"ဘာ! Kiss Scene!"
ရုတ်တရက်မျက်လုံးကြီးပြူးပြီးထအော်လိုက်တဲ့ဂျောင်ကုကြောင့်ဒါရိုက်တာရောဇာတ်ညွှန်းဆရာမပါလန့်ကြောင်သွားရသည်။
"ဟုတ်ပါတယ်...ဘာလို့လဲ"
"မဟုတ်ဘူးလေ..ဇာတ်ညွှန်းထဲမှာမပါဘူးမဟုတ်လား"
"ဒီလိုပါ..ဒီအခန်းမှာkiss sceneလေးပါရင်ပိုကောင်းမယ်ထင်လို့ဇာတ်ညွှန်းဆရာမနဲ့တိုင်ပင်ပြီးထပ်ဖြည့်လိုက်တာပါ"
သွားပါပြီ... ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ဘာလို့ kiss scene လဲ။ ဒါရိုက်တာပြောသမျှစကားတွေဘာတစ်ခုမှသူ့နားထဲမဝင်တော့ဘဲသူအာရုံတွေကဆော့ဂျင်ဆီမှာပဲရှိနေသည်။ သူနဲ့မလှမ်းမကန်းမှာရပ်နေတဲ့ဆော့ဂျင်ကိုလှမ်းကြည့်လိုက်တော့ ဆော့ဂျင်ကမျက်နှာလေးကိုတည်ထားပြီးသူနမ်းခဲ့တဲ့နှုတ်ခမ်းလေးကိုလက်ခုံနဲ့ခပ်ကြမ်းကြမ်းပွတ်ပစ်တာမြင်လိုက်ရလို့သူ့ရင်ထဲမှာအောင့်ခနဲဖြစ်သွားရသည်။ ကိုယ်နမ်းတာကိုအဲ့လောက်တောင်ပဲမုန်းရလားဆော့ဂျင်လေးရယ်...
အထင်လွဲနေတာတွေကိုအရင်ဖြေရှင်းရမယ်ဆိုပေမယ့်ရှင်းပြဖို့အတွက်အခြေအနေမပေးသေးတော့သူ့စိတ်ထဲမှာအောင့်သက်သက်ဖြင့်အလုပ်ထဲမှာလည်းအာရုံမစိုက်နိုင်။ ဒါပေမယ့်လောလောဆယ်တော့ဆော့ဂျင်သူ့အနားမှာရှိနေလို့မဖြစ်။ ဆော့ဂျင်ရှေ့မှာသူဘယ်လိုမှ kiss scene ရိုက်နိုင်မည်မဟုတ်ပေ။
"ဒါရိုက်တာကြီး...ကျွန်တော် ခဏလောက်သန့်စင်ခန်းသွားချင်လို့ခွင့်ပြုပါဦး"
"အင်း..သွားလေ"
ဒါရိုက်တာဆီကခွင့်ပြုချက်ရတာနဲ့သူဆော့ဂျင်အနားကိုသွားပြီး...
"ဆော့ဂျင်... ယောဝီဒိုကနေကြက်ကြော်သွားဝယ်ပေးပါလား"
"ယောဝီဒိုအထိတောင်သွားရမှာလား..အဝေးကြီးပဲကို"
"နေ့လည်စာစားချိန်အမီပြန်ရောက်မှာပါ။ သွားလိုက်နော်။ ပြီးတော့များများဝယ်လာခဲ့...စက်အဖွဲ့တွေလည်းစားရအောင်လို့"

YOU ARE READING
Sincerely, Yours (?)
Fanfiction(Unicode) ??????????????????? ????????????????????????????????? ????????????????????? ???????????????????????????????????????? ?????????..??????????????????????????????? Jeon Jung Kook ? Kim Seok Jin (Zawgyi) ???????????????? ???????????????...