေရဲ့...။
အနောက်မှာရပ်လိုက်ပြီးနားနားကိုတိုးကာ
"ဂျယ်ယွန်း" ဆိုပြီးတိုးတိုးလေးကပ်ခေါ်လိုက်တော့ဂျယ်ယွန်းလည်းလန့်သွားတာပေါ့...။
"ချီးပဲ ဘာကြီးလဲ?အော်?မင်း!!!"
"မတွေ့ရတာကြာပြီနော်" ဆိုပြီးပြောနေတုန်းထွက်ပြေးမလို့လုပ်တော့လက်ကိုဆွဲလိုက်ကာ
"ဘာလဲ?ဘာလဲ?လမ်းခွဲမယ်လို့ပြောပြီးပြီလေ"
"ကုမ္ပဏီတောင်လာတူနေတာကဖူးစာလို့မထင်ဘူးလား?"
"ဖယ်စမ်းပါ ငါ့မှာရည်းစားရှိနေပြီသူမြင်ရင်စိတ်ဆိုးမှာ"
"နမ်းတဲ့ကိစ္စကိုတောင်မရှိသလိုသဘောထားခိုင်းထားတာကိုရည်းစား???ရှင်းဂျယ်ယွန်းမင်းဘာတွေမျှော်လင့်?သောက်ရှက်တော့ကွဲတော့မယ်" ဆိုပြီး
ပွစိပွစိနဲ့တစ်ယောက်တည်းတိုးတိုးတိုးတ်ိုးနဲ့စကားတွေပြောနေတော့ ထိုတစ်ယောက်ရယ်လိုက်ပြီး
"ဘာရယ်တာ?"
"တစ်ယောက်တည်းစကားပြောတတ်တဲ့အကျင့်ကအခုထိမပျောက်သေးဘူးပဲ အဘိုးကြီးအိုလေး" ဆိုပြီးပါးလေးကိုညှစ်လိုက်တော့တယ်...။
"အားးးနာတယ်" ဆိုပြီးပြောနေတုန်းဆောင်းဟွန်းကအနားကိုရောက်လာပြီးလက်ကိုဆွဲလိမ်လိုက်ကာ ဂျယ်ယွန်းအရှေ့ကကာလိုက်ရင်း
"မထိနဲ့သူ့ကို" ဆိုပြီးလက်ကိုအားနဲ့လွှတ်ပလိုက်တာပေါ့...။
ဂျယ်ယွန်းလက်ကိုဆုပ်ကိုင်ထားပြီး
"ချီးပဲ ဘာလဲမင်း?"
"သူ့ယောက်ျား"
"ဟမ်???" ဆိုပြီးရည်းစားဟောင်းတင်မကကာယကံရှင်ဖြစ်တဲ့ဂျယ်ယွန်းပါ
"ဘယ်တုန်းကလက်ထပ်လိုက်တာပါလိမ့်?" ဆိုပြီးတွေဝေရင်းမျက်လုံးကြီးပြုတ်ထွက်မတတ်ပြူးသွားလေရဲ့...။
တစ်ခုခုကိုအကြံရသွားပြီး
"ကိုယ်" ဆိုပြီးသူ့ရည်းစားဟောင်းလက်ကိုချိတ်လိုက်ကာ
"သူကလျှောက်ပြောနေတာပါအဲ့လိုပဲ ဂျိတ်ခ်ကကိုယ့်ကိုပဲချစ်တာသိရက်နဲ့" ဆိုပြီးအရွဲ့တိုက်ပြီးရည်းစားဟောင်းလည်းကြောင်နေတော့တယ်...။
"ဂျိတ်ခ်တကယ်ပြောတာလား?"
"တကယ်ပေါ့" ဆိုပြီးခနော်ခနဲ့အပြုံးနဲ့ပြောရင်းဆောင်းဟွန်းကချိတ်ထားတဲ့လက်ကိုကိုင်လိုက်ပြီး
"လိုက်ခဲ့" ဆိုပြီးအခန်းထဲဆွဲခေါ်သွားတာပေါ့...။
အခန်းတံခါးကိုလော့ခ်ချလိုက်ပြီးနံရံမှာကပ်လိုက်ရင်းလက်ထောက်လိုက်ကာ
"ဘာလုပ်တာလဲ?ဖယ်ပါ"
"ဘာသဘောလဲ?"
"ဘာကိုဘာသဘောတုန်း?"
"အိခုလေး"
"အဲ့လိုလာမခေါ်နဲ့ မုန်းတယ်"
"စိတ်ဆိုးနေတာလား?"
"ဘယ်သူကစိတ်မဆိုးဘဲနေမှာလဲ?လာနမ်းတုန်းကလာနမ်းပြီးတော့စကားလည်းမပြောတော့ဘူးမေးလည်းပြန်မဖြေတော့ဘူးမေ့လိုက်ပါဆိုတဲ့စကားတစ်ခွန်းတည်းနဲ့အဆုံးသတ်ပလိုက်တယ် အခုကျပြန်တော့လည်းယောက်ျားတဲ့ လူကရူးတော့မယ်တကယ်ပဲဝဋ်ပြန်လည်နေသလိုပဲသူများတွေကိုလုပ်ခဲ့သမျှ ပထမဦးဆုံးအနမ်းကိုလည်းပေးထားတာကိုဘာမှန်းလည်းမသိဘူး" ဆိုပြီးချစ်ဖို့ကောင်းအောင်ပြောနေတော့ဆောင်းဟွန်းကပြုံးလိုက်လေရဲ့...။
"ဘာလဲ ဘာပြုံးပြန်တာလဲ?"
"ကိုယ့်ကိုတကယ်ချစ်တာလား?"
"မချစ်ရင်အခုလုပ်နေမလားလို့?ကြောင်တောင်တောင်မေးခွန်းတွေလာမေးနေတယ်"
"စွာလိုက်တာ"
"စွာတော့ဘာဖြစ်လဲ?သူများတကာကိုလာပလေး-" ဆိုပြီးပြောနေတုန်းနမ်းလိုက်ကာ
"ပြွတ်စ် ပြွတ်စ် ပြွတ်စ်" ဆိုပြီးမရပ်မနားနမ်းရှိုက်သော်လည်းကြမ်းတမ်းမှုမရှိဘဲနူးညံ့မှုသာတိမ်းအောင်းနေတဲ့ထိုအနမ်းဟာအလွန်ချိုမြိန်ခဲ့ပါတယ်...။
ထပ်ပြီးငြင်းထုတ်လို့မရခဲ့ပဲငြိမ်ခံမိနေရင်းထိုအနမ်းလေးကိုသဘောကျနှစ်သက်နေကာ
"ပြွတ်စ်စ်စ်စ်စ်စ်" ဆိုတဲ့အသံနှင့်အတူရပ်တန့်လိုက်ပြီးနှာခေါင်းချင်းထိထားတာပေါ့...။
ဂျယ်ယွန်းနှာခေါင်းလေးကိုနူးနူးညံ့ညံ့လေးပွတ်လိုက်ရင်း
"ချစ်တယ်အကို"
"..."
"ဟော ပြန်မဖြေပြန်ဘူး"
"ကိုယ်လည်းအိခုလေးကိုချစ်တာမို့တွဲရအောင်" ဆိုပြီးပြောလိုက်တော့ဂျယ်ယွန်းလည်းပျော်သွားကာတင်းတင်းကြပ်ကြပ်ဖက်လိုက်လေရဲ့...။
ဆောင်းဟွန်းလည်းပြန်ဖက်လိုက်ကာကြည်နူးစရာမြင်ကွင်းလေးနဲ့အတူကြည်နူးစရာအချစ်ငှက်လေးနှစ်ကောင်ပေါ့...။
ညနေလည်းရောက်ကော ခုံပေါ်မှာထိုင်နေတဲ့
ဆောင်းဟွန်းအနားကိုရောက်လာပြီးချစ်စရာရုပ်လေးနဲ့ဆောင်းဟွန်းလက်ကိုပွတ်ရင်း
"အိမ်လိုက်မယ်" ဆိုပြီးချွဲနေတော့တယ်...။
"အိမ်??"
"ဟုတ်"
"ဘာလို့လိုက်ချင်တာလဲအိခုလေးက?"
"ရေမွှေးအကြောင်းလေ့လာချင်လို့" ဆိုပြီးလက်နဲ့ ဆောင်းဟွန်းလက်ပေါ်လမ်းလျှောက်သလိုပုံစံမျိုးလေးလုပ်ပြီးလည်ပင်း၊လည်ပင်းကနေတဖြည်းဖြည်းအောက်ဆင်းသွားကာကြယ်သီးနဲ့ဆော့နေလေရဲ့...။
"ရေမွှေးအကြောင်းလေ့လာမှာဟုတ်ရဲ့လား?"
"ဟုတ်ပါတယ်ဆို"
"အွန်းအွန်းလိုက်ခဲ့" ဆိုပြီးရုံးဆင်းတော့အိမ်ကိုအတူတူပြန်ကြကာဆောင်းဟွန်းကိုယ်တိုင်ကားမောင်းပြီးဂျယ်ယွန်းကခေါင်းလေးထွက်ရင်းလေညှင်းခံနေခဲ့တာပေါ့...။
"ခေါင်းအရမ်းမထွက်နဲ့အိခုလေး" ဆိုပြီးလက်ကိုဆွဲလိုက်ကာ ဂျယ်ယွန်းကဆောင်းဟွန်းပခုံးပေါ်မှီလိုက်ပြီး
"အွန်း?အိပ်မို့လား?"
"ဒီတိုင်း...မှီထားချင်လို့"
"ကိုယ်တို့တွဲတဲ့ကိစ္စကိုဦးလေးကိုပြောပြချင်လား?"
"အကို-အာမဟုတ်ဘူး ကိုယ့်သဘောပဲ"
"ဒါဆိုကိုယ့်ကိုအချိန်ခနပေးနော်"
"သဘောပါပဲဗျာ" ဆိုပြီးအိမ်ကိုရောက်တော့နှစ်ယောက်သားအတူတူဆင်းလိုက်ကြတော့တယ်...။
ဆောင်းဟွန်းအဖေကထွက်ကြိုပြီး
"သားပြန်ရောက်ပြီ-ဪ?ဂျယ်ယွန်းလေးလည်းပါတာလား?"
"ဟုတ်တယ်ဗျ"
"ကျွန်တော်ရေမွှေးအကြောင်းသင်ချင်လို့ပါအကို့ဆီက"
"ဪ...အဲ့လိုလား?"
"ဦးစိတ်အနှောင့်အယှက်မဖြစ်ဘူးမလားဗျ?"
"မဖြစ်ပါဘူးကွယ်"
"သားလေး ညီလေးကိုသေချာသင်ပေးနော် အဟွတ်အဟွတ်" ဆိုပြီးချောင်းထဆိုးတော့ဂျယ်ယွန်းကအနားကိုချက်ချင်းပြေးသွားကာ
"ရရဲ့လားဗျ?" ဆိုပြီးရေသွားပြေးခပ်ပေးလေရဲ့...။
"ရေလေးသောက်လိုက်ပါဗျ" ဆိုပြီးရေကိုဖြည်းဖြည်းချင်းတိုက်ပေးပြီး
"ကျေးဇူးပါကွဲ့"
"ရပါတယ်ဦး" ဆိုတဲ့ကြည်နူးစရာမြင်ကွင်းလေးကိုဆောင်းဟွန်းကပြုံးရင်းကြည့်နေကာ
"ဖေဖေပန်းခြံဘက်ခနသွားလိုက်ဦးမယ်အေးအေးဆေးဆေးနေကြနော်"
"အာမဟုတ်တာ မရှောင်ပေးလည်းရပါတယ်ဗျ"
"အဲ့လိုမဟုတ်ဘဲ လေညှင်းချင်လို့ပါ"
"သေရောငါဘာတွေသွားပြောနေမိပါလိမ့်?" ဆိုပြီးပါးစပ်ကိုမသိမသာဖြတ်ရိုက်လိုက်ရင်း
"ဟုတ်ကဲ့ဦး" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းအဖေလည်းခြံထဲကနေထွက်သွားတော့တယ်...။
ဆောင်းဟွန်းတို့လည်းအခန်းထဲရောက်သွားပြီး
"ဘယ်နေရာကစလေ့လာချင်လဲ?ရေမွှေးအကြောင်းကသိပ်တော့မခက်ပါဘူးဒါပေမဲ့အနံ့မှတ်ရတာလေးတွေတော့ခက်မယ်"
"ရေအရင်ချိုးရအောင်လေချွေးတွေကြီးပဲကြည့်ဦး"
"အဲ့ဆိုအိခုလေးအရင်သွားချိုးလိုက်နော့်"
"ဟာ မဟုတ်ဘူးလေအတူတူချိုးမယ်လေ"
"အတူတူ?"
"ဪ" ဆိုပြီးအင်္ကျီနဲ့ဘောင်းဘီကိုချွတ်လိုက်ပြီး ဘောင်းဘီအတိုလေးနဲ့ချစ်ဖို့ကောင်းတဲ့ဂျယ်ယွန်းလေးကို ဆောင်းဟွန်းကမကြည့်ဘဲမျက်နှာလွှဲလိုက်ကာ
"ဟာ ကြည့်တောင်မကြည့်ချင်ဘူးဆိုတဲ့သဘောလား?ဟွန့်" ဆိုပြီးပြောလိုက်တော့ပြုံးလိုက်တာပေါ့...။
"ထားပါတော့ ရှက်ဖို့ကောင်းတယ်" ဆိုပြီးအင်္ကျီပြန်ဝတ်မလို့လုပ်တုန်း ဆောင်းဟွန်းထလာပြီးအနားရောက်လာကာဂျယ်ယွန်းကိုပွေ့ချီလိုက်လေရဲ့...။.
ရေချိုးခန်းထဲခေါ်သွားကာနှင်းဆီးပန်းပွင့်တွေကြဲနေတဲ့ရေချိုးဇလုံထဲဖြည်းဖြည်းချင်းချလိုက်ပြီးတော့လက်တစ်ဖက်ကတံခါးကိုလော့ခ်ချလိုက်ရင်းတခြားလက်တစ်ဖက်ကကြယ်သီးကိုချွတ်လိုက်တော့တယ်...။
ဂျယ်ယွန်းလည်းမျက်လုံးကိုလက်နဲ့ကာထားပြီးဆောင်းဟွန်းကရေချိုးဇလုံထဲတဖြည်းဖြည်းဝင်လာကာလက်ကိုဖယ်လိုက်ရင်းအနားတိုးလာကာ
"ကိုယ်အိခုလေးကိုဘာမှမလုပ်မှာမို့စိတ်မပူပါနဲ့" ဆိုပြီးနားထဲကိုတိုးတိုးလေးကပ်ပြောလိုက်တာပေါ့...။
"ဟင့်အင်း လုပ်စေချင်လို့မျက်လုံးမှိတ်ထားတာလေလုပ်လုပ်မရဘူး" ဆိုပြီးအတင်းချွဲပြီးလက်ကိုဆွဲထားကာ
"ဒါဆိုလည်း" ဆိုပြီးလည်ပင်းနားလေးကပ်လာရင်းအသက်ရှူနေလေရဲ့...။
"ယားတယ်ကိုယ်ရဲ့" ဆိုပြီးချစ်ဖို့ကောင်းစွာပြောနေတော့ဆောင်းဟွန်းကအသည်းယားပြီးလည်ပင်းလေးကိုနူးနူးညံ့ညံ့စုပ်နမ်းလိုက်ပြီးတော့ ပေါင်လေးကိုနမ်းလိုက်တော့တယ်...။
"အသည်းယားအောင်အရမ်းလုပ်တာပဲရည်းစားမထားဖူးတာကောဟုတ်ရဲ့လား?"
"အိခုလေးကကိုယ့်ဘဝမှာပထမဦးဆုံးပဲ" ဆိုပြီးရေဗန်းဖွင့်ချလိုက်တော့
"အေးလိုက်တာ"
"ရေပူပြောင်းပေးရမလား?"
"ဟင့်အင်းမလိုဘူး" ဆိုပြီးချစ်ဖို့ကောင်းစွာပြောပြီးဆောင်းဟွန်းရင်ခွင်ထဲတိုးဝင်လိုက်ရင်း
"ဖက်ထားပြီးခေါင်းလေးကိုသပ်ပေး"
"အွန်း" ဆိုပြီးဖက်လိုက်ကာ ခေါင်းလေးကိုနူးနူး
ညံ့ညံ့လေးသပ်ပေးနေတာပေါ့...။
ရေချိုးပြီးတော့ပြောထားတဲ့အတိုင်းရေမွှေးအကြောင်းလေ့လာကာ
"အာ..အဲ့လိုကိုး"
"အွန်းအဲ့တော့" ဆိုပြီးသေချာရှင်းပြနေပြီးနာရီဝက်လောက်ကြာတော့ဂျယ်ယွန်းကအိပ်ငိုက်လာလေရဲ့...။
ဆောင်းဟွန်းပခုံးပေါ်လေးမှီရင်းနားထောင်နေသလိုနဲ့အိပ်နေပေမဲ့ဆောင်းဟွန်းကသတိမမူမိပဲဆက်ပြောပြနေပြီး
"နားလည်လား?"
"ဪနားလည်တာပေါ့" ဆိုပြီးအိပ်ချင်မူးတူးနဲ့လျှောက်ပြောနေ၍ ဆောင်းဟွန်းကတော့မသိဘဲဆက်ပြောနေတာပေါ့...။
ခနကြာတော့ဟောက်သံကြားတာနဲ့ဆောင်းဟွန်းလည်းအိပ်ပျော်သွားမှန်းသိသွားပြီး
"အိပ်ပျော်သွားတာပဲ" ဆိုပြီးစိတ်မဆိုးဘဲဂျယ်ယွန်းလေးကိုမရင်းကုတင်ပေါ်မှာသိမ့်လိုက်တော့တယ်...။
စောင်ကိုသေချာခြုံပေးနေချိန်မှာပဲဂျယ်ယွန်းကလက်ကိုဆွဲလိုက်ကာ
"အွန်း?"
"တူတူလာအိပ်ဖက်ပြီးအိပ်ချင်တယ်" ဆိုပြီးပြောတော့ဆောင်းဟွန်းလည်းဘေးနားမှာဝင်အိပ်လိုက်ပြီး
"ကိုယ်ရောက်နေပြီနော်အိပ်အိပ်" ဆိုပြီးဂျယ်ယွန်းကိုရင်ခွင်ထဲထည့်လိုက်လေရဲ့...။
ကျောလေးကိုပုတ်ပေးပြီးဂျယ်ယွန်းကတင်းတင်းကြပ်ကြပ်ဖက်ထားကာ
"မထားသွားပါနဲ့နော်"
"အွန်းမထားသွားဘူး" ဆိုပြီးပြန်ပြောရင်းဆောင်းဟွန်းလည်းတစ်နေကုန်အလုပ်လုပ်ထားရတော့ပင်ပန်းတာနဲ့ဂျယ်ယွန်းလေးနဲ့အတူတူအိပ်ပျော်သွားတော့တယ်...။
နောက်တစ်နေ့မနက်ကျဂျယ်ယွန်းကနိုးလာပြီးမျက်လုံးနှစ်လုံးဖွင့်လိုက်ရင်း ဆောင်းဟွန်းကိုမော့ကြည့်ကာ မျက်လုံးဖွင့်လိုက်တာနဲ့ဆောင်းဟွန်းကိုမြင်ရတော့သဘောတွေကျနေတာပေါ့...။
"ကိုယ်ကအရမ်းချောတာပဲ" ဆိုပြီးဖြူလွန်းပြီးနူးညံ့တဲ့အသားအရေရှိတဲ့မျက်နှာလေးကိုပွတ်ကြည့်ရင်း ချွန်ပြီးဆွဲဆောင်မှုရှိတဲ့နှာခေါင်းရယ်ဝိုင်းနေတဲ့မျက်လုံးရယ်၊စွဲမက်စရာလည်ဇလုတ်လေးနဲ့ပန်းနုရောင်သန်းနေတဲ့ထိုနှုတ်ခမ်းလေးကိုစိုက်ကြည့်နေမိလေရဲ့...။
အပြာရောင်လက်လက်ထနေတဲ့ထိုမျက်ဝန်းလေးပွင့်လာခဲ့ပြီး
"နိုးပြီလားကိုယ်?"
"အွန်း"
"အလုပ်သွားဖို့စောသေးတယ်ပြန်အိပ်လိုက်ဦး" ဆိုပြီးပြောနေတုန်းရုတ်တရက်တံခါးဖွင့်လိုက်တဲ့အသံကြောင့်ဂျယ်ယွန်းတစ်ယောက်စောင်ထဲချက်ချင်းဆင်းလိုက်ကာကိုယ်ယောင်ဖျောက်လိုက်ပြီး
"ဪသားအိပ်နေတာလား?ဆောရီးနှောင့်ယှက်မိသွားပြီ"
"ရတယ်ဖေဖေ"
"ဒါနဲ့ဂျယ်ယွန်းကော?"
"အာ...ဟို"
"ဪ?"
"ကျွန်တော့်ဘေးမှာဗျ"
"အမ်?ဘယ်မှာတုန်း?" ဆိုပြီးမေးတော့ဂျယ်ယွန်းလည်းစောင်ထဲကထွက်လာတော့တယ်...။
"အိပ်ပျော်တာစောင်ထဲတောင်ဝင်သွားတယ်"
"ဪ...ဖေဖေမနက်စာပြင်ပေးထားတာမို့ပြီးရင်လာစားကြနော်အဲ့ဒါလာပြောတာ"
"ဟုတ်ကဲ့" ဆိုပြီးပြိုင်တူပြောလိုက်ကြပြီးဆောင်းဟွန်းအဖေလည်းအခန်းထဲကထွက်သွားကာ
"ဟူးးးး" ဆိုပြီးပြိုင်တူသက်ပြင်းချလိုက်ရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်လိုက်ကြတာပေါ့...။
"အပြစ်လုပ်ထားသလိုပဲစောင်ထဲဆင်းသွားမိတာ"
"ဟုတ်ပါ့"
"ခန၅မိနစ်လောက်ပြန်အိပ်ရအောင်"
"အိခုလေးသဘော" ဆိုပြီးပြန်အိပ်ကြကာခနအကြာကျရေမိုးချိုးအဝတ်အစားလဲပြုပြီး
"နတ်ကတိုင်လေးစည်းပေးပါဦး" ဆိုပြီးပြောတော့ဂျယ်ယွန်းလည်းခုံယူမလို့လုပ်ချိန်
"ခုံမလိုဘူးလေ"
"အမ်?အဲ့ဆိုဘယ်လိုစည်း-" ဆိုပြီးပြောတုန်းဆောင်းဟွန်းကမလိုက်လေရဲ့...။
"အွန်းစည်းတော့"
"အမြဲအဲ့တိုင်းပဲ" ဆိုပြီးနတ်ကတိုင်ကိုစည်းပေးရင်းပြုံးနေကာဆောင်းဟွန်းကအာရုံစိုက်ကြည့်နေပြီး
"အဲ့လိုကြီးကြည့်နဲ့လို့"
"ကြည့်မှာပဲ" ဆိုပြီးပြောနေတုန်းတံခါးဖွင့်သံကြားလိုက်တော့ ဆောင်းဟွန်းကဂျယ်ယွန်းကိုလွှတ်ချလိုက်တော့တယ်...။
ဂျယ်ယွန်းလည်းဖင်အောင့်သွားပြီးဆောင်းဟွန်းအဖေလည်းအခန်းထဲဝင်လာကာ ဂျယ်ယွန်းကိုပြုတ်ကျလျက်သားလေးမြင်သွားတော့
"ဟယ်ရရဲ့လားဂျယ်ယွန်းလေး?"
"ရပါတယ်" ဆိုပြီးနာသွားကာ ဆောင်းဟွန်းကအားနာသွားတာပေါ့...။
"တောင်းပန်ပါတယ်" ဆိုပြီးပါးစပ်ကိုမသိမသာလှုပ်လိုက်ကာ
"ဘယ်လိုဖြစ်သွားတာတုန်းဂျယ်ယွန်းလေး?"
"ဒီတိုင်းချော်လဲသွားတာဗျ"
"သတိထားဦးဂျယ်ယွန်းလေး" ဆိုပြီးအခန်းထဲကနေပြန်ထွက်သွားပြီး
"တောင်းပန်ပါတယ်နာသွားလား?တကယ်တောင်းပန်ပါတယ်" ဆိုပြီးလက်လေးကိုကိုင်ရင်းနူးနူးညံ့ညံ့မေးတော့
"ဗြဲ" ဆိုပြီးငိုပြလေရဲ့...။
"အိုမိုတကယ်တောင်းပန်ပါတယ်"
"သူများကနတ်ကတိုင်အကောင်းနဲ့စည်းပေးတာကို"
"တောင်းပန်ပါတယ်နော် စိတ်မဆိုးနဲ့"
"ရပါတယ်ဒါနဲ့ဦးကဘာလာလုပ်တာလဲ?ဘာမှလည်းမပြောဘဲနဲ့"
"ဟုတ်သားနော် ကိုယ့်အိခုလေးသနားပါတယ်"
"တော်ပြီ ခုံနဲ့ပဲတက်လုပ်တော့မယ်" ဆိုပြီးခုံသွားယူကာခုံပေါ်တက်ပြီးနတ်ကတိုင်ကိုစည်းပေးလိုက်တော့တယ်...။
"အောက်ဆင်းမယ်"
"အွန်း" ဆိုပြီးအတူတူအောက်ဆင်းကြကာမနက်စာစားပြုပြီးတော့ကုမ္ပဏီကိုသွားတဲ့လမ်းမှာ
"ကိုယ်?"
"အွန်း?"
"တိုင်စရာတစ်ခုရှိတယ်" ဆိုပြီးပြောတော့ဆောင်းဟွန်းကသေချာအာရုံစိုက်နားထောင်ပေးရင်း
"ဘယ်သူဘာလုပ်လဲအိခုလေးကို?"
"အတင်းပြောနေကြတယ် ကိုယ်ကအဖေ့သူငယ်ချင်းသားမို့ဦးစားပေးတယ်ဆိုပြီး"
"ဟုတ်လား?"
"ဟုတ်"
"ကိုယ်သူတို့ကိုပြောလိုက်မယ်နော်အိခုလေးကစိတ်မပူနဲ့" ဆိုပြီးပါးလေးကိုပွတ်လိုက်ပြီးကားဆက်မောင်းလိုက်တာပေါ့...။
ကုမ္ပဏီရောက်တော့ဂျယ်ယွန်းရဲ့ရည်းစားဟောင်းကိုလည်းအလုပ်ထုတ်ပစ်ပြီး
"အတင်းအဖျင်းပြောနေရအောင်အားယားနေတာလား?အော်???" ဆိုပြီးအော်လိုက်တော့အားလုံးလည်းလန့်သွားကာ
"အကယ်၍အဲ့လိုမျိုးထပ်ကြားရမယ်ဆိုအလုပ်ဖြုတ်ပစ်မယ်" ဆိုပြီးပြောလိုက်လေရဲ့...။
"သွားမယ်"
"ဟုတ်ကဲ့ဥက္ကဌ" ဆိုပြီးအတူတူဓါတ်လှေကားထဲဝင်သွားကြကာ ဓါတ်လှေကားစီးနေရင်းဘာစိတ်ထပေါက်မှန်းမသိတဲ့ဆောင်းဟွန်းတစ်ယောက်ဂျယ်ယွန်းပါးကိုလှည့်ကိုင်ပြီး
"ပြွတ်စ်" ဆိုပြီးနမ်းလိုက်ရင်းလက်ကိုကိုင်လိုက်ကာ ၁၀လွှာရောက်သွားတော့အခန်းထဲဆွဲခေါ်သွားတာပေါ့...။
"သင်ပေးစရာရှိတယ်" ဆိုပြီးခုံမှာထိုင်လိုက်ပြီးကွန်ပျူတာကိုကြည့်နေတော့
"နမ်းပြီးလုပ်ငန်းအကြောင်းသင်ပေးမို့တဲ့လား?
ဟွန့်" ဆိုပြီးအနားကိုတိုးလာကာ ကွန်ပျူတာကိုပိတ်ချလိုက်လေရဲ့...။
"အွန်း?" ဆိုပြီးမော့ကြည့်ရင်းမေးနေတုန်းမျက်မှန်ကိုချွတ်လိုက်ကာ ပေါင်ပေါ်တက်ခွလိုက်ပြီး
"အိခုလေးကိုပဲကြည့်" ဆိုပြီးကြယ်သီးနဲ့ဆော့နေတာပေါ့...။
"ခုနကလိုအဆူခံချင်လို့လား?"
"မဆူရက်ပဲနဲ့များ"
"အလျှော့မပေးဘူးနော်ရည်းစားဆိုပြီး"
"ခနပဲလေလုပ်ငန်းကိုစိတ်ဝင်စားပါ့မယ်လို့ကတိပေးပါတယ်နော် နော်လို့" ဆိုပြီးအတင်းတောင်းဆိုတော့ဆောင်းဟွန်းကနှုတ်ခမ်းလေးကိုအသာလေးနမ်းရှိုက်လိုက်ပြီး
"ပြွတ်စ် ပြွတ်စ် ပြွတ်စ် ပြွတ်စ် အင်း...(ခါးကိုအနားဆွဲလိုက်တာပါ)" ဆိုတဲ့အသံလေးတွေပြည့်နှက်သွားရင်းအချစ်ငှက်လေးနှစ်ကောင်တစ်တီတူးနေကြပါတယ်...။
နေ့ခင်းလောက်ရောက်တော့
"ကိုယ့်ကိုတခြားကုမ္ပဏီကခေါ်နေလို့ခနဒီမှာနေခဲ့နော်"
"ဟုတ်ဟုတ်"
"ခနပဲနော့်" ဆိုပြီးခေါင်းလေးကိုပုတ်သွားရင်းအခန်းထဲကနေထွက်သွားကာ
"ပျင်းနေတော့မှာပဲငါတော့" ဆိုပြီးထလိုက်ပြီး
"စပ်စုကြတာပေါ့" ဆိုပြီးလိုက်စပ်စုနေလေရဲ့...။
ဆောင်းဟွန်းခုံပေါ်ထိုင်လိုက်ပြီး
"ဝါးးးမိုက်တယ် အနှိပ်ခံနေရသလိုပဲအညောင်းပြေတာ" ဆိုပြီးသဘောတွေကျနေချိန်ပဲအခန်းထဲဒုဥက္ကဌကဗြုန်းဆိုင်းကြီးရောက်ချလာတော့
"တံခါးလေးဘာလေးတော့ခေါက်မှပေါ့"
"အတွင်းရေးမှူးအဆင့်ကများ!!! ငါ့အသံကောင်းဟစ်နေသေးတယ် ဘာလဲ?မင်းဉက္ကဌနေရာကိုလိုချင်လို့ချည်းကပ်ခဲ့တာလား?"
"အဲ့လိုစိတ်မျိုးမရှိဘူးရှိမယ့်ရှိဒုဥက္ကဌမှာပဲရှိမှာ"
"ဘာ???"
"ဟုတ်တယ်လေ မလေးစားသင့်တဲ့သူကိုတော့မလေးစားနိုင်သလိုဦးကိုအသေကပ်ပေါင်းပြီးဥက္ကဌနေရာကိုမှန်းနေတဲ့သူကိုလည်းမလေးစားနိုင်ဘူး"
"ဦး?"
"ဥက္ကဌအဖေကိုပြောတာ"
"မင်းကဘာကိစ္စကိုဦးလို့ခေါ်တာ?"
"ဥက္ကဌအဖေရဲ့သူငယ်ချင်းသားမို့လို့ပဲ"
"ဘာ??"
"မသိဘူးမလား?အကယ်၍ဦးကိုသာပြောလိုက်မယ်ဆိုခင်ဗျားဘဝပျက်ပြီသာမှတ်ပဲ"
"အခုခြိမ်းခြောက်နေတာလား?"
"ဒါပေါ့"
"ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ?ဆောင်းဟွန်းမှမရှိတာ" ဆိုပြီးယုတ်မာတဲ့အပြုံးနဲ့အနားကပ်လိုက်ကာ
"ခင်ဗျားအနားမတိုးလာနဲ့နော်"
"အခုတော့ကြောက်ပြီပေါ့လေ" ဆိုပြီးပြောနေတုန်းမှာပဲဆောင်းဟွန်းကရောက်လာတော့တယ်...။
"ဘာလုပ်နေတာလဲ??" ဆိုပြီးအော်လိုက်ကာ
"ဘယ်လိုရောက်လာတာလဲ?"
"ငါမရှ်ိတုန်းလုပ်ချင်တိုင်းလုပ်မယ်ပေါ့" ဆိုပြီးထိုးချလိုက်ပြီးအပေါ်စီးကနေအသေကိုထိုးနေတာပေါ့...။
"ကိုယ်တော်ပြီ သူအိခုကိုဘာမှမလုပ်ထားဘူး" ဆိုပြီးလက်ကိုအတင်းဆွဲပြီးတားလိုက်ကာ
"ကိုယ်?အိခု???"
"ဪအဲ့ဒါငါ့ရည်းစား" ဆိုပြီးသူ့အဖေကိုဖုန်းခေါ်လိုက်ပြီး
"ဒုဥက္ကဌကိုရာထူးကနေပယ်ဖျက်ခွင့်ပြုပါ"
"ဘာဖြစ်လို့လဲသား?"
"ကျွန်တော့်ရာထူးကိုလိုချင်တပ်မက်စိတ်များနေတာကြာနေပြီဖေဖေအခုတော့ဆက်ပြီးသည်းမခံနိုင်တော့ဘူး"
"သားလေးစိတ်ကြိုက်လုပ်လေနော့်"
"ကျေးဇူးပါ"
"မင်းကိုဒီနေ့ကစပြီးအလုပ်ထုတ်လိုက်ပြီထွက်သွားတော့ဒီနေရာကနေ" ဆိုပြီးပွဲကြမ်းပေးလိုက်လေရဲ့...။
အတားအဆီးနဲ့အနှောင့်အယှက်တွေမရှ်ိတော့ပဲအေးချမ်းခါစပြုလာပြီး အလုပ်ရှင်းသွားတဲ့ထိုကုမ္ပဏီလေးကိုစိတ်ချရတဲ့သူတွေခနတာလွှဲခဲ့လေပြီ...။