ရန်လင်းကတော့သူ့ကိုယ်ပိုင်လုပ်ငန်းကိုဆက်လုပ်ပြီးသမီးလေးနှင့်နှစ်ယောက်ထဲနေသည်...သူအလုပ်မအားတဲ့နေ့ဆိုဘေးအိမ်ကညီအမနှစ်ယောက်ဆီသမီးကိုသွားအပ်ထား၏...ရိပေါ်တို့မိသားစုအားအနှောင့်ယှက်မပေးချင်ပေ.....
သူအလုပ်သွားတော့မှာမို့ရှောင်လင်းလေးအားသွားအပ်ဖို့ထွက်လာခဲ့သည်...
"မောင်လေး..လာလာ..သမီးကိုလာအပ်တာမလား....
"ဟုတ်တယ်ကျဲရီရီ......
"စီးစီးရေ..ညီမလေး..သံပုရာရည်လေးဖျော်ခဲ့ပါအုံး...
"ဟုတ်မမ....
စီးစီးကသံပုရာရည်ခွက်ကိုင်ကာဧည့်ခန်းသို့ရောက်လာလေသည်.....
"ရန်လင်း..နင်ရောက်နေတာပဲ...ရှောင်လင်းလေးကိုစိတ်မပူနဲ့သိလား...ကလေးကအေးအေးလေး...ဂျီမကျတတ်ဘူး...
"အင်း.ဒါဆိုကျွန်တော်သွားတော့မယ်..ကျဲရီရီနဲ့စီးစီး.....
ရန်လင်းအရင်တုန်းကလုပ်ငန်းကိုမလုပ်ဖြစ်တာကြာပြီမို့မနဲပြန်ထူထောင်လိုက်ရ၏...ခုဆိုလုပ်ငန်းသေးသေးကနေအများကြီးချဲ့ထွင်နိုင်ခဲ့ပြီဖြစ်သည်...ဝမ်လုပ်ငန်းကလဲကူညီထောက်ပံ့ပေးကြသည်......ခုဆိုHaiလုပ်ငန်းစုဟာလဲတော်တော်လေးနာမည်ရလာပြီဖြစ်၏....လူငယ်ဖြစ်သည့်အပြင်ရုပ်ရည်ကလဲတော်တော်ချောမောသည်မို့သမက်အဖြစ်လိုချင်သည့်လုပ်ငန်းရှင်တွေလဲရှိသည်..တချို့ဆိုကလေးအဖေမှန်းသိရက်နဲ့ပေါ့.......
.......................................
ရှောင်အိမ်တော်တွင်လူစည်နေ၏...အကြောင်းရင်းကတော့ယန်းလီနှင့်ဇီရွှမ်းတို့စေ့စပ်မည့်ကိစ္စပင်....ဇီရွှမ်းမိဘများကလဲသဘောတူလက်ခံကြသည်...ကျန့်ကတော့ငိုနေလေပြီ...သူ့ကျဲနဲ့မခွဲနိုင်၍ဖြစ်သည်..
"ကျမတို့သမီးကြီးကိုကောင်းကောင်းအပ်ပါတယ်ရှင်.....
"ဟုတ်ကဲ့ပါအမရေ..သမီးကယဉ်ကျေးသိမ်မွေ့ပြီးချစ်ဖို့ကောင်းတော့သဘောမတူနိုင်စရာမရှိပါဘူး...လက်ထပ်ပွဲကိုဘယ်တော့စီစဉ်ကြမလဲ.....
"အင်းရက်ကောင်းရက်မြတ်ရွေးကျတာပေါ့ညီမရေ.....
အမေနှစ်ယောက်ကစကားပြောနေတော့အဖေနှသ်ယောက်ကပြုံးကပီးငြိမ်နေကြသည်...ယန်းလီနဲ့ဇီရွှမ်းကတော့ခြံထဲကပန်းခြံကိုလျှောက်ကြည့်နေကြသည်.....

YOU ARE READING
??????????????(????????????)(completed)
FanfictionYizhan(uni+zawgyi)(M-preg)?? ???????????????????........ ???????????????????????????? ?????????????????????????????????????????????..........