"........"
" နိုးပြီလား.....ချိုးချိုး.."
"....အားရှင်း~........"
"..ထ ရေသွားချိုးချည်...ကျွန်တော် မနက်စာ ပြင်ထားလိုက်မယ်...."
" ......."
မနက်ခင်းရဲ့ အလင်းရောင် နဲ့အတူ မြတ်နိုးရဲ့တဲ့ ဆောင်းဉီးလေးရဲ့ မျက်ဝန်းအစုံ က ပွင့်လာခဲ့သည်။ ခုချိန်ထိ သူ့ကို ဝမ်းနည်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသေးတဲ့ ဆောင်းဉီးလေးကို
ပြုံးပြကာ နှဖူးစပ်က ဆံပင်လေးကို သပ်ပေးပြီး
ရေအရင် ချိုးစေသည်။ သူက တော့ ရေအရင်ချိုးကာ uniform လဲပြီး လှုပ်"ယွ" နဲ့ မကြာခင် နိုးလာတော့မယ့် ဆောင်းဉီးလေး ဘေးမှာ လက်တစ်ဖက်ကို ထောက်ကာ ဘေးတစောင်း ဝင်လှဲ နေခဲ့ပြီး ဆောင်းဉီူလေး ရေချိုးခန်းဝင်သွားပြီးတာနဲ့ အဝတ်စားထုတ်ကာ မနက်စာပြင်ဖို့ ဆင်တော့သည်။
ချိုးတင်းကျယ် ရေချိုးပြီးတော့ ကုတင်ပေါ်က သူတွက် ထုတ်ပေးထားတဲ့ အဝတ်တွေကို ဝတ်ကာ ဆင်းလာခဲ့သည်။ သူဆင်းလာတော့
Uniform နဲ့ ဟင်းချက် နေတဲ့ သူ့ရဲ့ကြယ်ကလေးကို တွေ့လိုက်ရသည်။ သူဘာစကားပြောရမှန်းမသိတာကြောင့် စာပွဲ ခုံမှာ ငြိမ်"လေး ဝင်ထိုင်လိုက်သည်။ မကြာပါဘူး ဟင်းချက်ချင်းအလုပ်ပြီးစီးသွားတဲ့ ကြယ်လေးက သူလုပ်ထားတဲ့ ခေါက်ဆွဲအေး ကို ဆောင်းဉီးလေးရှေ့ ချပေးပြီး
"..ချိုးချိုး.........စားနော် ပြီးရင် အလုပ်ကို ကျွန်တော်နဲ့ လိုက်ခဲ့...."
" အာ့ရှင်းး~............ဟို ကိုယ့်ကို မမုန်းဘူးလားဟင်....."
" ...နောက်တစ်ခါ ထပ်မေးရင် ကျွန်တော် စိတ်ဆိုးမိမယ်ထင်တယ်.......ကျွန်တော်က ချိုးချိုးကို မုန်းဖို့ ...စိတ်ကူးနဲ့တောင် ဘယ်တုန်ူးကမှ မတွေးခဲ့ဖူးဘူး......အက်တာကြောင့်...ချိုးချိုးက
စိတ်မကောင်းမဖြစ်နဲ့နော်......"
ခေါက်ဆွဲပန်းကန်ကို ချိုးတင်းကျယ်ရှေ့ ချပေးပြီး မျက်နှချင်းဆိုင်ခုံမှာ ဟွားရုံက ဝင်ထိုင်လိုက်သည်။ အစားကို ကောင်း"မစားဘဲ မေးလာတဲ့ ချိုးတင်းကျယ်ကို ဟွားရုံက လက်ကလေးပိုက်ကာ ပြောသည်။ ကျွန်တော်က ကိုကို့ ကို မုန်းနိုင်မတဲ့လား ကိုကိုရယ်။ မဖြစ်နိုင်တာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ။
"....အာ့ရှင်း.....ရှန့်ဖန်းမှာ လုပ်တာ ကြာပြီလား..."
" အင်း..."
" ဟွားရုံ..ဆိုတာ....."
" ...ဘဝ ကို အသစ်က ပြန်စချင်လို့....ကိုယ့်ဘာကိုယ် နိုင်ငံသားစိစစ်ရေး ကဒ်ပြားလုပ်တုန်းက
ပြည်ထဲရေးဝန်ကြီူဌာန မှာ ပြောင်းလိုက်တာ..."
"...ပင်ပန်းခဲ့မှာပဲ..."
"......."
" တီ တိ့ တီတီ ... တိ့တိ တီတီ ) ဖုန်းဝင်သံ
" ......ဉက္ကဌ ကြီး..."
"... အတွင်းရေးမှူးဟွား...ကုမ္မဏီ ရောက်ရင် ..ရုံခန်းကို အရင်လာခဲ့...."
" ဟုတ်ကဲ့...ကျွန်တော် ခန နေ ရောက်ပါမယ်..."
" အင်း..ကောင်းပြီ...."
တီ ( ဖုန်းကျ သံ )
ရှန့် ရှောက်ယို နဲ့ ဟွားရုံတို့ စကားဝိုင်းကို ရှန်းဖန်းရဲ့ ဉက္ကဌ ကြီး ဖုန်းဝင်လာသည်မို့ ဟွားရုံ ကိုင်လိုက်သည်။ ဖုန်းပြောပြီးသည်နှင့် အလုပ်သွားရတော့မည် ဖြစ်တာကြောင့် ရှောက်ယိုက ခေါက်ဆွဲ ကို အမြန်စားကာ အကျီ လဲ အုမ်းမည်ဟု ဆိုသော်လည်း ဟွားရုံက လက်မခံ ခဲ့ပေ။
ခုပုံစံ အပြာရောင်လွင်" အကျီ လက်ရှည်လေးကို တတောင်ဆစ်အောက်လောက်ထိ ခေါက်ပီး ပန့်အဖြူ လေးနှင့် ရှောက်ယို ဟာ သိပ် လိုက်ဖက်လွန်းသည် ကြောင့်။ သူ့ရှေ့က အမျိုးသားက ဆန်ကိတ်လေးကို အပြာရောင် စာရွက်ကလေး ပတ်ထားသကဲ့ သို့ မြင်သူရင်ကို မယိုးမယွ ဖြစ်စေသည်။ ရှောက်ယိုက လဲ ဟွားရုံ ပြောသည်ကို မငြင်းဆန်ပါပဲ ဝန်ထမ်းကဒ်ယူကာ ကုမ္မဏီ ကို နှစ်ယောက်သားထွက်လာ လိုက်သည်။
_________________
" ဉက္ကဌကြီး....."
" ..အတွင်းရေးမှူးဟွား.......ထိုင်..."
"........"
ဟွားရုံ ကုမ္မဏီ ရောက်သည်နှင့် ရှောက်ယို ကို အလုပ်ရုံးခန်းထဲ ပို့ကာ ဉက္ကဌ ကြီးရုံးခန်းစီ တန်းလာခဲ့သည်။ ဝင်" ချင်း မြင်လိုက်ရသည့် ဧည့်သည်တော်ကြီးေတွကြောင့် အနည်းငယ် မျက်ခုံးပင့်သွားသည်။
ဒါရိုက်တာ ကျန်းဟောက့်မင် က ဉက္ကကြီးရဲ့ တဖက်မှာ ထိုင်နေပြီး
MHC ရဲ့ ဉက္ကဌ ချန်ဟွမ်း က တော့ ရှေ့တည့်" မှာ ထိုင်နေသည် ကြောင့် ဟွားရုံ တဖက်က လွတ်နေတဲ့ ဉက္ကဌ ကြီးရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။
ဟွားရုံ ဒိတ်"ကျဲ စီးပွားရေးလုပ်ငန်းရှင် ကြီးက ရှန့်ဖန်းရဲ့ ဉက္ကဌ ရုံခန်းထဲထိ မလာ စဖူး လာသည်ကြောင့် ြဖစ်နိုင်သမျှ အတွေးများကို တွေးကာ အရိပ်အခြေ ကြည့်နေသည်။
ရှန့်ဖန်းရဲ့ ကင်ဆာ ကုထုံး မှာ ရင်းနှင်းမြှပ်နှံ ဖို့တခုပဲ ရှိသည်။ ဒီ project သာ အောင်မြင်ခဲ့ရင်
ထရီလီယမ် နဲ့ ချည်တဲ့ ငွေ တွေက သူတို့ရဲ့ ဘဏ် Acc ထဲကို အတိုင်းအချ မရှိ ဝင်တော့မည်။ စီးပွားရေးလောကမှာ သူ့အကျိုးထက် ကိုယ့် အကျိုး လို လို့ လာရော သည်သာ ရှိကြသည် မဟုတ်လား။
ဒါရိုက်တာကျန်းဟောက်မင် ကတော့ ဟွားရုံဝင်လာသည်နှင့် တိမ်မဲ တွေ ဖုံးသွားသလိုပင် ။
"...ပါ့း......လက်ရှိခြေနေကလဲ ...အတည်ပြုဖို့ ရာခိုင်နှုန်းများနေပြီ ဆိုပေမယ့်...ဉက္ကဌ ချန်တို့နဲ့ အကျိုးတူ စီးပွား ပူပေါင်းပြီး သာ ဒီproject ကို အကောင်ထည်ဖော်ရင် ပိုပြီး ကောင်းမယ်လို ကျွန်တော်က ယုံကြည်တယ် ပါ့း...."
ကျန်းဟောက့်မင်က စကားဆိုလာတော့ ရှန့်ဖန်းရဲ့ ဉက္ကဌ ကြီးက ဟွားရုံ ကို မျက်လုံးစကားပြောဟန် ကြည့်သည်။ ဟွားရုံဟာလည်း အရိပ်ပြ အကောင်မြင်စွာနဲ့ ရှေ့က ကမ်းပေးလာတဲ့ စာရွက် စာတမ်းအချို့ကို ကြည့်သည်။
စာချုပ်ပါ အကြောင်းအရာအရ ရှန့်ဖန်း ဇီဝ နည်းပညာ ကုမ္မဏီ ကို MHC အနေ နဲ့ ဒီ project ကို
လိုအပ်တဲ့ နည်းပညာ ၎င်းတို့ရဲ့နိုင်ငံ တကာ ဆေးဝါးကျွမ်းကျင်ပညာရှင် အဖွဲ့နဲ့ တခြားသော ရင်းနှီးမြှုပ်နှံ မူနှင့်တကွ
ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မူ ရရှိပါက
အစွန်းအမြတ်ရဲ့ ၄ ပုံ ပုံ တစ်ပုံကိုသာ အမြတ်ခံစားခွင့်ယူမည် ဖြစ်ကြောင်းပါဝင်ပြီး
ရှန့်ဖန်းအနေ နဲ့ မိမိတို့ရဲ့ ပူးပေါင်းဆောင်ရွက်မူကို လက်ခံပါက ရှန့်ဖန်းရဲ့ ရှယ်ယာ ၂ သန်းကိုသာ ရောင်းချ ရမည်ဖြစ်ကြောင်း ။ ပါဝင်သည်။
ဒါဟာ အကျိုးလို လို့ ညောင်ရေသွန်းသည် ဆိုတာ မြွေ" ချင်း ခြေမြင်တဲ့ ဟွားရုံက သဘော ပေါက်လိုက်ပါသော်လည်း ရှန့်ဖန်းရဲ့ ဉက္ကဌ ရှန့်ဖန့်ယွင် ကတော့ သဘော ကျနေသည်။
ဟွားရုံဟာ စာချုပ်ကို ကြည့်ပြီး ဉက္ကဌ ကြီးကို တချက်ကြည့်ကာ ပြန်ချလိုက်သည်။ ဒီနေရာမှာ ဉက္က သမက်ကပါ ဟိုဘက် ကို လုံး" လျား" ပါဝင်နေတော့ ဒီကိစ္စက အဆိုပါ ကုမ္မဏီက သဘောအတိုင်းြဖစ်တော့မည်ဆိုတာ ရိပ်စားလိုက်မည့်သည်။
ဒီကိစ္စဟာ ချန်ဟွမ်းနဲ့ ဟောက့်မင် တို့ ပေါင်းကြံထားတာ ဖြစ်ပြီး ...သူ့ထက် ပို အရေးပါနေတဲ့ ဟွားရုံ ကို ဉက္ကဌ ကြီူရှေ့မှာ တကွက် ပြလိုက်ခြင်းဖြစ်ရုံသာမက။ ဒီ ကိစ္စကြီးသာ အဆင်ချောရင် ချန်ဟွမ်းနဲ့ ရာထားသည့် အစီစဉ်အတိုင်းသူဟာ ဒုဉက္ကဌ ရာထူးနဲ့မလှမ်းတဲ့ ကိုယ်စားလှယ်ရာထူးကို ပေးအပ်ခံရလိမ့်မည်။ နောက်ဆို အရာရာက သူ့သဘောတိုင်းြဖစ်လာပြီး ရှန့်ဖန်ူးဟာ တေြဖးဖြေးနဲ့ သူ့လက်ထဲ ရောက်လာလိမ့်မယ်လို့ ပုံ သေတွက်ထားပုံပင်။
_____________________________
" ...အာ့ရှင်းး.......နေ့လည်စာစားချိန်တောင်ရောက်တော့မယ်...ခုမှ ပြန်လာတယ်...."
"..အရေးကြီးတဲ့ စာချုပ်တခုအတွက် လုံးပန်းနေလို့ပါ.......ဒီမှာ ချိုးချိုး အတွက်...."
ဟွားရုံ စာရွက်စာတမ်းတွေကို စစ်ပြီး လိုအပ်တာတွေ ပြင်ကာ ဉက္ကဌ ကြီးဆီ ထားခဲ့ပြီး..
ချိုးတင်းကျယ်အတွက်..ကြက်သားအစာသွပ်ပေါက်စီ တွေနဲ့ အအေးတွေ ဝယ်ကာ နေ့လည်စာ စားချိန် မရောက်ခင် အမှီ ပြန်လာခဲ့သည်။ ဟွားရုံ ရောက်တော့ ချိုးတင်း က ဟွားရုံ ဆီ လာကာ မကျေနပ်သလို လို ဘာလို လို နဲ့ ပြောလေတော့
ဟွားရုံက သူ့လက်ထဲက ပါဆယ် ဗူးလေးများမြှောက်ကာ ပြလိုက်သည်။
"....အားးး...မွှေးလိုက်တာ...."
"........."
ပေါက်စီအသံ ကြားတာနဲ့ ကွေးတက်သွားတဲ့ နှုတ်ခမ်းဖူးဖူးလေး နဲ့ ချိုးတင်းကျယ်ဟာ ဟွားရုံ လက်ကို ဆွဲပြီး ဆိုဖာပေါ်ထိုင်စေလိုက်သည်။
ဟွားရုံက လဲ အငြိမ်လေး လိုက်ထိုင်လိုက်ပြီး အလိုက်တသိ နဲ့ ဗူး ဖွင့်ပေးသည်။ ထို့နောက် ပါးလေးတွေ ဖောင်းကားပြီး လှုပ်စိ လှုပ်စီ နဲ့ အိကျိ ပိကျိ ဖြစ်နေတဲ့ ချိုးတင်းကျယ်ကို ပြုံး" ရီး ထိုင်ကြည့်နေတော့သည်။
".....အာ့ရှင်....အင့် ဟ....."
"...တော်ပါပီ...ကျွန်တော် မဆာဘူး..."
ခေါင်းမဖော်ပဲ စားနေရင်းမှ ခုမှ ဟွားရုံကို သတိကသွားပုံ ပေါ်တဲ့ ချိုးတင်းက ပေါက်စီ တလုံးကို တူနဲ့ ညှပ်ကာ ဟွားရုံ နှုတ်ခမ်းရှေ့ လာ ကပ်သည်။
" အက်တာကြောင့်....ဒီလို ခန္ဓာကိုယ်ပိန်" လေးဖြစ်နေတာ....မနက်စာမစား ..နေ့လည်စာမစားနဲ့...အာ့ရှင်းး ကိုယ့် ကိုကိုယ် စွမ်းအားရှင်များထင်နေတာလား...."
".......ကျွန်တော် ချိုးချိုး ကိုတော့ ချီနိုင်ပါသေးတယ်...."
"..ဟွားရုံ!!.....မရဘူး..ရော့ စား..!!..."
"......"
ပါးနှဖက်လုံး အပြည့်နဲ့ ထွက်နေတဲ့နှုတ်ခမ်းသေး
သေးလေးကို တထော်ထော် လုပ်ကာ ပြောနေတဲ့ ချိုးတင်းကျယ်ကို ဟွားရုံ တဂယ် မနိုင်တော့တာကြောင့် ထပ် မံရဲ့ ကမ်းလာပါတဲ့ ပေါက်စီ တလုံးကို စားလိုက်သည်။ ထိုအခါမှ ပြုံးပျော်သွားတဲ့ မျက်နှာလေး
"...နေပါအုမ်း...စောနက ..??? အထက်လူကြီးကို ပြောတဲ့ ပုံ ပေါ့လေ...အလုပ်သင် ရှန့်..ရှောက်...ယို...?..."
"....ဒါကကော ...ကိုကို့ ကို ပြန်ပြောတဲ့ ပုံစံ ပေါ့လေ....ဟွမ်..ရှင်းး ..ရှင်းး!..?...."
ဟွားရုံ ရဲ့ စကားကို မျက်စောင်းလေးထိုးကာ ပြန်ပြောလာတဲ့ ချိုးတင်ကျယ်ရဲ့ စကားအဆုံးမှာတော့ သူတို့ နှစ်ယောက်သား အားပါးတရ ရယ်မောခဲ့ကြသည်။ ဒီလောက်နှစ်တွေ အကြာကြီးနေမှ ဒီလို စိတ်ပါလက်ပါ ရယ်မော ရတာ ဟွားရုံ အတွက်တော့ ပထမ ဉီးဆုံးပါပဲ ။
ကြယ်လေးအတွက်တော့ ဆောင်းဉီးလေးသည်သာ သူ့ရဲ့ အရယ်အပြုံးကို ထိန်းချုပ်နိုင်သူ။
လွန်ခဲ့သော ဆယ်နှစ်ကတည်းက ကြယ်ကလေးရင်ထဲမှာ ဆောင်းဉီးလေးက အလုံးဆုံ နေရာ ယူထားလေသည်။ နှစ်တွေ ဘလောက့်ပင်
ရှည်ကြာစွာ ဝေးကွာနေအုမ်းတော့ ဆောင်းဉီးလေးရဲ့ ရင်ထဲမှာကော ကြယ်လေးရဲ့ ရင်ထဲမှာပါ
ရစ်ပတ် ဖွဲ့နှောင်တတ်သော သဘောရှိသည့်
အချစ်ကြိုးလေးဟာ ( သံယောဇဉ် ) အစားထိုး နာမ်လေး နဲ့ ထပ်တူပြုကာ ခိုင်မြဲ လို့ နေခဲ့ပြီ။
_______________________
မှားတာရှိရင် ဝဏာမိပါ
အရေးအသား ညံ့ဖျင်းမူအတွက် သည်းခံတော်မူပါကြောင်း🙏
ဒီညတော့ ဒီလောက့်နဲ့ ရွှေဘဝင် ချမ်းမြေ့တော်မူ
နောက်နေ့မှ ထပ် ရေးပေးမယ်နော်
တချို့ နေရာတွေ မှာ actor နှစ်ယောက်နဲ့ နာမည်ကို လိုအပ်သလို ပြင်" ပြီး ဆွဲပြောနေရတာမို့ ဆင်မပြေဖြစ်သွားရင် တောင်ူပန်တယိနော်
အက်လို မှလဲ ဆင်ပြေမှာမို့
စပရိုက် အကြီး ကြီးအတွက် အကြီးအကျယ် ပြင်ဆင်နေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
သာ့ကျ့ ဝမ်အန်းးး🥱💋