抖阴社区

Umbrella(part-2)

640 48 3
                                    

မြလေးတို့ အိမ်ရှေ့ ရောက်သောအခါ
ပြတင်းတံခါးတွေအကုန်လုံး
ပိတ်ထားပြီး ခြံဝင်းတံခါးမကြီးကိုလည်း
သော့ခတ်ထားတာ တွေ့ရသည်

မိသားစုလိုက် ခရီးများထွက်သွားတာလား
ဘာကိစ္စများရှိလို့လည်းမသိ
တကယ်တော့ပိုင်မှူး မြလေးရဲ့ မိသားစု
ဘယ်နှစ်ယောက်ရှိတယ် ဘယ်လိုအခြေနေဆိုတာ တစ်ခုမှ မသိပါ
ဒီကောင်မလေးကလည်း လူကိုစိတ်ပူရအောင်
ဘာတစ်ခုမှ ပြောမသွားပါလား
ခုထိလည်း ဆက်သွယ်မလာဘူး
နေနိုင်လိုက်တာ

"ဟိတ်...ဟိုသူငယ်လေး"

"ဗျာ ကျွန်တော်ကိုခေါ်တာလား
အန်တီ"

"အေးဟုတ်တယ်ကွဲ့ မင်းမာလည်း
ဒီရှေ့နေ့တိုင်းလာပြီး ရပ်ကြည့်လိုက် ပြုံးနေလိုက်လုပ်နေလို့ အန်တီက သတိထားမိနေတာ
ဘာလဲ ဒီခြံဝန်းလေးကို သဘောကျလို့လား"

ခြံဝန်းကို သဘောကျတာမဟုတ်ပါဘူး
ခြံဝန်းထဲကကောင်မလေးကို
သဘောကျတာဗျလို့ စိတ်ထဲက ပြန်ပြောမိနေသည်

"ဒီခြံဝန်းနဲ့ အိမ်က လူမနေတာတော့
ကြာပြီ ရောင်းတယ်လို့လည်းအသံတော့
မကြားမိဘူး မင်းသဘောကျလို့ ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရနိုင်ဘူးထင်တယ်ကွဲ့"

"ဘယ်လိုအန်တီ လူမနေဘူးဟုတ်လား"

" ဟုတ်တယ်လေ လူလေးရဲ့"

"အန်တီ မှားနေပြီ ထင်တယ် မနေ့ကတောင်
ဒီအိမ်က ကောင်မလေးတစ်ယောက်ကို
ကျွန်တော် ဒီအရှေ့ထိ လိုက်ပို့သေးတယ်
ဒီနေ့မှ လူမရှိတာပါ သူတို့ အပြင်ဘာညာသွားတာနေမယ်"

"မင်းမနေ့က လာတာလည်း အန်တီမြင်ပါတယ် ခါတိုင်းလည်းမင်းတစ်ယောက်ထဲ
ထီးလေးဆောင်းပြီး လာလာနေတာလေ
ခဏနေပြီးရင်
ပြန်လှည့်သွားတာ မဟုတ်လား"

"တစ်ယောက်ထဲ မဟုတ်ပါဘူးဗျ
နှစ်ယောက်ပါ အန်တီ ဒီအိမ်က မြလေး ဆိုတဲ့
ကောင်မလေးကို လိုက်ပို့တာပါ"

အန်တီကြီးသည်
ကျွန်တော့် အဖြေကြောင့် နားလည်ရခက်တဲ့
မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်
အံသြခြင်းလား သနားခြင်းလား
သူ့အကြည့်မာ အရိပ်များစွာ
ပါဝင်နေသည်
...........
ဒီနေ့ သင်တန်းဆင်းတော့
မြလေး စောင့်နေတာကို တွေ့ရသည်

"မရွှေချောလေး မနေ့က ဘယ်တွေသွားနေသလဲ စာမလာ အကြောင်းမကြားနဲ့
ကျုပ်မာ ခင်ဗျားအိမ်ထိ ရောက်သေးတယ်
သိလား"

"ဟုတ်လား မြလေးက မိဘတွေဆီ
အလည်သွားရလို့ ပိုင့်ကို
ကြိုပြောမလို့ဘဲ ဒါပေမယ့် ရုတ်တရက်
သွားလိုက်ရလို့ပါ"

"ဟင် မြလေး မိဘတွေက အိမ်မာ အတူတူမနေဘူးလား ဒါဆို အိမ်မာ မြလေး
တစ်ယောက်ထဲလား"

"တစ်ယောက်ထဲ​တော့ မဟုတ်ဘူး
အစောင့် ရှိတယ်
အဲအစောင့်က မိန်းမနော် "

"ဟုတ်ပါပြီဗျာ
အော် ဒါနဲ့ မြလေးကို ပြောပြရဦးမယ်
မနေ့က ပိုင်လေ ထူးဆန်းတဲ့
အန်တီကြီးတစ်ယောက်နဲ့ မြလေးတို့ ခြံရှေ့
တွေ့ခဲ့ရတယ်
သူက မြလေး တို့ အိမ်ကို လူမနေဘူး
ပြောနေတာ ပြီးတော့ သူ ပိုင့်ကို ကြည့်တာ
တစ်မျိုးပဲ မသိရင် ပိုင်ကပဲ
ရူးနေသလိုလို "

မြလေးကို ဖြစ်ပျက်သမျှ ပြောပြတော့
အံ့သြခြင်း မရှိတဲ့ မျက်နှာလေးနဲ့
ပြုံးရယ်နေသည်

"ပိုင်ရယ် မြလေး သိပြီ သူ့ကို
သူကရပ်ကွက်ထဲမာ ယဥ်ယဥ်လေးရူးနေတယ် ပြောရမာပဲ
အဲလိုပဲ မြလေးတို့အိမ်ကို လူမနေဘူးလို့လျှောက်ပြောနေကြ
တွေ့မယ့်တွေ့ တကယ်သူနဲ့မှ
တွေ့ရတယ်လို့ ပိုင့်စိတ်ထဲ
ဘာမှထားမနေနဲ့နော်"

"စိတ်ထဲတော့ မထားပါဘူး ဒါပေမယ့်
မနေ့က မြလေး ကလည်း ဘာမှန်းမသိ
ပျောက်နေတော့ ကိုယ်လည်းစိုးရိမ်နေတာ
ဒီကြားထဲ အဲဒီလိုလျှောက်ပြောသူနဲ့
ဆုံရသေးဆိုတော့
မနေ့က တစ်နေ့လုံး စိတ်ရော လူရော
ပင်ပန်းလိုက်တာပြောမနေနဲ့"

"ကဲပါနောက်ဆိုရင် မြလေး ဘာလုပ်လုပ်
ပိုင့်ကို ပြောသွားမယ်နော်"

လက်မောင်း တဖက်ကို ချိတ်တွဲလာပြီး
ပြုံးရယ်နေတဲ့ ကောင်မလေးကို
ပိုင်မှူးငေးကြည့်မဝဖြစ်ရသည်
မြလေးမာ အပေါများဆုံးက ဒီအပြုံးနုနုလေးတွေပဲ ဖြစ်မည်
အချိန်တိုင်းပြုံးရွှင်နေပြီး
ဘာအပူပင်မှ မရှိသည့် ကလေးငယ်လေးလို
ဖြူစင်လှသည်

"လုပ်ချင်ရာ လုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်သူ ဆိုတာ မြလေးနဲ့မှ ကွက်တိသိလား"

"ဟီးဟီး ပြုံးမှတော့ လှလှလေးပြုံးမာပေါ့"

စကားပြောရင်း လမ်းလျှောက်လာကြတာ
မြလေး အိမ်ရှေ့သို့ရောက်ပြီမို့
နှုတ်ဆက် ခွဲခွာရတော့မည်
...........







Umbrella (???)Where stories live. Discover now