!Unicode!
အခန်း(၅၄) လွတ်လပ်ခွင့်
-------
ယွင်ရှဲ့မှတ်ချက်ပေးလိုက်သည်။
"ဒီကလေးက သိပ်တော့မဆိုးပါဘူး။ တကယ်တော့ သူက အရမ်းအားနည်းတယ်ဆိုပေမယ့် သူ့ရဲ့တိုက်ကွက်တွေက နည်းလမ်းကျတယ်လို့ ငါထင်တယ်။ သူက ရိုက်ချက်နည်းနည်းလောက်နဲ့ လဲကျမသွားသင့်ပေမယ့် သူကအများကြီးထုရိုက်မခံချင်တာကြောင့် သေချင်ယောင်ဆောင်နေတယ်လေ။"သို့ဖြစ်၍ ထိုသို့လုပ်ခြင်းအားဖြင့်၊ ဤအခြင်းအရာဟာ လူအုပ်ကြီးအတွက် ဖျော်ဖြေရုံသက်သက်မျှမဟုတ်ပေ။ ထို့ကြောင့် စျေးကြီးကြီးတောက်ပြောင်သည့်ဝတ်ရုံကို ဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်ဟာ ပြုံးပြီး ပြောလိုက်သည်။
"ဟေး၊ ချီရှစ်ကျို၊ မင်းခေါင်းအရမ်းမာမနေစမ်းပါနဲ့။ ဒီလိုဆိုရင်ရောဘယ်လိုလဲ၊ ဒီကနေ့ မင်းအနိုင်ရခဲ့မယ်ဆိုရင် ငါမင်းကိုလွတ်လပ်ခွင့်ပေးမယ်လေ၊ အဲ့လိုဆိုရင်ရော။"ဤလူငယ်သည် သိသိသာသာကိုပင် အင်အားအတော်အသင့်ကြီးမား၏။ သူပြောတာကိုကြားလိုက်ရသည်နှင့် လူတိုင်းဟာအော်ဟစ်လာကြသည်။
"ချီရှစ်ကျို၊ မင်းကြားတယ်မလား။ ကောင်းသခင်လေးက ဒီလိုပြောတယ်ဆိုမှတော့၊ အဲ့ဒါက အမှန်ပဲဖြစ်ရမယ်!"ချီရှစ်ကျိုလှုပ်ရှားသွားကာ မြေပြင်ပေါ်ကနေ ခေါင်းကို ပြင်းထန်စွာမော့ကြည့်လာလေသည်။ သူ၏မျက်နှာမှာ ဖုန်မှုန့်များဖြင့်ပေကျံနေပေမယ့် သူ၏မျက်လုံးများကတော့ တောက်ပနေသည်မှာ မီးတောက်ငယ်နှစ်ခုတောက်လောင်နေသည့်အလားပင်။
ကျန်းရွှင်းယီဟာ သူ၏မျက်လုံးများကိုမြင်လိုက်ပြီး တစ်ခဏမျှအေးခဲသွားရသည်။
"ခင်ဗျားပြောတာအမှန်ပဲလား။"
ချီရှစ်ကျိုက အက်ရှစွာမေးသည်။ကောင်းသခင်လေးဟာ ရယ်မောရင်း လှောင်ပြောင်ဆူပူလိုက်သည်။
"ဒီတော့ မင်းတကယ်မသေသေးဘူးပဲ။ မြန်မြန်သွားတိုက်ခိုက်လေ! ငါမင်းကိုမလိမ်ပါဘူးကွာ။"ချီရှစ်ကျိုသည် သူ၏နှုတ်ခမ်းပေါ်ကသွေးတွေကို သူ၏ဝတ်ရုံလက်ဖြင့်သုတ်ပြီး လက်သီးဆုပ်လျက် ထပ်မံပြေးသွားခဲ့သည်။

YOU ARE READING
[COMPLETED] ??????????? || ????????
AdventureAuthor: ??????????????? Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...