해의 흔적 [A Trace of the Wonder]...

By ZEIN_Grain

387 20 0

Original Author- 도해늘 Translator - ZEIN_Grain ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် HN ၏အဖွဲ့... More

အĕĭįĄĺĸ(၁)
အĕĭįĄĺĸ(၂)
အĕĭįĄĺĸ(၄)
အĕĭįĄĺĸ(၅)
အĕĭįĄĺĸ(၆)
အĕĭįĄĺĸ(၇)
အပိုင်း (၈)
အĕĭįĄĺĸ(၉)
အĕĭįĄĺĸ(၁၀)
အĕĭįĄĺĸ(၁၁)

အĕĭįĄĺĸ(၃)

38 2 0
By ZEIN_Grain

တိမ်ကင်းစင်သော နေ့တစ်နေ့ပင်။

ရီဆွန်း အိပ်ရာကနိုးလာချိန်တွင် နေမွန်းတည့်နေခဲ့ပြီ။
ပုံမှန်ဆို ထိုသို့မဟုတ်ချေ။သူ့မှာ အိပ်ပျော်ဖို့ခက်ခဲသည့် ပြသနာရှိသည်။သို့သော် မနေ့ညကိစ္စပြီးကတည်းက သူခေါင်းချသည်နှင့် အိပ်ပျော်သည့် အပြင် အချိန်အများကြီးအိပ်မိသွားသည်။လက်တွေ့ဘဝကနေ ထွက်ပြေးချင်သည့်အခါ အိပ်ပဲအိပ်နေသည့်သူတွေကဲ့သို့ဖြစ်နေခဲ့သည်။၁၂ နာရီနီးပါး အိပ်ထားသည့်တိုင် သူ၏မျက်နှာက ပင်ပန်းနေသည့်ပုံပေါက်နေလေသည်။

ထုံးစံအတိုင်း ဝရန်တာရှိ လိုက်ကာကို စစ်ဆေးရန် အခန်းထဲမှ ထွက်လာလိုက်သည်။လိုက်ကာသည် အနက်ရောင်ဖြစ်သည့်အပြင် ထူ၍ အပြင်လူများချောင်းမကြည့်နိုင်အောင် ပြတင်းပေါက်များကို အလုံကာထားပေးနိုင်သည်။သို့သော် အခန်းထဲမှလူများက အိမ်ကိုလျှောက်ပတ်နေရင်းမှ ပြတင်းပေါက်ဆီ သွားဆောင့်တတ်၍ သူ့အနေနဲ့ မဖြစ်မနေ စစ်ဆေးရသည်။လိုက်ကာကို ဆွဲချထားလား သို့မဟုတ် ပျက်စီးအောင်လုပ်ထားသလားဟူ၍ပင်။

မီးဖိုချောင်ထဲ ဝင်လိုက်သည်။

"အားလုံးကောင်းကောင်းအိပ်ပျော်ကြရဲ့လား"

သူမေးခွန်းမေးလိုက်ပေမဲ့ အဖြေပေးလာသည့်သူ တစ်ယောက်မျှမရှိချေ။ထို့နောက် သူ့ခြေလှမ်းတွေက တုံ့ခနဲ ရပ်သွားခဲ့သည်။ကိတ်က ကြမ်းပြင်ပေါ်မှာဖြစ်သည်။သူတို့ထဲက တစ်ယောက်က စားပွဲကို ဝင်တိုက်မိပြီး ပြုတ်ကျသွားတာဖြစ်မည်။

ကိတ်ကို ရီဆွန်းအပါအဝင် တစ်ယောက်မှမစားရသေးချေ။ကြမ်းပြင်ထက် တစစီပြန့်ကျဲနေသာကိတ်ကို ကြည့်နေသော
အကြည့်ထဲဝယ် နှမြောတသဖြစ်ဟန် စိုးစဥ်းမျှမရှိချေ။စိတ်အစုံက ရှုပ်ထွေးနေသည်။သက်ပြင်းတစ်ချက်ချရင်း ငုံ့ကိုင်းကာ ရှုပ်ပွနေသည့်အရာကို ရှင်းဖို့ရန်ပြင်လိုက်သည်။ကြမ်းပြင်က ခရင်မ်များကြောင့် ချော်နေလေသည်။

"ကလေးတွေလဲမဟုတ်တော့ဘဲနဲ့ ဘာလို့ လျှောက်ဖွထားတာလဲ?"

ကျီစယ်သည့်စကားနောက်မှာ အဖြေပါမလာပါ။သို့သော် ရီဆွန်းသည်ကား သူ့ဘာသာစကားပြောနေသည်မှာ အသားကျလွန်းသည်ထက် ပိုနေလေသည်။

ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရီဆွန်းသည်မနေ့ညက ဟင်းအကျန် များကို ပြန်နွေးလိုက်သည်။အသင့်စားအစားအသောက်များသည် ပြန်နွေးလျှင် အရသာက ပြယ်သွားတတ်သော်လည်း ရီဆွန်းသည်ကား စားနေတုန်းပင်။သို့သော် တစ်လုတ်နှစ်လုတ်စားပြီးနောက် အမှိုက်ပုံးထဲ အကုန်ပစ်လိုက်တော့သည်။

ရီဆွန်းသည် အမူအရာကင်းမဲ့နေသောမျက်နှာနှင့် လှည့်လိုက်သည်။ မျက်နှာထက် ခံစားချက်အကုန်ပုန်းကွယ်နေကာ ခွဲခြား၍မရနိုင်အောင် ဖြစ်သည်။

"အားလုံးလာကြပါအုံး မနေ့က နောက်ထပ်ဆေးတစ်မျိုးဝယ်လာတာကွာ အာနိသင်နည်းနည်းရှိမယ်ထင်တာပဲ"

ရီဆွန်းသည် ဧည့်ခန်းအလယ်ရှိ ဆိုဖာထက် ထိုင်လိုက်သည်။တစ်အိမ်လုံးကို လှည့်ပတ်သွားလာနေသော ဧည့်ခန်းထဲရှိအရာများသည် ဟိန်းဟောက်သည့်အသံနှင့်သာ တုံ့ပြန်ကာ သူ့အနီးသို့စုလာကြသည်။ရီဆွန်းသည် အနီးဆုံးလက်မောင်းကို ဆုပ်ကိုင်ကာ သူ့အနားထိုင်စေလိုက်သည်။ထိုသူသည် အေးစက်ပြီးမာတောင့်နေသည်မှာ အပင်အိုကြီးတစ်ပင်အလား။

အနှီ ၆ယောက်သောသူတို့သည် လူသားတစ်ယောက်၏အသွင်အပြင်ရှိသော်ငြား 'လူ'ဟုခေါ်ဆိုရန်မသင့်ဟန် ထူးဆန်းနေသည်။ထိုင်းမှိုင်းသည့်အကြည့် သွေးမရှိဟုထင်ရအောင်ဖြူဆွတ်နေသော ခန္ဓာနှင့်ဖြစ်သည်။မည်သို့ပင်ဆိုစေ ထိုသူတို့သည် ရီဆွန်း၏သူငယ်ချင်းများဖြစ်သကဲ့သို့ ဒီနေရာတစ်ခုလုံးကို လှည့်ပတ်သွားလာနေသည့်အပြင် ရံဖန်ရံခါ ခြောက်ခြောက်ကပ်ကပ်အသံကဲ့သို့သော ထူးထူးဆန်းဆန်းအသံများကို ပြုလုပ်တတ်သေးသည်။သူတို့သည် ရီဆွန်းနှင့် အတူနေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။

သူတို့သည် သေသွားခဲ့ပြီဖြစ်သည်။သို့သော် ရီဆွန်းက သူတို့ကို အသက်ပြန်သွင်းထားတာဖြစ်သည်။

အရာအားလုံးက ဒုတိယအကျဥ်းတိုက်ကြီးအတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပင်။ထိုအကျဥ်းတိုက်သည် Sအဆင့် မဟုတ်ခဲ့ပေမဲ့ အကျိုးသက်ရောက်မှုက ပြင်းထန်ခဲ့၍ Sအဆင့်ဟုခေါ်ခဲ့ကြသည်။

၎င်းသည် ကိုးရီယား၌ ပထမဆုံးပေါ်ခဲ့သော ကွင်းဆက်အကျဥ်းတိုက်ပင်။Cအဆင့်ကို ရှင်းပြီးခါမှာပင် ABအဆင့်က ရုတ်တရက်ပေါ်လာခဲ့တာဖြစ်သည်။

လူတော်တော်များနှင့်အတူ ရီဆွန်းအပါအဝင် သူ့သူငယ်ချင်းအကုန်လုံးဆွဲခေါ်ခံခဲ့ရသည်။အကုန်သေသွားခဲ့ကာ ဒုတိယအကျဥ်းတိုက်၌ ရီဆွန်းတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့တာဖြစ်သည်။ရီဆွန်းသည် အမှန်တရားကို လက်မခံနိုင်ခဲ့ပါ။စိတ်လွတ်သွားခဲ့ပြီး သူ၏ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်းစွမ်းအားကို သက်ရှိတွေအပေါ်မှာ ပထမဆုံး စမ်းသုံးခဲ့တော့သည်။

အကျဥ်းတိုက်ကြမ်းခင်းပေါ် လဲကျနေသည့် သူငယ်ချင်းတွေမှာ အသက်ပြန်ရှင်လာသော်လည်း လူမဟုတ်တော့။သူတို့သည် ဦးနှောက်က အလုပ်မလုပ််တော့ချေ။ခန္ဓာကိုယ်က လူသေကဲ့သို့ ဖြူလျော်နေသည်။အလောင်းကောင်အတိုင်းပင်။

ရီဆွန်းသည် သူတို့ကို လူသားကဲ့သို့ဖြစ်စေရန်ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်။ထပ်ခါထပ်ခါကြိုးစားခဲ့သည်။သို့သော် တစ်ခါမှ မအောင်မြင်ခဲ့။နောက်ဆုံး အသက်မရှင်စေချင်တော့သည်အထိပင်။လက်ရှိတွင် သူတို့ကို အေးချမ်းစွာနှင့်မျက်လုံးမှိတ်စေချင်လေသည်။ဒါပေမဲ့ ဘာဖြစ်လို့ အဲဒါလေးတောင် သူ့အတွက် အရမ်းခက်ခဲနေရတာလဲ။သူ အကုန်လုံးကို သတ်လိုက်ဖို့ပဲလိုတာမလား။

ရီဆွန်းသည် Sအဆင့် ပြန်လည်ပြုပြင်ထိန်းသိမ်းသူဖြစ်သော်ငြား သူ့မှာ တားမြစ်ခံထားရသည့်အရာရှိသည်။သူသည် မျိုးတူသက်ရှိများကို အန္တရာယ်မပြုနိုင်။သူ့သူငယ်ချင်းများ၏ လူသားထက် အလောင်းကောင်နှင့်ပိုတူနေသည့်အဖြစ်ကို
ကြည့်ရင်း သူတို့ကို ထိခိုက်အောင်လုပ်နိုင်မလားဆို့သည့် သိချင်စိတ်နှင့်စမ်းကြည့်ဖူးသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်က ဓားနှင့်ပင်သတ်၍မရပေ။အတော့်ကိုမှ သောကရောက်ရသည်။

ထိုကြောင့် ရီဆွန်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဆေးရည်သုံးရန်ဖြစ်သည်။အခုချိန်ထိ စျေးကွက်မှာ ရနိုင်သမျှ သာမန်မဟုတ်သည့် ပြန်ကောင်းစေသောဆေးမျိုးစုံအောင် စမ်းကြည့်ဖူးသည်။တစ်ခုမှအလုပ်မဖြစ်ဘူးဆိုပေမဲ့။ရီဆွန်းသိထားသည့်အတိုင်းဆို အကျဥ်းတိုက်အတွင်း ဧရာမသားရဲကြီးများ၏ကျိန်စာ သို့မဟုတ် တိုက်ခိုက်မှုကို ခံရသည့် အခြေအနေပုံမှန်မဟုတ်သော အမဲလိုက်မုဆိုးများကိုကုသရာတွင် သုံးသောဆေးပင်။

"ဒီထူးခြားတဲ့ ကုသဆေးကို သုခဘုံအဖွဲ့အစည်းကနေ ရလာတာ။ဘယ်လောက်စျေးကြီးတယ်မှတ်လဲ"

သုခဘုံအဖွဲ့အစည်းသည် ကိုးရီးယားရှိတတိယအကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။၎င်းတို့ကဲ့သို့သော အဖွဲ့အစည်းကြီးများ၏ လုပ်ဆောင်မှုက အခြားကုမ္ပဏီများနှင့်မတူချေ။သူတို့ဆီတွင် ဆေးရည်အမျိုးမျိုးကို စမ်းသပ်ဖော်စပ်ရန် ကုသသူအများကြီးကို ခန့်ထားပြီး ရောင်းကြသည်။ဆေးရည်တွင် များသောအားဖြင့် အဆင့်မြင့်ဧရာမသားရဲကြီးများဆီက ရလာသည့် အဖိုးတန် မှော်သလင်းကျောက်များနှင့် ရောစပ်ထားတာဖြစ်သည်။

ထိုဆေးရည်များသည် အရမ်းစျေးကြီးပါသည်။ရီဆွန်းသည် ပိုက်ဆံရှာရာတွင် နည်းနည်းချင်းစီပဲ ရှာရသည်။ပုံမှန် ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်သူတစ်ယောက်အနေနှင့် ငွေရှာရမခက်သော်ငြား သူ့မျက်နှာကို လူထုရှေ့ချမပြနိုင်တာကြောင့် နည်းနည်းချင်းစီပဲ ရှာနေရတာဖြစ်သည်။မသေမျိုးဖြစ်သွားသည့် သူ့သူငယ်ချင်းတွေအကြောင်းကို ရှာတွေ့သွားမည်ကို ကြောက်၍ဖြစ်သည်။

ရီဆွန်းသည် သူ့သူငယ်ချင်း၏လက်မောင်းကို ကိုင်၍ ဆေးထိုးလိုက်သည်။

"ဘယ်လိုနေလဲ"

"....အာ..အား..."

"မင်း အင်းအား ပဲလုပ်နေတာ... ဘာလို့အလုပ်မဖြစ်ရတာလဲ"

ရီဆွန်းသည် စိတ်ဒုန်းဒုန်းကျစွာ မေးမိသည်။ဆေးရည်ကို ဆိုဖာပေါ် လွင့်ပစ်လိုက်တော့သည်။သူ သိသည်။စျေးကွက်ထဲမှာ ရောင်းသမျှဆေးတွေက သူ့သူငယ်ချင်းတွေကို သတ်နိုင်လောက်သည့် အကျိုးသက်ရောက်မရှိချေ။သူ အမှားလုပ်မိသွားတာလဲ ဖြစ်နိုင်တာပဲမလား။မည်သို့ပင် ယုံကြည်ရန်နှုန်းက တိမ်ပါစေ သူ လက်မလျှော့နိုင်။

"..HNလည်း ဆေးရည်တွေနဲ့ပတ်သက်ပြီး နာမည်ကြီးတာပဲ..."
နားထင်ကိုလက်နှင့်ဖိထားပြီး ဆိုဖာနောက်မီထားရင်းနှင့် ရေရွတ်လိုက်မိသည်။

အမှန်မှာ အရေးပါသောအဖွဲ့အစည်းအားလုံးလိုလိုက အရည်အသွေးမြင့်ဆေးများကို ဖော်စပ်နိုင်ကြသည်။၎င်းတို့ထဲမှ HN၏ ဒု-ဥက္ကဌ ဆျာယွန်းဂန်လက်အောက်က ထုတ်သည့်ဆေးရည်များမှာ နာမည်အတော်ရသည်။ သို့သော် ကံမကောင်းစွာနှင့် စျေးကွက်ထဲ အလွယ်တကူ အရောင်းအဝယ်မလုပ်ခဲ့ပေ။ထိုဆေးရည်တို့သည် လေလံအိမ်တွေမှာ တစ်လနေလို့ တစ်ကြိမ်နှစ်ကြိမ်လောက်သာ ပေါ်လာတတ်သည်။

လူမှုကွန်ယက်ပေါ်၌ ဆျာယွန်းဂန်၏ဂုဏ်သတင်းက သိပ်မမွှေးလှပေ။ထိုရှားပါးဆေးရည်သည် လူထုအမြင်မှာသူ့နေရာကို မြှင့်တင်ဖို့ မဟာဗျူကြီးဟုပင် ကောလဟာလ ထွက်လာခဲ့သေးသည်။ဆျာဟွန်း၏ဂုဏ်သတင်းနေရာကို ဝင်ဖို့ဟုလည်းပြောကြသေးသည်။ဟိုးကတည်းက HNအဖွဲ့အစည်း ဥက္ကဌနေရာကို ပြိုင်လုနေကြသည့်အချိန်ကတည်းပင်။နောက်ပြီး လူတွေက ထို သွေးတစ်ဝက်ရောသည့် ညီအစ်ကိုတွေကြားက ဒရမ်မာကို ကြည့်ရတာကို ကြိုက်ကြသည်။

"အလုပ်ဖြစ်လောက်တယ်...."

ရီဆွန်းသည် မနေ့ညက ဆျာဟွန်းထားခဲ့သည့် လုပ်ငန်းကတ်ကို ရုတ်တရက် သတိရသွားသည်။ကမန်းကတန်း ထရှာပေမဲ့ မတွေ့တော့။ဟုတ်ချင်မှဟုတ်မှာပါ...ကောလဟာလတစ်ခုသာသာပဲလေ။အကျိုးသက်ရောက်မှုရှိချင်မှရှိမှာ။လက်ဆုပ်လက်ကိုင်မပြုနိုင်တဲ့ ဆေးကိုရဖို့ HNကို ဝင်မယ့်အစား အရေးမပါသည့်ပြန်လည်ပြုပြင်ထိန်းသိမ်းသူအနနဲ့
နေတာက ပိုကောင်းပါသည်။

ထိုကြောင့် ရီဆွန်းသည် ဖုန်းကိုထုတ်ကာ မစ္စတာဝမ်ကို ခေါ်လိုက်သည်။

"ဟယ်လို မစ္စတာဝမ် ကျွန်တော်ပါ...ပြောထားတဲ့ မြို့တော်အစိုးရရုံးပြန်ပြင်ဖို့ကို ကျွန်တော်လုပ်မယ်"

Continue Reading

You'll Also Like

1.3M 43.9K 42
A million dollar bounty, underground assassins, torture-it's all in a days work for assassin Jessie Wright. ...