" ရှား ခဏထိုင်ဦးနော်.. ကိုယ် အလုပ်လေး အပြီးသတ်လိုက်ဦးမယ် "
ခိုက်က သူ့ရုံးခန်းထဲက ဧည့်ခန်းမှာနေရာပေးရင်း ရှားကို ပြောလာသည်။ ရှားလည်း ဆိုဖာဆက်တီမှာ ထိုင်လိုက်ပြီး ခိုက်ကို ခေါင်းညိတ်ပြလိုက်သည်။ ခိုက်ကတော့ သူ့ အလုပ်စားပွဲရှေ့မှာ computerတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ အလုပ်ထဲကို စိတ်ဝင်စား နေတဲ့ခိုက်ကို ရှား မသိမသာခိုးကြည့်နေမိသည်။
ယောကျာ်းဆန်တဲ့မေးရိုးနဲ့ မျက်နှာကျပိုင်ရှင် ဒီအမျိုးသားက အလုပ်လုပ်နေတဲ့ အချိန်မှာ ဒီလောက်ကြည့်ကောင်းနေစရာလို,လို့လား။ ခိုက်က မေးစေ့ကိုလက်နဲ့ထောက် ထားရင်း တစ်ခုခုကိုတွေးနေသည်မို့ မျက်ခုံးတို့က ခဏတိုင်းဆိုသလို တွန့်ချိုးလို့နေ သည်။
ရှားနဲ့ရှိတဲ့အချိန်တိုင်း အမြဲလိုလို ပေါ့ပေါ့ပါးပါးနဲ့ ပြုံးနေတတ်သူက အခုလို အလုပ် လုပ်နေတဲ့အချိန်မှာတော့ တည်ငြိမ်ရင့်ကျက်ပြီး သြဇာရှိတဲ့အရောင်အဝါတို့က လွှမ်းမိုး လို့နေပြန်သည်။
ဒါက သတိုးရှန်ခိုက်ရဲ့ နောက်ထပ်မျက်နှာတစ်ခုပေါ့။
" ရှား... အဝေးကကြည့်ရတာ အားမရရင် အနီးကပ်လာကြည့်လို့ရတယ်နော်... ကိုယ်ခွင့်ပြုတယ် "
" ဘယ်.. ဘယ်သူက ကြည့် နေလို့လဲ "
ခိုက်ကို စိုက်ကြည့်ပြီး အတွေးတွေလွန်နေတဲ့ ရှားတစ်ယောက် ခိုက် အသံကြားမှ အသိစိတ်ပြန်ကပ်လာသည်။ ခိုက်ကတော့ စားပွဲပေါ်လက်နှစ်ဖက်တင်ကာ မေးထောက် ထားရင်း ရှားကို မျက်စပစ်ပြီး ပြောလာသည်။ သူခိုးလူမိသွားတဲ့ရှားကတော့ ရှက်ရမ်း, ရမ်းကာ ခိုက်ကိုမကြည့်ဘဲ ငြင်းဆိုလာသည်။
" မကြည့်ဘူးဆိုတော့လည်း မကြည့်ဘူးပေါ့ဗျာ... ဒါနဲ့ ပြောပါဦး... ဘယ်လိုစိတ်ကူး ရပြီး companyကို လိုက်လာတာလဲ "
ခိုက်က အလုပ်စားပွဲကနေထ,လာပြီး ရှားထိုင်နေတဲ့ဧည့်ခန်းဆီကို လျှောက်လို့လာ သည်။ ပြီးတော့ ရှားဘေးမှာ ခြေချိတ်ထိုင်လိုက်ရင်း ဆိုဖာနောက်မှီပေါ် လက်တင်ထား ကာ ရှားဘက်ကိုမျက်နှာမူထားပြီး စကားဆိုလာသည်။
" ငါ လာချင်လို့မဟုတ်ဘူး... မာမီက အတင်းခေါ်လို့ "
ပြွတ်!!
ခိုက်ကိုမကြည့်ဘဲ အရှေ့တည့်တည့်ကိုသာ အကြည့်ပေးပြီး စကားဆိုလာတဲ့ရှားကို ခိုက် အသည်းယားလာ၍ သွေးကြောတွေယှက်ဖြာနေတဲ့ ပါးဖောင်းဖောင်းကို နှာခေါင်း နစ်ဝင်သည်အထိ မွှေးကြူလိုက်သည်။
ရုတ်တရက် နမ်းလိုက်သည်မို့ ရှားတစ်ယောက် ရှောင်ချိန်မရလိုက်ဘဲ ပါးကို လက် တစ်ဖက်နဲ့အုပ်ပြီး ခိုက်ကို ရန်လိုတဲ့ပုံစံလေးနဲ့ ပြောလို့လာသည်။
" ဘာ!! .. ဘာလုပ်တာလဲ "
" နမ်းလိုက်တာပါ ခင်ဗျာ့ "
ဒုတ် !! ... အာ့!!
စကားမဆုံးသေးခင်မှာဘဲ ရှားလက်သီးက ခိုက်ရင်ဘတ်ဆီပြေးဝင်လာသည်။ ထိုး ချက်ကပျော့လွန်းပေမယ့် ခိုက်ကတော့ နံရိုးသုံးချောင်းလောက် ကျိုးသွားတဲ့ပုံစံမျိုးနဲ့ ငြီး ငြူလို့လာသည်။ ရှားကတော့ ဂရုမစိုက်ဘဲ ခိုက် လက်မောင်းကို ထပ်ထိုးနေပြန်သည်။
" ဟား.. ဟား.. ဟား.. အာ့.. အာ့.. ရှား ကိုယ် နမ်းတာ တစ်ခါတည်းနော်... ရှား ဒီလိုဆက်တိုက်ထိုးနေရင် အထိုးခံရတာနဲ့တန်အောင် ကိုယ်ဖမ်းချုပ်ပြီးနမ်းမှာနော် "
ခိုက် ပြောလိုက်တော့ ရှားလက်သီးဆုပ်လေးက လေထဲမှာရပ်တန့်လို့သွားသည်။ ခိုက်ကို မကျေမနပ်နဲ့ ကြည့်လာပြီး တစ်ဖက်ကိုပြောင်းထိုင်လိုက်သည်။
" ဪ ... ဘယ်လိုဖြစ်ရပြန်တာလဲ "
" မင်းအနားမှာမနေဘူး... မင်းက အသားယူလွန်းတယ် "
" မတရားဘူးလို့ ခံစားနေရရင် ကိုယ့်ကိုပြန်အသားယူလိုက်ပါလား... နမ်းလို့လည်း ရတယ်နော် "
ပြုံးစစမျက်နှာပေးနဲ့ ရှားကို စိတ်မတို,တိုအောင် စ,နေတဲ့ခိုက်ကြောင့် ရှားစိတ်တို လာပြီး အံတင်းတင်းကြိတ်ကာ သွားကြားထဲကလေသံနဲ့ ခိုက်ကိုပြုံးပြရင်း ခေါ်လိုက် သည်။
" သ တိုး ရှန် ခိုက်!! "
" အိုကေ.. အိုကေ.. မစ,တော့ဘူးနော် "
" ဟို... ဟို ဒါရိုက်တာချုပ် "
ရှားကို စ,နောက်နေတုန်းမှာပဲ ထက်ဖြိုးက အခန်းတံခါးကို အနည်းငယ်လှစ်ဟပြီး ခေါ်လာသည်ကြောင့် ခိုက် မျက်နှာတည်တည်နဲ့ လှမ်းကြည့်လိုက်သလို ရှားအကြည့်တွေ ကလည်း ထက်ဖြိုးဆီ ရောက်လို့လာသည်။
" ဘာလဲ "
" Designဌာနက အစီရင်ခံစာတင်ချင်လို့ပါတဲ့... အဲ့ဒါ ကျွန်တော်ဘယ်လိုပြောလိုက် ရမလဲဗျာ့ "
ထက်ဖြိုးရဲ့စကားကြားတော့ ခိုက်က ခဏတွေဝေသွားပြီး ရှားကိုကြည့်လာသည်မို့
" အလုပ်ရှိရင်လုပ်လေ... ငါ ရှောင်ပေးရမှာလား "
" မရှောင်ရပါဘူးကွာ... ကိုယ် အလုပ်ကိစ္စပြောနေရင် ရှား ပျင်းနေမှာစိုးလို့ "
" မပျင်းပါဘူး ... ငါ ဒီမှာပဲ ထိုင်နေမယ် "
နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်တဲ့projectတစ်ခုမို့ ခိုက်လည်း ရှားကို မလွှဲ သာဘဲ တစ်ယောက်တည်း စောင့်ခိုင်းထားလိုက်ရသည်။
ထက်ဖြိုးထွက်သွားပြီး မကြာခင်မှာဘဲ designဌာနရဲ့ ဒါရိုက်တာနဲ့အတူ ဌာနမှူး နှစ်ယောက်အခန်းထဲ ဝင်လာသည်။ သူတို့ဒီကိုမလာခင်တုန်းက ကြားခဲ့ရတဲ့သတင်းတွေ အတိုင်းပဲ ဒါရိုက်တာချုပ်ရဲ့ဧည့်ခန်းထဲမှာ အရုပ်လေးတစ်ရုပ်လို ချောမောလွန်းတဲ့ကောင် လေးတစ်ယောက်ရှိလို့နေသည်။
သတိလက်လွတ်နဲ့ ထိုကောင်လေးကိုငေးကြည့်မိတော့ အပြုံးလေးနဲ့ သူတို့သုံး ယောက်ကို ခေါင်းညိတ်အသိအမှတ်ပြုလာသည်။ သူတို့သုံးယောက်လည်း အလုအယက် နဲ့ ပြန်နှုတ်ဆက်ဖို့ပြင်လိုက်ပေမယ့် ဒါရိုက်တာချုပ်ရဲ့ မီးဝင်းဝင်းတောက်နေတဲ့အကြည့် တွေနဲ့ တိုးလို့သွားသည်မို့ အကြည့်အမြန်လွှဲလိုက်သည်။
" ဒါက နောက်ဆုံးတွက်နိုင်တဲ့ဒီဇိုင်းပေါ့ ဟုတ်လား "
" ဟုတ်.. ဟုတ်ပါတယ် "
" အများဆုံးခံနိုင်အား ဘယ်လောက်လဲ "
" တန် 3000 ပါ "
" ဘယ်လောက်ခံနိုင်အားအတွက် ဒီဇိုင်းဆွဲတာလဲ "
" တန် 2500 ပါ ခင်ဗျာ့ "
" ခင်ဗျားတို့ဆီကလူတွေ ဘယ်တုန်းက စည်းကမ်းလိုက်နာလို့လဲ... ဝေးဝေးမ ကြည့်နဲ့... 15တန်တံတားဆိုရင်တောင် တန် 20 လောက်တင်ပြီး ဖြတ်နေကြတာမလား... စည်းကမ်းအတိုင်းလိုက်နာရင် ဝန်ပိုမိတဲ့ကားတွေရှိမှာမဟုတ်သလို လကမ္ဘာလိုဖြစ်နေတဲ့ လမ်းတွေလည်း ရှိမှာမဟုတ်ဘူး... ကိုယ် ပြောတာကို သဘောပေါက်မယ်လို့ထင်တယ်. "
" ဟုတ်... နားလည်ပါပြီ.. ကျွန်တော်တို့ ထပ်တိုးစဉ်းစားလိုက်ပါမယ် "
ခိုက်က အလုပ်ကိစ္စပြောနေရင်း ရှားကိုလှမ်းကြည့်လိုက်တော့ ဖုန်းကိုစိတ်ဝင် တစားနဲ့ ကြည့်နေသည်မို့ အလုပ်ထဲပြန်အာရုံစိုက်ထားလိုက်သည်။
" ခင်ဗျားတို့ကို ခဏခဏပြင်ခိုင်းနေတာက ကိုယ်မလုပ်တတ်လို့မဟုတ်ဘူး... ခင်ဗျားတို့ဒီဇိုင်းကို ကိုယ်ပြင်လိုက်လို့ရတယ်... ဒါပေမဲ့ ကိုယ်ပြင်လိုက်ရင် ကိုယ်ပဲသိမှာ.. ဘာကြောင့် ပြင်ရတာလဲဆိုတာကို ခင်ဗျားတို့ကို သိစေချင်လို့ အခုလိုပြောနေရတာ "
ခဏကြာလို့ ရှားကိုပြန်ကြည့်မိတော့ ဘယ်အချိန်က ချပေးသွားမှန်းမသိလိုက်တဲ့ အအေးကိုသောက်ဖို့ပြင်နေသည်မို့ ခိုက် စကားပြောနေရင်းနဲ့ ရှားဆီကို လျှောက်လို့လာ သည်။
ခိုက်က သူ့အနားရောက်လာတော့ ရှားက မော့ကြည့်လာသည်မို့ ခိုက် ပြုံးပြရင်း
ဘေးနားမှာဝင်ထိုင်လိုက်ပြီး အအေးခွက်ထဲက ရေခဲတုံးတွေကို ဇွန်းနဲ့ခပ်ဖယ်လိုက်ပြီး ခွက်အလွတ်တစ်လုံးထဲထည့်ရင်း ရှားကို ပြောလာသည်။
" အရမ်းအေးတာတွေ မတည့်မှန်းသိရက်နဲ့ သောက်ပြန်ပြီ "
ရှားက ခိုက်ကိုတစ်လှည့် ဟိုလူကြီးသုံးယောက်ကိုတစ်လှည့်ကြည့်ရင်း ခိုက်ကိုပြန် သွားဖို့ မျက်စပစ်ပြနေသည်မို့ ခိုက် မျက်စိတစ်ဖက်မှိတ်ပြပြီး အလုပ်စားပွဲကို ပြန် လျှောက်လာခဲ့သည်။
ရှားကတော့ ရှက်လွန်းလို့ ထိုလူကြီးသုံးယောက်ကို ကျောပေးလျက်အနေအထား ဖြစ်အောင် ကိုယ်ကိုလှည့်ပြီး ထိုင်နေလိုက်တော့သည်။ နာရီဝက်လောက်ကြာတော့ မာမီ လည်းရောက်လာခဲ့ပြီး ခိုက်လည်း အလုပ်ကိစ္စဆွေးနွေးလို့ပြီးသွားခဲ့သည်။
" မာမီ... အပြင်ရောက်တုန်းလေး ကိုယ်တို့သုံးယောက် dinner dateကြမလား "
စကားတွေအများကြီးပြောပြီး မောလာပုံရတဲ့မာမီကို ရှားက ရေတစ်ခွက်ငှဲ့ကာ ကမ်းပေးလိုက်တော့ ရေအရင်သောက်ကာ အမောဖြေလို့နေသည်။ ခိုက်က ရှားဘေးနား ဝင်ထိုင်ရင်း မေးလိုက်တော့ မာမီက ရေသောက်ရင်းနဲ့ လက်ခါပြလာသည်။
" မာမီ ခုလေးတင် dinner dateမလို့ ချိန်းလာခဲ့တာ... အဲ့ဒါ သားတို့ကို အကူအညီ တောင်းစရာရှိလို့ "
" ဘာများလဲ "
ခိုက်က မာမီ့ကိုမေးလိုက်တော့ မာမီက သူ့ကိုမကြည့်ဘဲ ရှားလက်ကို ဆုပ်ကိုင်ရင်း ပြောလာသည်။
" မာမီ့ကို လူကြီးတွေအတွက် လက်ဆောင်ပစ္စည်းဝယ်ပေးမလို့လေ... အဲ့ဒါ ဘေဘီ့ ကို အားကိုးလို့ရမလား "
" ဗျာ.. ကျွန်တော်က ကျွန်တော်က အဲ့ဒါတွေနဲ့ပတ်သက်ပြီး သိပ်တော့မသိဘူး "
မာမီက ခိုက်ကို မျက်စိတစ်ဖက်မှိတ်ပြရင်း ရှားကို စကားဆက်ပြောနေသည်မို့ ခိုက် ဘာမှဝင်မပြောတော့ဘဲ ပွဲကြည့်ပရိတ်သတ်နေရာမှာသာ နေလိုက်သည်။
" ဘေဘီက ဒီမှာနေတဲ့လူဆိုတော့ ဒီကလူကြီးတွေ ဘာကြိုက်လဲဆိုတာ မာမီတို့ ထက်စာရင် ပိုသိမှာပဲလေ.. အဲ့ဒါကြောင့် မာမီ့ကိုကူညီပေးနော်... သားရှန်နဲ့ အတူတူ သွားလိုက်လေ... မာမီက အိမ်ပြန်နောက်ကျမှာမို့ ဘေဘီတို့နှစ်ယောက်ပဲ dinner date လိုက်ကြနော်... မာမီ သွားတော့မယ် "
" မာမီ... ခ..ခဏ.. "
ရှားစကားကိုပင် ဆုံးအောင်နားထောင်မသွားဘဲ မာမီကထွက်သွားသည်မို့ ရှား သက်ပြင်းချလိုက်တော့ ခိုက် ဆီက ရယ်သံတိုးတိုးထွက်လို့လာသည်။
" ဒါ မင်းအကြံမဟုတ်လား "
" ဟောဗျာ... ဘာအပြစ်မှမကျူးလွန်ရပါဘဲ မတရားစွပ်စွဲခံရပြန်ပြီ "
ခိုက်ဘက်ကိုလှည့်ပြီး ရန်မူနေတဲ့အသည်းဦးလေးရဲ့ နှာခေါင်းထိပ်ကို လက်ညှိုးနဲ့ တို့ရင်း ပြောလိုက်တော့ ခိုက် လက်ကိုပုတ်ထုတ်လာသည်။
" ရှား စိတ်မပါရင် မသွားနဲ့လေ... ရတယ်.. ကိုယ်ပဲသွားလိုက်မယ် "
ခိုက် ပြောလိုက်တော့ ဘာမှပြန်မပြောဘဲ ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တဲ့ ရှားကြောင့် ခိုက် မျက်ခုံးပင့်မိသွားသည်။ ဒါက ဘာဖြစ်သွားရပြန်တာလဲ။
" ဘာလုပ်နေတာလဲ... သွားမယ်လေ "
ဘုဆတ်ဆတ်နဲ့ပြောပြီး ထွက်သွားတဲ့ရေသောက်မြစ်လေးကို ခိုက်လိုက်လို့ပင်မမီ တော့။ ဥတုရှားမြတ်က ဆိုးလို့ရမှန်းသိတော့ ဆိုးချင်နေတာပဲ။
ကုန်တိုက်ရောက်တော့ မာမီလက်ဆောင်ပေးချင်နေတဲ့လူကြီးတွေနဲ့ လိုက်မယ် ထင်တဲ့ အဝတ်အစားနဲ့အသုံးအဆောင်တွေကို ဦးစားပေးဝယ်ဖြစ်သည်။ ရှားကတော့ ငွေ ကြေးစိစစ်သူပီပီ ပေးရတဲ့ငွေနဲ့ ဝယ်ရတဲ့ပစ္စည်းက မတန်ဘူးထင်ရင် မဝယ်ဘဲလှည့်ပတ် ပြီး ရှာလို့နေသည်။
လက်ဆောင်ဖြစ်ရင်ပြီးရောဆိုပြီး သဘောမထားဘဲ သေချာလေးရွေးပေးနေသည်မို့ အစပိုင်းတော့ ခိုက်က ရှားပင်ပန်းမှာစိုး၍ အဆင်ပြေတာတွေ့ရင် ယူလိုက်ဖို့သာပြောပေ မယ့် နောက်တော့လည်း ရှား ဆန္ဒအတိုင်းသာဖြစ်စေတော့သည်။
" ဒါလေးဆို အဆင်ပြေမလား "
" ရှား သဘော "
နာမည်ကြီး brand တွေ ရောင်းတဲ့ဆိုင်ဖြစ်တာနဲ့အညီ အပြင်အဆင်တွေကလည်း ခမ်းနားလို့နေသည်မို့ ရှားမှာ သတိထားပြီး နေ,နေရသည်။ မတော်တဆ ထိခိုက်မိလို့ ပစ္စည်းတစ်ခုပျက်စီးသွားရင် လျှော်ပေးရမယ့်ပမာဏက အနည်းဆုံး သုညခြောက်လုံးရှိ သည်မို့။
တစ်နေရာရောက်တော့ လူငယ်ဆန်ဆန်လက်ပတ်နာရီတစ်လုံးကို တွေ့လိုက်တာ ကြောင့် ရှား စိတ်ဝင်စားသွားပြီး အရောင်းစာရေးမလေးကို ပြခိုင်းလိုက်သည်။ ခိုက်ကို ကြည့်လိုက်တော့ နေကာမျက်မှန်တွေကြည့်နေသည်မို့ ရှားလည်းမခေါ်တော့။
" ညီမ... အစ်ကို့ကို ဒီနာရီလေး ပြပေးလို့ရမလား "
" ဟုတ်... ရတယ်ရှင့် "
အရောင်းစာရေးမလေး ထုတ်ပြလာတဲ့နာရီကြည့်ပြီး တန်ဖိုးတွက်ကြည့်လိုက်တော့ သိန်းရာချီကျော်နေသည်မို့ ရှား ဘုရားတ,မိသွားသည်။ ဈေးများလောက်မယ်ဆိုတာသိ ပေမယ့် အဲ့လောက်တန်ဖိုးကြီးနေမယ်လို့တော့ မထင်ထားမိတာကြောင့် ရှား ပြန်သိမ်းခိုင်းလိုက်သည်။
" ဘာကြည့်နေတာလဲ... ရှား "
" ဟင်.. ဘာမှမကြည့်ပါဘူး.. ပြီးပြီလား.. ပြီးရင် သွားမယ်လေ "
ရှား ကြည့်နေတုန်းမှာပဲ ခိုက်က ရောက်လာသည်မို့ ခိုက်ကို ထိုနေရာကနေ မြန်မြန် ဆွဲခေါ်လာလိုက်သည်။ ခိုက်ကတော့ ဘာမှဆက်မမေးတော့ဘဲ ရှား ခေါ်ရာနောက်ကို သာ လိုက်လာသည်။
" အာ... ကိုယ် မေ့နေတာ "
နှစ်ယောက်သား အထုပ်ကိုယ်စီဆွဲလာပြီး ကုန်တိုက်အောက်ထပ်ကို ပြန်ဆင်းလာ တော့ ခိုက်ဆီက စကားသံထွက်လာသည်မို့ ရှား ငဲ့ကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ "
" ကိုယ် ဝယ်စရာတစ်ခုကျန်ခဲ့လို့... ရှား parking lotကို အရင်သွားနှင့်မလား... ကိုယ် အမြန်ဝယ်ပြီး လိုက်လာခဲ့မယ် "
" ရတယ်.. ဖြည်းဖြည်းဝယ်ပါ... ငါ သွားနှင့်မယ် "
ရှားကိုယ်တိုင်လည်း ခြေထောက်တွေညောင်းနေတာမို့ ခိုက်ကိုထားခဲ့ပြီး ကားပါ ကင်ကို ဦးတည်လာလိုက်သည်။ ရှားတို့ကားရပ်နေတဲ့blockမရောက်ခင်မှာဘဲ ရွှေမဉ္ဇူဇူ ကို တွေ့လိုက်ရတာကြောင့် ရှား မျက်မှောင်တစ်ချက်ကြုတ်မိသွားပေမယ့် ဘာမှမဖြစ် သလိုပဲ ခပ်တည်တည်သာ ပြန်နေလိုက်သည်။
" အဟင်း.. ဘယ်သူများလဲလို့.. မြတ်ပဲ.. ဘာလဲ shopping ထွက်လာတာလား "
ရှားလက်ထဲက အထုပ်တွေကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောလာတဲ့သူ(မ)ကို ရှား ခပ်စိမ်း စိမ်းတစ်ချက် ကြည့်လိုက်သည်။ စကားတွေအများကြီး မပြောချင်တာကြောင့် ရှား ခေါင်း
သာညိတ်ပြလိုက်သည်။
" ဘာလဲ.. ရွှေပင်နားတော့ ရွှေကျေးဖြစ်ပြီး စကားတောင်မပြောနိုင်တော့ဘူးလား "
" ဘာကိုပြောချင်တာလဲ... မ,မဉ္ဇူ "
" မြတ်က စာလည်းတော်သလို သရုပ်ဆောင်လည်းကောင်းတာပဲ.. အဟင်း "
ရွှေမဉ္ဇူ ဘာကိုဦးတည်ပြီးပြောနေလဲဆိုတာ ရှား သိပေမယ့် မိန်းကလေးတစ် ယောက်နဲ့ စကားပြိုင်ဖက်ပြီး မပြောချင်တာကြောင့် သူ(မ)ကို လျစ်လျှူရှုပြီး ကားရပ် ထားတဲ့နေရာကိုသာ ကျော်သွားဖို့ဆုံးဖြတ်လိုက်သည်။
" သတိုးရှန်ခိုက်က အထာနပ်နေတဲ့ playboyတစ်ယောက်ဆိုတာ အသိအမှတ်ပြု ရတော့မယ်ထင်တယ်.. လူတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သူကောင်းကောင်း သိတာပဲ "
ဒီစကားက ခိုက်ကိုရော ရှားကိုပါ စော်ကားတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတာ ကြောင့် အထုပ်တွေဆွဲထားတဲ့ရှားရဲ့လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရွှေမဉ္ဇူ ရှေ့ကို ပြန်လျှောက်လာခဲ့သည်။
" ဒီမှာ မရွှေမဉ္ဇူ ကျွန်တော့်ဘဝမှာ ဘာကိုနောင်တအရဆုံးလဲ သိလား "
ရှား မေးလိုက်တော့ သူ(မ)က မဲ့ပြုံးတစ်ချက်ပြုံးပြီး ' မင်း ပြောကြည့်လေ ' ဆိုတဲ့ ပုံစံမျိုးနဲ့ ပခုံးနှစ်ဖက်ကတွန့်ပြလာသည်။ ရှား သူ(မ)မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး တော့
" ခင်ဗျားကို ချစ်ခဲ့မိတာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးနောင်တပဲ "
ရှားပြောလိုက်တော့ သူ(မ)မျက်နှာက တည်တင်းသွားပြီး အံကြိတ်လိုက်သည်မို့ မေးရိုးတို့က လှုပ်ရှားသွားသည်။ ရှား ဂရုမစိုက်ဘဲ ပြောချင်တာကိုသာ ဆက်ပြောနေ
လိုက်သည်။
" ဒါပေမဲ့ ဘဝမှာ ကျေးဇူးအတင်ဆုံးကလည်း ခင်ဗျားပဲ... ခင်ဗျားကျေးဇူးကြောင့် သိပ်ချစ်တတ်တဲ့သူနဲ့ ဆုံတွေ့ခွင့်ရလိုက်တာ... ခင်ဗျားစကားအတိုင်းပဲ ပြောကြကြေးဆို ကျွန်တော်တို့နှစ်ယောက်လုံးက တူညီတဲ့လမ်းကိုပဲ လျှောက်ခဲ့ကြတာပဲ...
သိပ်ကိုထက်မြက်လွန်းတဲ့ခင်ဗျားက ငွေကိုကိုးကွယ်လို့ ပြည့်စုံကြွယ်ဝတဲ့သူဌေး နဲ့လက်တွဲခဲ့တယ်... ခင်ဗျား အမြဲပြောနေတတ်တဲ့ခပ်တုံးတုံးကောင်လေး ကျွန်တော်က အချစ်ကိုကိုးကွယ်လို့ ကိုယ့်တစ်ယောက်ထဲကိုပဲ ချစ်ပေးနိုင်တဲ့သူနဲ့ဆုံတွေ့ခွင့်ရခဲ့တယ်...
ရင်းနှီးရတာချင်းတူရင်တောင် ခင်ဗျားက အနှစ်မရှိတဲ့အကာသက်သက်ကိုပဲရ လိုက်တာ... ကျွန်တော်ကတော့ နှလုံးသားကိုရင်းပြီး မချစ်တဲ့သူနဲ့လွဲစေခဲ့သလို ချစ်တဲ့သူ နဲ့လည်း ဆုံစည်းခွင့်ရလိုက်တယ်... အဟက် ဘယ်လိုပြောရမလဲ.. ခဲတစ်လုံးတည်းနဲ့ ငှက် သုံးကောင် ပစ်လိုက်မိတာလား "
ရှား စိတ်ထဲမှာ တင်းကြပ်နေတာမှန်သမျှ အကုန်ဖွင့်ထုတ်ပြောလိုက်တော့ ရင်ထဲ မှာ အတော်နေလို့ကောင်းသွားသည်။ သူ(မ)အပေါ်မှာထားရှိတဲ့မိတ်ဆွေသံယောဇဉ်က ထိုနေ့က လေဆိပ်မှာတွေ့ပြီးကတည်းက ကုန်ဆုံးသွားခဲ့လေပြီ။
သူ(မ)ကတော့ ရှားဘက်က ဒီလိုတွေပြောလာလောက်မယ်လို့ မထင်ထားသည် ကြောင့် ဒေါသထွက်လွန်းလို့ နှုတ်ခမ်းသားများပင် တုန်ခါလာသည်။ ဒေါသတွေနဲ့ ပူ လောင်နေတဲ့သူ(မ)ကို ရှား အရသာခံပြီး ကြည့်နေလိုက်သည်။
( ရွှေမဉ္ဇူ...ခင်ဗျားသိကျွမ်းခဲ့ဖူးတဲ့ ဥတုရှားမြတ်က အတိတ်မှာ သေဆုံးသွားခဲ့ပြီ )
" မင်း... မင်း ဘာကိုပြောချင်တာလဲ "
" ခင်ဗျားမေ့နေတာတစ်ခုကို ပြောပြမယ်... ဒုတိယက ဘယ်တော့မှ ပထမဖြစ်မ လာနိုင်ဘူး "
" မင်း!!... မင်း!! "
ရှား ဘာကိုပြောချင်တာလဲဆိုတာ ရွှေမဉ္ဇူ ကောင်းကောင်းသဘောပေါက်သည်မို့ မြှောက်တက်လာတဲ့လက်တစ်ဖက်ကို ရှား မရှောင်ဘဲ မျက်စိမှိတ်ကာငြိမ်ခံနေလိုက် သည်။ အနည်းဆုံးတော့ မိန်းကလေးတစ်ယောက်ကို စကားအရာနဲ့ သူ ထိုးနှက်ခဲ့သည် မဟုတ်လား။
ဒါပေမဲ့ အကြောင်းကိစ္စတွေက ရှားထင်ထားသလိုဖြစ်မလာဘဲ ရှားအရှေ့တည့် တည့်ကို ရင်ခွင်ကျယ်ကြီးတစ်ခုက ကာဆီးလို့လာသည်။
" ခိုက် " " ရှား "
ဒီလူသားကို မြင်လိုက်ရတော့ ခုနက စိတ်ထဲတင်းထားတာမှန်သမျှ အကုန်ဖြေ လျော့လိုက်သည်မို့ ဒူးပင်မခိုင်ချင်တော့။ ခိုက်က ရှားကို လက်တစ်ဖက်နဲ့ သိုင်းဖက်လာ သည်။ ခိုက် လက်တစ်ဖက်က ရွှေမဉ္ဇူရဲ့လက်ကို ဆုပ်ကိုင်ထားပြီး
" ဒီမှာ.. အမျိုးသမီး ... ခင်ဗျားကို ကိုယ် မြန်မာလိုပြောခဲ့တာကို နားမလည်တာ လား.. ဒါမှမဟုတ် ခင်ဗျားမှာ အသက်အပိုပါကြောင်း ကိုယ့်ကိုပြချင်တာလား "
" ငါ့လက်ကိုလွှတ်စမ်း "
" ခိုက်.. သူ့ကိုလွှတ်ပေးလိုက်တော့... ငါတို့ပြန်ရအောင်.. ငါဒီမှာ တစ်စက္ကန့်တောင်
မနေချင်တော့ဘူး "
ခိုက်ရင်ခွင်ထဲကနေ ရှားကလေသံတိုးတိုးနဲ့ ပြောလိုက်တော့ ခိုက်က သူ(မ)လက် ကို အားနဲ့ဆောင့်ကာ လွှတ်ပေးလိုက်တာကြောင့် သူ(မ) အနောက်ဘက်ကို အနည်းငယ် ယိုင်သွားသည်။
" ရှားနဲ့ ဝေးဝေးနေ... မဟုတ်ရင် ခင်ဗျားကို တွေ့တဲ့နေရာမှာ သတ်မိလိမ့်မယ် "
ခိုက်က ရှားကိုပခုံးကနေ တွဲဖက်ရင်း ကားရှိရာကို လျှောက်လာခဲ့တော့ ခိုက် မမြင် အောင် သူ(မ)ဘက်ကို စောင်းငဲ့ကြည့်ရင်း ရှား မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည်။
တောက်!!
ခပ်ဝေးဝေးကထွက်လာတဲ့ ' တောက် ' ခေါက်သံတစ်ချက်ကြောင့် ရှား စိတ်ထဲမှာ ကျေနပ်လို့သွားခဲ့သည်။
( ရွှေမဉ္ဇူ... ခင်ဗျားတစ်ယောက်တည်းကပဲ သရုပ်ဆောင်တတ်တာ မဟုတ်ဘူးဆို တာ သိစေချင်တယ် )
('')('')('')