အချိန်တွေ ၅နှစ်တောင်ကြာတဲ့ထိ စိတ်ဒဏ်ရာ ရနေခဲ့တယ်။ နေ့တိုင်းညဆို အိပ်မပျော်လို့ ဆေးတွေသောက်နေရတဲ့အထိ လူတွေရှေ့လဲ ထင်ထင်ပေါ်ပေါ် ထပ်ပြီး ထွက်ဖို့ သတ္တိမရှိသလို အချစ်ဆိုတဲ့ အရာကြီးကိုလည်း စိတ်ကုန်မိတယ်။ အချစ်က သိပ်ကိုကြောက်ဖို့ကောင်းတယ်။ လိမ်လည်လှည့်ဖျားခြင်းတွေနဲ့ပြည့်နက်နေတယ်လို့ပဲထင်တယ်..
ဒါပေမဲ့ တစ်ရက်လေးမှတော့ Phuwin ကိုမေ့မရခဲ့ဘူး..ဟုတ်ပါတယ် ငါနောက်ဆုံးလက်ခံခဲ့တာ ငါတကယ်ချစ်ခဲ့တာ Phuwin ဆိုတဲ့ကောင်လေးဖြစ်နေခဲ့တယ်ဆိုတာပါပဲ ဒီနှစ်တွေထဲ သူ့ကိုအမြဲစောင့်ကြည့်နေခဲ့ပေမဲ့ သူ့အနားကို ပြန်မသွားချင်ခဲ့ဘူး..
သူ့ရဲ့ လိမ်လည်လှည့်ဖျားပြီး ငါ့အချစ်ကို တန်ဖိုးမထားခဲ့တာတွေကို ငါစိတ်နာမိတယ် ဒါပေမဲ့လည်း သူ့ကိုငါ မမေ့နိုင်ခဲ့ဘူး..ချစ်တဲ့စိတ်နဲ့ နာကျဉ်းတဲ့စိတ်က နွံ့စွဲနေတော့ သူ့အနားကို သွားဖို့ ငါ့ကိုငါ တားနေမိတယ်။ သူ့အနားမှာ ရစ်ဝဲနေတဲ့ လူတွေများပေမဲ့ သူကတော့ ဘယ်သူ့လက်ထဲမှ မပါသွားလို့ ငါစိတ်ချမ်းသာမိတယ်။ မမြင်ကွဲရာကနေ သူ့ကိုစောင့်ကြည့်နေပေခဲ့မဲ့ သူကတော့ သိမနေခဲ့ပါဘူး။
ဒီနှစ်တွေ အတွင်းသူအရမ်းကိုအောင်မြင်ခဲ့တယ် သူရဲ့ကြိုးစားမှုကြောင့်လဲပါမှာပေါ့ သူ GMM ကနေ ထွက်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ငါ့မှာတားဖို့ အားအင်တွေ ရှိမနေခဲ့ဘူး သူ့ရှေ့ရုပ်လုံးထွက်ဖို့လောက်ထိလည်း ငါ့မှာ သတ္တိရှိမနေခဲ့ဘူး.. ၅နှစ်တောင်ကြာခဲ့ပြီးမဟုတ်လား သူသာ တကယ်ချစ်ရင် ငါ့ကိုဆက်သွယ်ခဲ့တာ ကြာရော မဟုတ်လား...
သူ့အနားမှာ အမြဲရစ်ဝဲနေတဲ့ Sea ဆိုတဲ့လူကို မုန်းမိတယ်။ ငါ့ထပ် အသက်နည်းနည်းကြီးပြီး သူ့အနားမှာ ၅နှစ်လုံးလုံး ကပ်တွယ်နေတဲ့ ဒီလူကို သူပြန်ပြီး သဘောကျသွားရင် ဘယ်လိုလုပ်မလဲ..အတွေးတွေနဲ့ ညဆို အိပ်မရတော့သလို ငါကိုယ်တိုင်တောင်မသိပဲ ငါဟာနောက်ရောင်ခံလိုက်နေတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။
ဒီနေ့ သူမွေးနေ့ဆိုပြီး လုပ်တဲ့ဟော်တယ်မှာ ငါတည်းပြီး သူ့ကို စောင့်ကြည့်နေခဲ့တယ်။ လူတွေထဲရောပြီး နေတော့ သူကတော့ ငါ့ကိုမမြင်ပါဘူး ဘယ်သူ့မှ သတိမထားအောင်နေရတာလည်း လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ ဟုတ်မနေခဲ့ဘူး။ သူတစ်နေရာကို ထွက်သွားတော့ အနောက်ကနေလိုက်သွားမိတယ် သူကတော့ ခေါင့်မိုးထပ်မှာ တစ်ယောက်ထဲအေးဆေးထိုင်နေပြီး အတွေးတွေများနေတဲ့ပုံ.. ရုတ်တရက် အသံတစ်ခုကြားလို့ ပုန်းလိုက်တော့ Sea ဆိုတဲ့လူ ဖြစ်နေတယ်။ သူက Phuwin နောက်ကိုလိုက်လာတာပဲ..
ခဏနေတော့ သူတို့စကားပြောပြီး Phuwin က သူ့ပုခုံးကို မှီလိုက်တယ် မဟုတ်မှလွဲရော သူ အဲ့တစ်ယောက်ရဲ့ ဖွင့်ပြောတာကို လက်ခံလိုက်တာလား အဝေးကနေလှမ်းကြည့်နေတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ဘာပြောနေလဲဆိုတာကို ငါမကြားရပါ ဒါပေမဲ့ ငါသိတာကတော့ Phuwin က သူ့ကိုမှီလိုက်တယ်ဆိုတာပဲ...
စိတ်ထဲဒေါသထွက်မိတယ် ငါ့ကိုကျတော့ အခုလိုမျိုး အရူးတစ်ပိုင်းဖြစ်အောင်လုပ်ပြီး သူကျ ပျော်ရွှင်နေပြီလား ၅နှစ်အတွင်း ငါ့ကိုလွယ်လွယ်မေ့နိုင်တာလား.. ငါဟာသိပ်ကိုအစွဲအလန်းကြီးတယ် ငါပိုင်ဆိုင်ချင်တဲ့အရာဆို မရရအောင်ယူတဲ့လူ Phuwin မင်းကိုငါမပိုင်ဆိုင်ရရင်တောင် တခြားသူပိုင်ဆိုင်သွားတာ ငါမလိုချင်ဘူး..မင်းငါ့ကိုနာကျင်အောင်လုပ်ခဲ့တာ မင်းအခုလိုပျော်နေလို့ မရဘူးလေ..
ခဏနေတော့ နှစ်ယောက်လုံးထထွက်သွားပြီး ပွဲထဲကို ပြန်သွားတာ မြင်လိုက်တယ်။ Phuwin က အခန်း ၈၀၅ မှာ တစ်ယောက်ထဲအိပ်တာကို ငါကောင်းကောင်းသိတယ်။ သူအခန်းပြန်တဲ့ထိ ငါစောင့်ရမယ်..
အချိန်ကလည်း မနက်၃နာရီထိုးသွားပြီး အားလုံးက အသီးသီးပြန်ကြပြီ Phuwin ကတော့ Forth တို့နဲ့ ဆက်သောက်နေပြီး ခဏနေတော့ သူလည်း တော်တော်မူးနေတဲ့ ပုံပေါက်သည်။
Forth ကတွဲပေးပြီး အခန်းထဲပို့ပေးတာကို ထောင့်တစ်နေရာကနေ စောင့်ကြည့်နေလိုက်ပြီး Forth အခန်းထဲက ပြန်ထွက်သွားတော့ အခန်းတံခါးဝနားသွားလိုက်တယ်။ မူးနေတဲ့ Phuwin ကို စိတ်မချလို့နဲ့တူတယ် Forth က တံခါးကို လော့ချပြီး ပိတ်ပေးခဲ့တယ်။
ငါအခန်းထဲကို ဘယ်လို ဝင်ရပါ့မလဲ...
ကြံရာမရတဲ့ အဆုံး အခန်းတံခါးကိုသာခေါက်လိုက်တော့သည်။ ဒါပေမဲ့ သူလာဖွင့်ပေးဖို့ နိုးပါ့မလား ငါမသိ...
တော်တော်ကြာကြာ တံခါးခေါက်ပြီး တံခါးရှေ့မှာရပ်စောင့်နေပေမဲ့ တံခါးလာမဖွင့်ပါဘူး..မတက်နိုင်တဲ့အဆုံး ပြန်ဖို့လုပ်တော့ တံခါးကပွင့်လာတယ်...
မူးနေတဲ့ Phuwin ကခေါင်းတောင်မဖော်နိုင်ပဲ တံခါးကိုလာဖွင့်တာတဲ့လေ...ပြီးတော့ သူပါးစပ်ကထွက်လာတာ "Forth ဘာကျန်ခဲ့လို့လဲ" တဲ့
ပြီးတော့ ချက်ချင်းပဲ လဲကျသွားလို့ လှမ်းဖမ်းလိုက်တော့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားတယ်..
ဒီလိုမျိုး နီးနီးကပ်ကပ်မနေရတာကြာတော့ ဒီကောင်လေးရဲ့ အသက်ရှူသံတိုင်းက စိတ်လှုပ်ရှားစေပြီး ရင်ခုန်စေတယ်။ Phu win ကို မချီလိုက်ပြီး ကုတင်ပေါတင်ပေးလိုက်တော့ မူးမူးနဲ့ လှိမ့်ပြီး ငါ့လက်ကိုတော့ သူမလွှတ်ဘူး..မူးနေတဲ့ ဒီကောင်လေးက အသားဖြူတော့ မျက်နှာကနီရဲနေရော..လက်ကိုမလွှတ်ပဲ ဖက်တောင် အိပ်လိုက်သေး..ဆွဲထားတဲ့ လက်တွေကိုမလွှတ်ရက်လို့ သူ့ဘေးနားဝင်အိပ်ပြီး လက်မောင်းပေါ်ကို ခေါင်းအုံးစေပြီး သူ့ကိုရင်ခွင်ထဲထည့်လိုက်တော့ သူက ရင်ခွင်ထဲကို တိုးဝင်ပြီး ခါးကိုဖက်ကာ အိပ်ပါလေရော..မျက်စိသာမပွင့်သာ ဖက်ထားတာကတော့ တင်းနေတာပဲ...
ရင်ခွင်ထဲအိပ်နေတဲ့ကောင်လေးဆီက အနံ့သင်းသင်းလေးတွေအပြင် အရက်နံ့ပါရစေတာ သိပ်ကိုရယ်ချင်စရာကောင်းသည်။ ဘာလို့မှန်းမသိ ဒီလိုနွေးထွေးတဲ့ ခံစားချက်လေးကို အမြဲလွမ်းနေခဲ့တာ.. ခဏနေတော့ ရင်ခွင်ထဲကကောင်လေး မျက်စိပွင့်လာပြီး ငါ့ကိုမော့ကြည့်တယ် ခဏလောက်ဆိုက်ကြည့်ပြီး သူ့လက်တွေက ငါ့မျက်နှာနားရောက်လာပြီး.. "ခွန်..." ဆိုပြီး အပေါ်ကိုတိုးလာတယ် နှစ်ယောက်သား မျက်နှာခြင်းဆိုင် အနေအထားအထိ ရောက်လာခဲ့ပြီး Phuwin က ငါ့ကိုသေချာစိုက်ကြည့်ကာ
"ခွန်..နေကောင်းရဲ့လား ဘယ်တွေပျောက်နေတာလဲ" တဲ့
"အိမ်မက်မက်နေတာဆို မနိုးထတော့ရင်ကောင်းမယ်နော်" တဲ့ "ကျတော်ခွန့်ကို သိပ်လွမ်းနေတာ" ဆိုပြီး မျက်နှာ တိုးလာပြီး နှာခမ်းတွေကို ဖြည်းဖြည်းခြင်းလာနမ်းတယ်။ ရုတ်တရက်ကြောင်သွားပေမဲ့ သူနမ်းပြီး နောက်ဆုတ်မလို့ လုပ်နေတုန်း သူ့ခါးတွေကို ဆွဲလိုက်ပြီး မျက်နှာကို ကိုင်ကာ သူ့ကို ပြန်နမ်းလိုက်တယ်..အရက်အရသာအပြင် နူးညံတဲ့ စိုစွတ်တဲ့ နှာခမ်းသားလေးက သိပ်ကို စွဲမက်စရာကောင်းသည်။ ဖြည်းဖြည်းခြင်း အနမ်းတွေ တိုးလာပြီး ဒီအချိန်တွေကို ရပ်တန့်ထားခြင်းလိုက်သည်။
အနမ်းတွေ ကြာလေ အသက်ရှူမဝလေဖြစ်လာတော့ Phuwin ကအနမ်းတွေကို ရပ်လိုက် နားလိုက်နမ်းနေတော့ တဖြည်းဖြည်း စိတ်ပါလာတယ်..လည်တိုင်လေးကို နာကျင်အောင် တစ်ချက်ကိုင်လိုက်တော့ အာ့ဆိုတဲ့ အသံလေးထွက်လာတယ်။ ဒီကောင်လေးက အရင်တိုင်း နည်းနည်းလေး မပြောင်းလဲပဲ ကိုက်လိုက်တိုင်း အော်တက်သည်။
လည်တိုင်လေးကို နှာခမ်းသားလေးနဲ့ ဖိပြီး နမ်းလိုက်စုပ်ပြီး ကိုက်လိုက်လုပ်ပြီး ပြန်ပြီး နမ်းမယ်ကြံ
နေတုန်း Phuwin ကအိပ်ပျော်သွားသည်။
ဒီတစ်ခေါက်တော့ သူတကယ်အိပ်ပျော်သွားတယ်ဆိုတာ သိလိုက် ရင်ခွင်ထဲသာပြန်ထည့်ပြီး ဒီတိုင်းပဲဖက်အိပ်လိုက်တော့တယ်။ မနက်နိုးလာရင် ငါ့ကိုမြင်ရင် သိပ်လန့်သွားမှာဆိုးလို့ မနက်စောစော အခန်းကနေထပြန်ခဲ့လိုက်တယ်။ အတူရှိနေတာ မှတ်မိအောင် လည်တိုင်လေးကို တစ်ချက်ထပ်ကိုက်လိုက်ပြီး နှာခမ်းလေးကို နမ်းကာ နှုတ်ဆက်ခဲ့တယ်။ "မင်းက ငါ့အပိုင်နော်" ...လို့ပြောကာ
________