Unicode
I have fallen in love with my spouse!
Chapter.21
''ဒေါက်...ဒေါက်''
''အသည်းရေ...အစ်မပါ''
''ဝင်ခဲ့လေမမ''
အခန်းရှေ့ကမမြသက်အသံကိုကြားသည်နှင့် အသည်း,ရေစိုနေတဲ့ဆံပင်ကိုရေသုတ်နေရင်းမှအသံလှမ်းပေးလိုက်၏။
သူမဆီမှအသံကြားသည်နှင့် မမြသက်ကအခန်းထဲဝင်လာပြီးမှ မှန်တင်ခုံရှေ့ထိုင်နေသောအသည်းထံလာကာ...
''အသည်း...ဒီနှုတ်ခမ်းနီကအသည်းဟာလား''
ဆိုပြီး နှုတ်ခမ်းနီလေးတစ်ဗူးကိုလာပေးလေ၏။
''ဟင့်အင်း...မဟုတ်ပါဘူး...မမဘယ်ကရတာလဲ''
''တည်တံ့ရဲ့ကားထဲက...သူ့ကားကိုဆေးပေးရင်းနဲ့တွေ့ခဲ့တာ...အသည်းဟာမဟုတ်ရင်ဘယ်မိန်းမဟာလဲမသိဘူး''
''အော်...မေ့လို့ ဒါအသည်းဟာမမရဲ့...သတိတွေကလည်းမကောင်းတော့ပါဘူး...ဒါအသည်းဟာ''
ပြောပြောဆိုဆိုနဲ့ အသည်းလက်ထဲကနှုတ်ခမ်းနီဗူးလေးအား မှန်တင်ခုံအံဆွဲထဲပစ်ထည့်လိုက်လေ၏။
ကိုကြီးရဲ့ကိုယ်ကျင့်သိက္ခာကို တစ်ယောက်ယောက်ကသံသယဝင်ပြီးအထင်သေးမှာမျိုးကို အသည်းလက်မခံနိုင်၍အခုလိုလုပ်လိုက်ရခြင်းပင်။
''ဒီကောင်မလေးဟာလေ...ငယ်ငယ်ရွယ်ရွယ်နဲ့မေ့တတ်လိုက်တာ အသည်းဟာဆိုရင်လည်းပြီးတာပဲ''
ပြောပြီးသည်နှင့်မမြသက်ကအခန်းထဲကပြန်ထွက်သွားတော့သည်။
ထိုအခါမှ အံဆွဲထဲကနှုတ်ခမ်းနီဗူးအား အသည်းပြန်ထုတ်ကြည့်မိ၏။
ဒါသူမဟာမဟုတ်တာလုံးဝအသေအချာပါပဲ။
ဒါဆိုကိုကြီးကားပေါ်ကိုတစ်ခြားဘယ်မိန်းမတွေကများရောက်နေတာလဲ။
ရိုးရိုးသားသားပဲဆိုရင်ကိစ္စမရှိပေမယ့်...
အသည်းအတွေးလွန်နေတုန်းမှာ ခါးမှာတဘက်တစ်ထည်သာပတ်ထားတဲ့ကိုကြီးကအခန်းထဲဝင်လာသည်ကို မှန်ထဲကနေတစ်ဆင့်အသည်းမြင်လိုက်ရသည်။
''အသည်း...ရေချိုးပြီးပြီလား... ညနေစောင်းကြီးကိုဘာလို့ခေါင်းတွေလျှော်လိုက်တာလဲ...တော်ကြာဖျားနေဦးမယ်''
''အသည်းကဘာမှမဖြစ်ပါဘူး...ကိုကြီးသာရေကူးတာကြာနေတာ ကိုကြီးသာဖျားနေမယ်''
ကိုကြီးကသူမကိုယ်လေးအားသိုင်းဖက်ပြီး နားရွက်ဖျားလေးကိုနမ်းလာလေသည်။
''ကိုကြီး...ကိုကြီးမှာမိန်းကလေးမိတ်ဆွေတွေရှိလား''
''ရှိတယ်လေအသည်းရဲ့...မေသစ်နဲ့ကာရန်လေ အသည်းလည်းသိနေတာပဲကို''
''သူတို့နဲ့ဒီရက်ပိုင်းတွေ့ဖြစ်သေးလား...ကားပေါ်ရော ခေါ်တင်သေးလား''
''အသည်းကိုအိမ်ပြန်ခေါ်ပြီးကတည်းကမတွေ့ဖြစ်ဘူး...အသည်းကဘာလို့မေးတာလဲ''
''ဒါဆို...''
အသည်းထိုင်ရာမှထရပ်ပြီး ကိုကြီးနဲ့မျက်နှာချင်းဆိုင်ရပ်ကာ လက်ထဲကနှုတ်ခမ်းနီဗူးလေးအားကိုကြီးရှေ့ထိုးပေးလိုက်ပြီး...
''ကိုကြီးကားထဲကတွေ့ခဲ့တဲ့ဒီနှုတ်ခမ်းနီဗူးကဘယ်သူ့ဟာလဲ''
''ကိုယ့်ကားပေါ်က...''
သူနှုတ်ခမ်းနီဗူးကိုသေချာကြည့်ပြီးမှ...
''မဟုတ်မှ...ဒါဟိုတစ်ယောက်ဟာထင်တယ်''
''ဘယ်တစ်ယောက်လဲ...ကိုကြီးနော် အသည်းကိုဖုံးကွယ်မထားနဲ့ ရှင်းရှင်းလင်းလင်းအမှန်တိုင်းပြော''
သူမမျက်နှာကငိုမဲ့မဲ့ဖြစ်နေပြီမို့ သူပါပြာသွားရ၏။
''ခဏလေးအသည်း...စိတ်ကိုအေးအေးထား...ကိုယ်ပြောပြမယ် မနေ့ကကိုယ်အိမ်ပြန်လာတော့ လမ်းမှာမိန်းကလေးတစ်ယောက်ကိုကားနဲ့တိုက်မိမလိုဖြစ်သွားတာ အဲဒါသူကခြေထောက်နာသွားတော့ ကိုယ်ကသူ့ကိုအိမ်ပြန်ပို့ပေးခဲ့တာ အဲဒါသူကျကျန်နေခဲ့တာနေမှာ''
''ဘာလို့အစကတည်းကမပြောတာလဲ...ကိုကြီးကအသည်းကိုအလေးလည်းမထားဘူး''
သူမကစူအောင့်အောင့်နဲ့ ကုတင်မှာဝင်ထိုင်ပြီး နှုတ်ခမ်းကိုစူချိတ်ကာ သူ့ကိုကျောပေးထားလေ၏။
တည်တံ့လည်းသူမနောက်ကျောလေးမှာကပ်ထိုင်ကာ ခါးသိမ်သိမ်လေးကိုဖက်လိုက်ပြီး...
''အသည်းကလည်းကွာ...ကိုယ်ကဘာလို့အလေးမထားတာဖြစ်ရမှာလဲ အဲ့ကိစ္စကအရေးမှမပါတာ''
''ဘာလို့မပါရမှာလဲ...အဲဒါမိန်းကလေးလေ အဲလိုကနေဇာတ်လမ်းတွေဖြစ်ရော ပြီးကျဖောက်ပြန်ကျရော''
''ဟာ...ဒါကိုယ့်ကိုအသရေဖျက်တာပဲ...တရားစွဲလို့ရတယ်နော်ကလေးမ...ဘာမှတ်နေလဲ''
''အသည်းပြောတာမဟုတ်လို့လား''
''မဟုတ်ပါဘူး...ကိုယ်ကဘာကိစ္စဖောက်ပြန်ရမှာလဲ...အဲလိုယုတ်ညံ့တဲ့အလုပ်မျိုးကိုကိုယ်မလုပ်ဘူး...ကိုယ့်ကိုသေချာကြည့်''
တည်တံ့ သူမကိုယ်လေးအားဆွဲလှည့်လိုက်ပြီးမှ...
''ကိုယ်ပြောတာသေချာနားထောင်...ကိုယ်ဘယ်တော့မှအသည်းကိုမဖောက်ပြန်ဘူး...အဲဒါကိုမျက်စိစုံမှိတ်ပြီးယုံထားလို့ရတယ် ကိုယ့်နှလုံးသားကအသည်းတစ်ယောက်တည်းအတွက်ပဲ ဟုတ်ပြီလား''
ထိုအခါမှအသည်းမျက်နှာလေးကအနည်းငယ်ပြုံးရိပ်သမ်းလာလေ၏။
''သူကလှလား''
''ဘယ်သိမလဲ...ကိုယ်မှသူ့ကိုသေချာကြည့်မလာတာ...ဒါပေမယ့်သေချာတာတစ်ခုကတော့ ကိုယ့်အသည်းလောက်ဘယ်သူမှလှမှာမဟုတ်ဘူး''
''အရင်ကတော့ရုပ်ဆိုးလို့မပတ်သက်ချင်ဘူးဆို''
''အဲ့တုန်းကကိုယ့်ရင်ထဲမှာအသည်းအတွက်အချစ်တွေမှမရှိသေးတာ...အခုကအဲလိုမဟုတ်တော့ဘူး ကိုယ့်ရင်ထဲမှာအသည်းအတွက်အချစ်တွေအပြည့်ပဲ...အဲတော့အသည်းရဲ့ဖြစ်တည်မှုတိုင်းကိုကိုယ်ချစ်တယ်...အရင်လိုဗြုတ်စဗျင်းတောင်းဆိုလည်းချစ်မှာပဲ''
''စကားတတ်တိုင်း''
သူမကရှက်ပြုံးလေးနဲ့ခေါင်းငုံ့သွား၍ တည်တံ့ကသူမကိုယ်လေးအားသိမ်းကြုံးဖက်ကာ မွေ့ယာထက်သို့ဆွဲလှဲချလိုက်လေသည်။
''ဒီညတော့ကိုယ်အငတ်မနေတော့ဘူးနော်''
''ကိုကြီးကကဲကိုကဲလွန်းတယ်''
''အသည်းကိုချစ်လို့လေ...အသည်းလည်းကိုယ့်ကိုချစ်တယ်မလား''
''ချစ်တာပေါ့ကိုကြီးရဲ့...ကိုကြီးကိုအသည်းကတအားချစ်တာ''
''အဲဒါဆိုလည်းဒီညအိပ်ရေးပျက်ခံပေးဦး''
''အို...ကိုကြီး''
ကိုကြီးရဲ့အရိုင်းဆန်လွန်းသောအနမ်းတွေနဲ့ ကြမ်းတမ်းလွန်းသောအထိအတွေ့တွေက သူမခန္ဓာကိုယ်လေးအနှံ့သို့ကျူးကျော်လာပါတော့သည်။
***
မြူနဲ့မိုးနှင်းဆီရဲ့ခြေလှမ်းတွေက မိုးဇေရဲ့တိုက်ခန်းဆီသို့ဦးတည်လို့နေလေ၏။
''မတိမ်ငွေ့မြူ...မိုးနှင်းနည်းနည်းတော့လန့်တယ်''
''အပိုတွေလုပ်မနေနဲ့''
မြူကခပ်ပြတ်ပြတ်ပြောပြီး တိုက်ခန်းရှေ့ကဘဲလ်ကိုနှိပ်လိုက်လေသည်။
ခဏကြာတော့ တိုက်ခန်းတံခါးပွင့်သွားပြီးမိုးဇေရဲ့မျက်နှာကပေါ်လာ၏။
သူကသံတံခါးကိုပါဖွင့်ပေးလိုက်သည်နှင့်မြူနဲ့မိုးနှင်းလည်း အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။
''သူပဲ...နှုတ်ဆက်လိုက်မိုးနှင်း''
မိုးနှင်းကမိုးဇေအားကြောက်ရွံ့သလိုကြည့်ကာ...
''ညီ ညီမနာမည်ကမိုးနှင်းဆီပါ''
မိုးဇေနဲ့မြူတို့ကဧည့်ခန်းမှာဝင်ထိုင်လိုက်သည်နှင့် မိုးနှင်းဆီကပါခပ်ရို့ရို့နဲ့ ခုံမှာဝင်ထိုင်လိုက်လေ၏။
''ဒီလောက်ထုံ'အ'နေပုံပေါ်တာ...သုံးစားလို့ရပါ့မလား''
''မသုံးကြည့်ဘဲနဲ့ဘယ်သိမလဲ...သူနဲ့တည်တံ့ကလည်းလူချင်းဆုံပြီးပြီ''
''ဟုတ်လား...အခြေအနေ''
သူကမိုးနှင်းဆီကိုကြည့်ပြီးမေးလိုက်ခြင်းပင်။
''သူကနာမည်အရင်းတောင်မပြောဘူး''
''အဟက်...တော်တော်အသုံးကျတာပဲ''
''.......''
''အင်းလေ...အဓိကကတည်တံ့နဲ့အသည်းတို့ပြတ်သွားဖို့ပဲ...ကျန်တာငါစိတ်မဝင်စားဘူး''
ထိုစကားကြားတော့ မြူ့မျက်နှာကဒေါသရိပ်တွေဖြတ်ပြေးသွားရလေ၏။
''နင်ပြန်တော့မိုးနှင်းဆီ''
''ဟုတ်ကဲ့''
သူမကနှစ်ခါပင်ပြောစရာမလိုဘဲ အခန်းထဲကနေမပြေးရုံတမယ်ထွက်သွားလေတော့သည်။
မြူကအခန်းတံခါးလိုက်ပိတ်ပြီးမှ ကိုယ်ပေါ်ကအဝတ်အစားတွေကိုတစ်ထည်ချင်းချွတ်ပြီး နေရာဆီသို့ပြန်ရောက်လာခဲ့၏။
ထို့နောက် မိုးဇေဆီလျှောက်လာပြီး သူ့ဘောင်းဘီဇစ်ကိုဖြုတ်ကာ သူ့ပေါ်တက်ခွထိုင်လိုက်လေသည်။
''ရှင့်အလိုကိုလိုက်ပြီး ရှင့်အကြိုက်ကိုဆောင်နိုင်တာ မြူပဲရှိတယ်darling''
''အဲဒါကြောင့်ငါကမင်းကိုအရမ်းအလိုရှိနေတာပေါ့...မင်းမရှိလို့မဖြစ်ဘူး''
''အဲ့စကားကြားရုံနဲ့ကျေနပ်နေပြီ...တစ်ခုရှိတာက အဲ့စကားကအစစ်အမှန်ဖြစ်ဖို့လိုတယ် မဟုတ်ရင် အထိနာမှာကရှင်ပဲ''
သူမရဲ့အကြည့်တွေကသားရဲတစ်ကောင်လိုမျိုးစူးရှလို့နေပြီး သူ့ကိုအတိအကျကြီးစိန်ခေါ်နေသည်။
သူမကကိုယ်ချစ်ရတဲ့သူရဲ့အမှားကိုပြည်ဖုံးကားချတတ်မယ့်မိန်းမမျိုးဟုတ်မနေ။
ဒါကိုသူသေချာသိနေပေမယ့်လည်း သူမကိုမှရွေးမိသွားခဲ့သည်။
သူ့ရွေးချယ်မှုအတွက် သူနောင်တတော့မရလာနိုင်ကောင်းပါရဲ့လေ။
***
''ဒေါက်...ဒေါက်''
''ဝင်ခဲ့''
သူ့အသံကြားသည်နှင့် အခန်းတံခါးပွင့်သွားပြီးမှ မိန်းကလေးတစ်ဦးကအခန်းထဲဝင်လာပြီး...
''ကိုတည်တံ့...မိန်းကလေးတစ်ယောက်ကကိုတည်တံ့နဲ့တွေ့ချင်လို့တဲ့''
''ဘယ်သူကလဲ''
''မိုးနှင်းဆီတဲ့...ကိုတည်တံ့နဲ့ဆုံဖူးတယ်ပြောတယ် သူကကိုတည်တံ့ကားနဲ့တိုက်မိမလိုဖြစ်ဖူးတယ်ပြောတယ်''
''ဪ...သူလား...ခေါ်ခဲ့လိုက်''
''ဟုတ်''
သူမ,ထွက်သွားပြီးမကြာခင်မှာပဲ မိုးနှင်းဆီကသူ့အခန်းထဲဝင်လာပြီး သူ့စားပွဲရှေ့ကခုံမှာဝင်ထိုင်လိုက်လေသည်။
''မိုးနှင်းကိုမှတ်မိပါတယ်နော်''
''အင်း...မင်းငါ့အလုပ်ကိုဘယ်လိုသိတာလဲ''
''ဒီလိုပဲပေါ့...မိုးနှင်းကကိုတည်တံ့ရဲ့အကြောင်းတွေကိုစိတ်ဝင်စားနေတဲ့မိန်းကလေးမို့လို့လေ''
''ငါအဲနေ့ကမင်းကိုတစ်ခြားနာမည်ပြောခဲ့တာလားလို့''
မိုးနှင်းဆီကမျက်နှာပျက်သွားပြီးမှ ချက်ချင်းပဲပြန်ပြုံးကာ...
''အဲ့ကိစ္စကိုပဲပြောတော့မလို့ အဲနေ့ကဘာလို့နာမည်အရင်းမပြောခဲ့တာလဲ...ဘာလဲ မိုးနှင်းကိုမခင်ချင်တာလား''
''ဟုတ်တယ်...မင်းငါ့အကြောင်းကိုစုံစမ်းရင်းနဲ့ ငါ့မှာဇနီးရှိတာကိုရောမသိခဲ့ဘူးလား''
''မသိပါဘူး မိုးနှင်းကကိုတည်တံ့မှာအိမ်ထောင်ရှိလားမရှိလားဆိုတာမှမစုံစမ်းခဲ့တာ''
''အဲဒါဆိုလည်းအခုသိပြီမလား...ငါ့မှာဇနီးရှိတယ်...ငါဘယ်မိန်းမနဲ့မှမပတ်သက်ချင်ဘူး...မင်းပြန်တော့''
''......''
''မကြားဘူးလား...ငါ့ဆီထပ်မလာနဲ့''
မိုးနှင်းဆီလည်းအခုလိုလုပ်မိတာကိုရော အခုလိုအပြောခံရတာကိုပါရှက်မိပါရဲ့။
မိသားစုအခြေအနေကြောင့်သာဒီအလုပ်ကိုလက်ခံခဲ့ရတာ။
ဒီအလုပ်သာအောင်မြင်ရင် သူမကငွေတွေမြိုးမြိုးမြတ်မြတ်ရမှာလို့မတိမ်ငွေ့မြူကပြောထားသည်။
သူမကအရင်ကဈေးထဲမှာဘုရားပန်းရောင်းတဲ့သာမာန်မိန်းကလေးတစ်ဦးပါ။
သူမကအမေတစ်ခုသမီးတစ်ခုဖြစ်ပြီး အရင်ကအမေကအသည်းမှာကျောက်တည်ပြီးဆေးရုံအရေးပေါ်တက်ရချိန်မှာ ဆေးဖိုးတွေအသည်းအသန်လိုနေတဲ့သူမက ရပ်ကွက်ထဲကငွေတိုးပေးတဲ့မိန်းမဆီမှာ အမေ့ဆေးရုံစားရိတ်တွေကိုချေးခဲ့ရသည်။
အခုအမေသက်သာလာပေမယ့် အကြွေးကတော့မကျေနိုင်သေးပေ။
ဒီလိုနဲ့တစ်ရက်မှာ အကြွေးရှင်မိန်းမကသူမဆီအတိုးလာတောင်းတာကို မတိမ်ငွေ့မြူကမြင်သွားပြီး သူမနဲ့ထိုကိစ္စကိုဆွေးနွေးခဲ့တာပါ။
သူမကဖြူဖြူသန့်သန့်လေးပေမယ့် နွမ်းလျနေတဲ့သူမပုံကြောင့် မပြေလည်တဲ့အသိုင်းအဝိုင်းကမှန်းတန်းသိ၍ အခုလိုကမ်းလှမ်းခဲ့တာတဲ့။
မိုးနှင်း မျက်စိပျက်မျက်နှာပျက်နဲ့ပဲ နေရာကနေထထွက်လာတော့ တည်တံ့က...
''နေဦး''
ဟုလှမ်းတားလိုက်၍ သူမကမျှော်လင့်ချက်တွေပြည့်နေသောအကြည့်တွေနဲ့ သူ့ကိုပြန်လှည့်ကြည့်လာလေသည်။
တည်တံ့ကအံဆွဲထဲကငွေငါးသောင်းအား သူ့စားပွဲရှေ့မှာတင်လိုက်ပြီး...
''ယူသွား...မင်းငါ့ကားပေါ်မှာကျန်ခဲ့တဲ့နှုတ်ခမ်းနီကိုငါလွှင့်ပစ်လိုက်လို့''
''အာ...ရပါတယ် မယူတော့ပါဘူး အဲလောက်လည်းဈေးမကြီးဘူးရယ်''
''ယူသွားပါ...နောက်ထပ်ဘာပတ်သက်မှုမှမရှိချင်လို့ ဘာအကြွေးမှလည်းမတင်ချင်ဘူး...ယူသွား''
မိုးနှင်းကလည်းငွေလိုနေသူပီပီ နှစ်ခါငြင်းမနေဘဲ ပိုက်ဆံကိုကောက်ယူပြီး အခန်းထဲကထွက်ခဲ့လိုက်တော့သည်။
အပြင်ရောက်တော့ မလှမ်းမကမ်းမှာရပ်နေနဲ့မြူက'ဘယ်လိုလဲ'ဆိုတဲ့သဘောနဲ့မေးဆတ်ပြ၍ သူမကမျက်နှာကိုမဲ့ကာ ခေါင်းအသာရမ်းပြလိုက်လေ၏။
မြူ့စိတ်ထဲမှာတော့ဒါကိုပဲကျေနပ်မိနေသလိုလို။
တည်တံ့ကအကြောတင်းနေတာကိုကသူမအတွက်စိတ်အေးစရာဖြစ်နေ၏။
တည်တံ့ရဲ့သမာဓိတွေ အမြဲတမ်းခိုင်မြဲနေရင်ကောင်းမည်။
ဒါပေမယ့် သူမမှာမိုးဇေပြောတဲ့အချိန်တစ်ပတ်ဆိုတာကရှိနေသေးသည်။
အခုဆိုအချိန်ကတစ်ပတ်တောင်မလိုတော့ပေ။
သူမဘယ်လိုလုပ်ရပါ့မလဲ။
သူများအိမ်ထောင်ရေးကိုမနှောက်ယှက်ချင်ပေမယ့်လည်းနှောက်ယှက်ရဦးမှာပဲ။
***
C.22ဆက်ရန်။
Zawgyi
I have fallen in love with my spouse!
Chapter.21
''ေဒါက္...ေဒါက္''
''အသည္းေရ...အစ္မပါ''
''ဝင္ခဲ့ေလမမ''
အခန္းေရွ႕ကမျမသက္အသံကိုၾကားသည္ႏွင့္ အသည္း,ေရစိုေနတဲ့ဆံပင္ကိုေရသုတ္ေနရင္းမွအသံလွမ္းေပးလိုက္၏။
သူမဆီမွအသံၾကားသည္ႏွင့္ မျမသက္ကအခန္းထဲဝင္လာၿပီးမွ မွန္တင္ခုံေရွ႕ထိုင္ေနေသာအသည္းထံလာကာ...
''အသည္း...ဒီႏႈတ္ခမ္းနီကအသည္းဟာလား''
ဆိုၿပီး ႏႈတ္ခမ္းနီေလးတစ္ဗူးကိုလာေပးေလ၏။
''ဟင့္အင္း...မဟုတ္ပါဘူး...မမဘယ္ကရတာလဲ''
''တည္တံ့ရဲ႕ကားထဲက...သူ႔ကားကိုေဆးေပးရင္းနဲ႔ေတြ႕ခဲ့တာ...အသည္းဟာမဟုတ္ရင္ဘယ္မိန္းမဟာလဲမသိဘူး''
''ေအာ္...ေမ့လို႔ ဒါအသည္းဟာမမရဲ႕...သတိေတြကလည္းမေကာင္းေတာ့ပါဘူး...ဒါအသည္းဟာ''
ေျပာေျပာဆိုဆိုနဲ႔ အသည္းလက္ထဲကႏႈတ္ခမ္းနီဗူးေလးအား မွန္တင္ခုံအံဆြဲထဲပစ္ထည့္လိုက္ေလ၏။
ကိုႀကီးရဲ႕ကိုယ္က်င့္သိကၡာကို တစ္ေယာက္ေယာက္ကသံသယဝင္ၿပီးအထင္ေသးမွာမ်ိဳးကို အသည္းလက္မခံႏိုင္၍အခုလိုလုပ္လိုက္ရျခင္းပင္။
''ဒီေကာင္မေလးဟာေလ...ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေမ့တတ္လိုက္တာ အသည္းဟာဆိုရင္လည္းၿပီးတာပဲ''
ေျပာၿပီးသည္ႏွင့္မျမသက္ကအခန္းထဲကျပန္ထြက္သြားေတာ့သည္။
ထိုအခါမွ အံဆြဲထဲကႏႈတ္ခမ္းနီဗူးအား အသည္းျပန္ထုတ္ၾကည့္မိ၏။
ဒါသူမဟာမဟုတ္တာလုံးဝအေသအခ်ာပါပဲ။
ဒါဆိုကိုႀကီးကားေပၚကိုတစ္ျခားဘယ္မိန္းမေတြကမ်ားေရာက္ေနတာလဲ။
႐ိုး႐ိုးသားသားပဲဆိုရင္ကိစၥမရွိေပမယ့္...
အသည္းအေတြးလြန္ေနတုန္းမွာ ခါးမွာတဘက္တစ္ထည္သာပတ္ထားတဲ့ကိုႀကီးကအခန္းထဲဝင္လာသည္ကို မွန္ထဲကေနတစ္ဆင့္အသည္းျမင္လိုက္ရသည္။
''အသည္း...ေရခ်ိဳးၿပီးၿပီလား... ညေနေစာင္းႀကီးကိုဘာလို႔ေခါင္းေတြေလွ်ာ္လိုက္တာလဲ...ေတာ္ၾကာဖ်ားေနဦးမယ္''
''အသည္းကဘာမွမျဖစ္ပါဘူး...ကိုႀကီးသာေရကူးတာၾကာေနတာ ကိုႀကီးသာဖ်ားေနမယ္''
ကိုႀကီးကသူမကိုယ္ေလးအားသိုင္းဖက္ၿပီး နား႐ြက္ဖ်ားေလးကိုနမ္းလာေလသည္။
''ကိုႀကီး...ကိုႀကီးမွာမိန္းကေလးမိတ္ေဆြေတြရွိလား''
''ရွိတယ္ေလအသည္းရဲ႕...ေမသစ္နဲ႔ကာရန္ေလ အသည္းလည္းသိေနတာပဲကို''
''သူတို႔နဲ႔ဒီရက္ပိုင္းေတြ႕ျဖစ္ေသးလား...ကားေပၚေရာ ေခၚတင္ေသးလား''
''အသည္းကိုအိမ္ျပန္ေခၚၿပီးကတည္းကမေတြ႕ျဖစ္ဘူး...အသည္းကဘာလို႔ေမးတာလဲ''
''ဒါဆို...''
အသည္းထိုင္ရာမွထရပ္ၿပီး ကိုႀကီးနဲ႔မ်က္ႏွာခ်င္းဆိုင္ရပ္ကာ လက္ထဲကႏႈတ္ခမ္းနီဗူးေလးအားကိုႀကီးေရွ႕ထိုးေပးလိုက္ၿပီး...
''ကိုႀကီးကားထဲကေတြ႕ခဲ့တဲ့ဒီႏႈတ္ခမ္းနီဗူးကဘယ္သူ႔ဟာလဲ''
''ကိုယ့္ကားေပၚက...''
သူႏႈတ္ခမ္းနီဗူးကိုေသခ်ာၾကည့္ၿပီးမွ...
''မဟုတ္မွ...ဒါဟိုတစ္ေယာက္ဟာထင္တယ္''
''ဘယ္တစ္ေယာက္လဲ...ကိုႀကီးေနာ္ အသည္းကိုဖုံးကြယ္မထားနဲ႔ ရွင္းရွင္းလင္းလင္းအမွန္တိုင္းေျပာ''
သူမမ်က္ႏွာကငိုမဲ့မဲ့ျဖစ္ေနၿပီမို႔ သူပါျပာသြားရ၏။
''ခဏေလးအသည္း...စိတ္ကိုေအးေအးထား...ကိုယ္ေျပာျပမယ္ မေန႔ကကိုယ္အိမ္ျပန္လာေတာ့ လမ္းမွာမိန္းကေလးတစ္ေယာက္ကိုကားနဲ႔တိုက္မိမလိုျဖစ္သြားတာ အဲဒါသူကေျခေထာက္နာသြားေတာ့ ကိုယ္ကသူ႔ကိုအိမ္ျပန္ပို႔ေပးခဲ့တာ အဲဒါသူက်က်န္ေနခဲ့တာေနမွာ''
''ဘာလို႔အစကတည္းကမေျပာတာလဲ...ကိုႀကီးကအသည္းကိုအေလးလည္းမထားဘူး''
သူမကစူေအာင့္ေအာင့္နဲ႔ ကုတင္မွာဝင္ထိုင္ၿပီး ႏႈတ္ခမ္းကိုစူခ်ိတ္ကာ သူ႔ကိုေက်ာေပးထားေလ၏။
တည္တံ့လည္းသူမေနာက္ေက်ာေလးမွာကပ္ထိုင္ကာ ခါးသိမ္သိမ္ေလးကိုဖက္လိုက္ၿပီး...
''အသည္းကလည္းကြာ...ကိုယ္ကဘာလို႔အေလးမထားတာျဖစ္ရမွာလဲ အဲ့ကိစၥကအေရးမွမပါတာ''
''ဘာလို႔မပါရမွာလဲ...အဲဒါမိန္းကေလးေလ အဲလိုကေနဇာတ္လမ္းေတြျဖစ္ေရာ ၿပီးက်ေဖာက္ျပန္က်ေရာ''
''ဟာ...ဒါကိုယ့္ကိုအသေရဖ်က္တာပဲ...တရားစြဲလို႔ရတယ္ေနာ္ကေလးမ...ဘာမွတ္ေနလဲ''
''အသည္းေျပာတာမဟုတ္လို႔လား''
''မဟုတ္ပါဘူး...ကိုယ္ကဘာကိစၥေဖာက္ျပန္ရမွာလဲ...အဲလိုယုတ္ညံ့တဲ့အလုပ္မ်ိဳးကိုကိုယ္မလုပ္ဘူး...ကိုယ့္ကိုေသခ်ာၾကည့္''
တည္တံ့ သူမကိုယ္ေလးအားဆြဲလွည့္လိုက္ၿပီးမွ...
''ကိုယ္ေျပာတာေသခ်ာနားေထာင္...ကိုယ္ဘယ္ေတာ့မွအသည္းကိုမေဖာက္ျပန္ဘူး...အဲဒါကိုမ်က္စိစုံမွိတ္ၿပီးယုံထားလို႔ရတယ္ ကိုယ့္ႏွလုံးသားကအသည္းတစ္ေယာက္တည္းအတြက္ပဲ ဟုတ္ၿပီလား''
ထိုအခါမွအသည္းမ်က္ႏွာေလးကအနည္းငယ္ၿပဳံးရိပ္သမ္းလာေလ၏။
''သူကလွလား''
''ဘယ္သိမလဲ...ကိုယ္မွသူ႔ကိုေသခ်ာၾကည့္မလာတာ...ဒါေပမယ့္ေသခ်ာတာတစ္ခုကေတာ့ ကိုယ့္အသည္းေလာက္ဘယ္သူမွလွမွာမဟုတ္ဘူး''
''အရင္ကေတာ့႐ုပ္ဆိုးလို႔မပတ္သက္ခ်င္ဘူးဆို''
''အဲ့တုန္းကကိုယ့္ရင္ထဲမွာအသည္းအတြက္အခ်စ္ေတြမွမရွိေသးတာ...အခုကအဲလိုမဟုတ္ေတာ့ဘူး ကိုယ့္ရင္ထဲမွာအသည္းအတြက္အခ်စ္ေတြအျပည့္ပဲ...အဲေတာ့အသည္းရဲ႕ျဖစ္တည္မႈတိုင္းကိုကိုယ္ခ်စ္တယ္...အရင္လိုျဗဳတ္စဗ်င္းေတာင္းဆိုလည္းခ်စ္မွာပဲ''
''စကားတတ္တိုင္း''
သူမကရွက္ၿပဳံးေလးနဲ႔ေခါင္းငုံ႔သြား၍ တည္တံ့ကသူမကိုယ္ေလးအားသိမ္းႀကဳံးဖက္ကာ ေမြ႕ယာထက္သို႔ဆြဲလွဲခ်လိုက္ေလသည္။
''ဒီညေတာ့ကိုယ္အငတ္မေနေတာ့ဘူးေနာ္''
''ကိုႀကီးကကဲကိုကဲလြန္းတယ္''
''အသည္းကိုခ်စ္လို႔ေလ...အသည္းလည္းကိုယ့္ကိုခ်စ္တယ္မလား''
''ခ်စ္တာေပါ့ကိုႀကီးရဲ႕...ကိုႀကီးကိုအသည္းကတအားခ်စ္တာ''
''အဲဒါဆိုလည္းဒီညအိပ္ေရးပ်က္ခံေပးဦး''
''အို...ကိုႀကီး''
ကိုႀကီးရဲ႕အ႐ိုင္းဆန္လြန္းေသာအနမ္းေတြနဲ႔ ၾကမ္းတမ္းလြန္းေသာအထိအေတြ႕ေတြက သူမခႏၶာကိုယ္ေလးအႏွံ႔သို႔က်ဴးေက်ာ္လာပါေတာ့သည္။
***
ျမဴနဲ႔မိုးႏွင္းဆီရဲ႕ေျခလွမ္းေတြက မိုးေဇရဲ႕တိုက္ခန္းဆီသို႔ဦးတည္လို႔ေနေလ၏။
''မတိမ္ေငြ႕ျမဴ...မိုးႏွင္းနည္းနည္းေတာ့လန္႔တယ္''
''အပိုေတြလုပ္မေနနဲ႔''
ျမဴကခပ္ျပတ္ျပတ္ေျပာၿပီး တိုက္ခန္းေရွ႕ကဘဲလ္ကိုႏွိပ္လိုက္ေလသည္။
ခဏၾကာေတာ့ တိုက္ခန္းတံခါးပြင့္သြားၿပီးမိုးေဇရဲ႕မ်က္ႏွာကေပၚလာ၏။
သူကသံတံခါးကိုပါဖြင့္ေပးလိုက္သည္ႏွင့္ျမဴနဲ႔မိုးႏွင္းလည္း အခန္းထဲသို႔ဝင္လာခဲ့လိုက္သည္။
''သူပဲ...ႏႈတ္ဆက္လိုက္မိုးႏွင္း''
မိုးႏွင္းကမိုးေဇအားေၾကာက္႐ြံ႕သလိုၾကည့္ကာ...
''ညီ ညီမနာမည္ကမိုးႏွင္းဆီပါ''
မိုးေဇနဲ႔ျမဴတို႔ကဧည့္ခန္းမွာဝင္ထိုင္လိုက္သည္ႏွင့္ မိုးႏွင္းဆီကပါခပ္႐ို႕႐ို႕နဲ႔ ခုံမွာဝင္ထိုင္လိုက္ေလ၏။
''ဒီေလာက္ထုံ'အ'ေနပုံေပၚတာ...သုံးစားလို႔ရပါ့မလား''
''မသုံးၾကည့္ဘဲနဲ႔ဘယ္သိမလဲ...သူနဲ႔တည္တံ့ကလည္းလူခ်င္းဆုံၿပီးၿပီ''
''ဟုတ္လား...အေျခအေန''
သူကမိုးႏွင္းဆီကိုၾကည့္ၿပီးေမးလိုက္ျခင္းပင္။
''သူကနာမည္အရင္းေတာင္မေျပာဘူး''
''အဟက္...ေတာ္ေတာ္အသုံးက်တာပဲ''
''.......''
''အင္းေလ...အဓိကကတည္တံ့နဲ႔အသည္းတို႔ျပတ္သြားဖို႔ပဲ...က်န္တာငါစိတ္မဝင္စားဘူး''
ထိုစကားၾကားေတာ့ ျမဴ႕မ်က္ႏွာကေဒါသရိပ္ေတြျဖတ္ေျပးသြားရေလ၏။
''နင္ျပန္ေတာ့မိုးႏွင္းဆီ''
''ဟုတ္ကဲ့''
သူမကႏွစ္ခါပင္ေျပာစရာမလိုဘဲ အခန္းထဲကေနမေျပး႐ုံတမယ္ထြက္သြားေလေတာ့သည္။
ျမဴကအခန္းတံခါးလိုက္ပိတ္ၿပီးမွ ကိုယ္ေပၚကအဝတ္အစားေတြကိုတစ္ထည္ခ်င္းခြၽတ္ၿပီး ေနရာဆီသို႔ျပန္ေရာက္လာခဲ့၏။
ထို႔ေနာက္ မိုးေဇဆီေလွ်ာက္လာၿပီး သူ႔ေဘာင္းဘီဇစ္ကိုျဖဳတ္ကာ သူ႔ေပၚတက္ခြထိုင္လိုက္ေလသည္။
''ရွင့္အလိုကိုလိုက္ၿပီး ရွင့္အႀကိဳက္ကိုေဆာင္ႏိုင္တာ ျမဴပဲရွိတယ္darling''
''အဲဒါေၾကာင့္ငါကမင္းကိုအရမ္းအလိုရွိေနတာေပါ့...မင္းမရွိလို႔မျဖစ္ဘူး''
''အဲ့စကားၾကား႐ုံနဲ႔ေက်နပ္ေနၿပီ...တစ္ခုရွိတာက အဲ့စကားကအစစ္အမွန္ျဖစ္ဖို႔လိုတယ္ မဟုတ္ရင္ အထိနာမွာကရွင္ပဲ''
သူမရဲ႕အၾကည့္ေတြကသားရဲတစ္ေကာင္လိုမ်ိဳးစူးရွလို႔ေနၿပီး သူ႔ကိုအတိအက်ႀကီးစိန္ေခၚေနသည္။
သူမကကိုယ္ခ်စ္ရတဲ့သူရဲ႕အမွားကိုျပည္ဖုံးကားခ်တတ္မယ့္မိန္းမမ်ိဳးဟုတ္မေန။
ဒါကိုသူေသခ်ာသိေနေပမယ့္လည္း သူမကိုမွေ႐ြးမိသြားခဲ့သည္။
သူ႔ေ႐ြးခ်ယ္မႈအတြက္ သူေနာင္တေတာ့မရလာႏိုင္ေကာင္းပါရဲ႕ေလ။
***
''ေဒါက္...ေဒါက္''
''ဝင္ခဲ့''
သူ႔အသံၾကားသည္ႏွင့္ အခန္းတံခါးပြင့္သြားၿပီးမွ မိန္းကေလးတစ္ဦးကအခန္းထဲဝင္လာၿပီး...
''ကိုတည္တံ့...မိန္းကေလးတစ္ေယာက္ကကိုတည္တံ့နဲ႔ေတြ႕ခ်င္လို႔တဲ့''
''ဘယ္သူကလဲ''
''မိုးႏွင္းဆီတဲ့...ကိုတည္တံ့နဲ႔ဆုံဖူးတယ္ေျပာတယ္ သူကကိုတည္တံ့ကားနဲ႔တိုက္မိမလိုျဖစ္ဖူးတယ္ေျပာတယ္''
''ဪ...သူလား...ေခၚခဲ့လိုက္''
''ဟုတ္''
သူမ,ထြက္သြားၿပီးမၾကာခင္မွာပဲ မိုးႏွင္းဆီကသူ႔အခန္းထဲဝင္လာၿပီး သူ႔စားပြဲေရွ႕ကခုံမွာဝင္ထိုင္လိုက္ေလသည္။
''မိုးႏွင္းကိုမွတ္မိပါတယ္ေနာ္''
''အင္း...မင္းငါ့အလုပ္ကိုဘယ္လိုသိတာလဲ''
''ဒီလိုပဲေပါ့...မိုးႏွင္းကကိုတည္တံ့ရဲ႕အေၾကာင္းေတြကိုစိတ္ဝင္စားေနတဲ့မိန္းကေလးမို႔လို႔ေလ''
''ငါအဲေန႔ကမင္းကိုတစ္ျခားနာမည္ေျပာခဲ့တာလားလို႔''
မိုးႏွင္းဆီကမ်က္ႏွာပ်က္သြားၿပီးမွ ခ်က္ခ်င္းပဲျပန္ၿပဳံးကာ...
''အဲ့ကိစၥကိုပဲေျပာေတာ့မလို႔ အဲေန႔ကဘာလို႔နာမည္အရင္းမေျပာခဲ့တာလဲ...ဘာလဲ မိုးႏွင္းကိုမခင္ခ်င္တာလား''
''ဟုတ္တယ္...မင္းငါ့အေၾကာင္းကိုစုံစမ္းရင္းနဲ႔ ငါ့မွာဇနီးရွိတာကိုေရာမသိခဲ့ဘူးလား''
''မသိပါဘူး မိုးႏွင္းကကိုတည္တံ့မွာအိမ္ေထာင္ရွိလားမရွိလားဆိုတာမွမစုံစမ္းခဲ့တာ''
''အဲဒါဆိုလည္းအခုသိၿပီမလား...ငါ့မွာဇနီးရွိတယ္...ငါဘယ္မိန္းမနဲ႔မွမပတ္သက္ခ်င္ဘူး...မင္းျပန္ေတာ့''
''......''
''မၾကားဘူးလား...ငါ့ဆီထပ္မလာနဲ႔''
မိုးႏွင္းဆီလည္းအခုလိုလုပ္မိတာကိုေရာ အခုလိုအေျပာခံရတာကိုပါရွက္မိပါရဲ႕။
မိသားစုအေျခအေနေၾကာင့္သာဒီအလုပ္ကိုလက္ခံခဲ့ရတာ။
ဒီအလုပ္သာေအာင္ျမင္ရင္ သူမကေငြေတြၿမိဳးၿမိဳးျမတ္ျမတ္ရမွာလို႔မတိမ္ေငြ႕ျမဴကေျပာထားသည္။
သူမကအရင္ကေဈးထဲမွာဘုရားပန္းေရာင္းတဲ့သာမာန္မိန္းကေလးတစ္ဦးပါ။
သူမကအေမတစ္ခုသမီးတစ္ခုျဖစ္ၿပီး အရင္ကအေမကအသည္းမွာေက်ာက္တည္ၿပီးေဆး႐ုံအေရးေပၚတက္ရခ်ိန္မွာ ေဆးဖိုးေတြအသည္းအသန္လိုေနတဲ့သူမက ရပ္ကြက္ထဲကေငြတိုးေပးတဲ့မိန္းမဆီမွာ အေမ့ေဆး႐ုံစားရိတ္ေတြကိုေခ်းခဲ့ရသည္။
အခုအေမသက္သာလာေပမယ့္ အေႂကြးကေတာ့မေက်ႏိုင္ေသးေပ။
ဒီလိုနဲ႔တစ္ရက္မွာ အေႂကြးရွင္မိန္းမကသူမဆီအတိုးလာေတာင္းတာကို မတိမ္ေငြ႕ျမဴကျမင္သြားၿပီး သူမနဲ႔ထိုကိစၥကိုေဆြးေႏြးခဲ့တာပါ။
သူမကျဖဴျဖဴသန္႔သန္႔ေလးေပမယ့္ ႏြမ္းလ်ေနတဲ့သူမပုံေၾကာင့္ မေျပလည္တဲ့အသိုင္းအဝိုင္းကမွန္းတန္းသိ၍ အခုလိုကမ္းလွမ္းခဲ့တာတဲ့။
မိုးႏွင္း မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႔ပဲ ေနရာကေနထထြက္လာေတာ့ တည္တံ့က...
''ေနဦး''
ဟုလွမ္းတားလိုက္၍ သူမကေမွ်ာ္လင့္ခ်က္ေတြျပည့္ေနေသာအၾကည့္ေတြနဲ႔ သူ႔ကိုျပန္လွည့္ၾကည့္လာေလသည္။
တည္တံ့ကအံဆြဲထဲကေငြငါးေသာင္းအား သူ႔စားပြဲေရွ႕မွာတင္လိုက္ၿပီး...
''ယူသြား...မင္းငါ့ကားေပၚမွာက်န္ခဲ့တဲ့ႏႈတ္ခမ္းနီကိုငါလႊင့္ပစ္လိုက္လို႔''
''အာ...ရပါတယ္ မယူေတာ့ပါဘူး အဲေလာက္လည္းေဈးမႀကီးဘူးရယ္''
''ယူသြားပါ...ေနာက္ထပ္ဘာပတ္သက္မႈမွမရွိခ်င္လို႔ ဘာအေႂကြးမွလည္းမတင္ခ်င္ဘူး...ယူသြား''
မိုးႏွင္းကလည္းေငြလိုေနသူပီပီ ႏွစ္ခါျငင္းမေနဘဲ ပိုက္ဆံကိုေကာက္ယူၿပီး အခန္းထဲကထြက္ခဲ့လိုက္ေတာ့သည္။
အျပင္ေရာက္ေတာ့ မလွမ္းမကမ္းမွာရပ္ေနနဲ႔ျမဴက'ဘယ္လိုလဲ'ဆိုတဲ့သေဘာနဲ႔ေမးဆတ္ျပ၍ သူမကမ်က္ႏွာကိုမဲ့ကာ ေခါင္းအသာရမ္းျပလိုက္ေလ၏။
ျမဴ႕စိတ္ထဲမွာေတာ့ဒါကိုပဲေက်နပ္မိေနသလိုလို။
တည္တံ့ကအေၾကာတင္းေနတာကိုကသူမအတြက္စိတ္ေအးစရာျဖစ္ေန၏။
တည္တံ့ရဲ႕သမာဓိေတြ အၿမဲတမ္းခိုင္ၿမဲေနရင္ေကာင္းမည္။
ဒါေပမယ့္ သူမမွာမိုးေဇေျပာတဲ့အခ်ိန္တစ္ပတ္ဆိုတာကရွိေနေသးသည္။
အခုဆိုအခ်ိန္ကတစ္ပတ္ေတာင္မလိုေတာ့ေပ။
သူမဘယ္လိုလုပ္ရပါ့မလဲ။
သူမ်ားအိမ္ေထာင္ေရးကိုမေႏွာက္ယွက္ခ်င္ေပမယ့္လည္းေႏွာက္ယွက္ရဦးမွာပဲ။
***
C.22ဆက္ရန္။