= Unicode =((Jinတို့ရုံးက ဝန်ထမ်းတွေက Sunday ပိတ်ပေမယ့်..Jinက ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးရှိတာကြောင့် ရုံးတက်ခဲ့တာပါ))
ကယ်....Part3 Vလေးကနေပြန်ဆက်ကြမယ်နော်......
ကျတော်ဟိုလူကြောင့် စိတ်တိုနေပေမယ့်... အချိန်နဲနဲကြာတော့ သူ့ကိုစောင့်နေရင်းနဲ့ sofaပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ်
Jinကတော့ Meetingလဲ ပြီးရော အမြန်ဆုံး
ခြေလှမ်းတွေနဲ့Vလေးရှိတဲ့ သူ့ရဲ့ရုံးခန်းဆီ ပြန်လာခဲ့တာပေါ့...အခန်းထဲရောက်တော့ Vက Sofaပေါ်မှာ..
ခွေခွေလေးအိပ်ပျော်နေတာတွေတော့...
Jin က သူ့ရဲ့ အပေါ်ထပ်coatကို ချွတ်လိုက်ပြီး
Vပေါ်သို့ လွှမ်း ခြုံပေးလိုက်လေသည်အိပ်ပျော်နေတဲ့Vရဲ့မျက်နှာလေးက...
နက်ရှိုင်းလှတဲ့ပင်လယ်သမုဒ္ဒရာထဲက ငွေရောင်ရေလှိုင်းတွေလိုပဲ....ဝင်းလဲ့တောက်ပနေလေရဲ့..Jinက Vရဲ့ မျက်နှာလေးကို ကြည့်ရင်း.... coatလေးကို သေချာစွာထပ်ခြုံပေးနေတဲ့ Jinရဲ့ လက်ကလေးတွေကိုVက လှမ်းပြီးဆွဲ ကိုင်ထားလိုက်၏
ပြီးတော့....Vရဲ့ အသံထွက်ပေါ်လာလေသည်..
''မသွားပါနဲ့.....'' ဆိုပြီးတော့ပေါ့
(Vက အိမ်မက်တွေ မက်ပြီး ယောင်နေတာပါ)
Jinလဲ သူ့ကို ဖမ်းဆုပ်ထားတဲ့ Vရဲ့ လက်ကလေးတွေကိုညှင်သာစွာပဲ ပြန် ပြီး ဆုပ်ကိုင်ထားပေးလိုက်တယ်....
အချိန်တော်တော်ကြာအောင် Jinရဲ့ လက်ကို Vကမလွှတ်ပဲ ကိုင်ထားနေတုန်းမို့...
Jinလဲ မလှုပ်မယှက်နဲ့ Vနားမှာနေပေးခဲတာပေါ့ခနအကြာမှာ....
Vရဲ့ လက်ကိုကိုင်းရင်လျက် Jinလဲ အိပ်ပျော်သွားခဲ့လေသည်။
....
...
...
..
.
Vတစ်ယောက်နိုးလာခဲ့ပြီ...Jinက သူ့လက်ကို ကိုင်ထားပေးတာလဲတွေ့ရောအိပ်ချင်မူးတူးလေးက....ပြုံးစိစိနဲ့ပေါ့....
တစ်ပြိုင်ထဲမှာ Jinမျက်လုံးလေးပွင့်လာတော့
Vက သူ့ကို ကိုင်ထားတဲ့ လက်တွေကို လွှတ်လိုက်ပြီး...
''ဘာလို့....ကျတော့်နားမှာ အိပ်နေတာလဲ?''
(Vooလေးက သိပ်မူ)''ဘာမှ မဖြစ်ပါဘူး... အကို အလုပ်လုပ်တော့မယ်နော်...'' ဆိုပြီး သူက ခပ်ပြုံးပြုံးပဲ ကျတော်ကိုပြန်ပြောလေသည်....
