"ဟေ့လူတွေဘာလုပ်တာလဲ....အခုချက်ချင်းရှေ့ကဖယ်”
"အဲ့ဒီလိုမစိမ်းကားနဲ့လေ မင်းအဒေါ်ရဲ့အကြွေးတွေ အခုထိမကုန်သေးတာရောသိရဲ့လား။ မင်းကဒီလိုရှောင်ထွက်ပြီးပျော်ပျော်ပါးပါးနေနေတယ်ပေါ့လေ”
"ကျွန်တော် ခင်းဗျားတို့ကိုပေးသင့်သလောက်ပေးပြီးပြီပဲ၊ ကျွန်တော်မှာပေးစရာဘာမှမရှိတော့ဘူး၊ လိုက်မနှောက်ယှက်ပါနဲ့တော့ဗျာ။ ကျွန်တော်တောင်းပန်ပါတယ်ဗျာ။„
"အို...No..no မင်းမှာပေးစရာမရှိတာမဟုတ်ပါဘူး မင်းမှာအဖိုးဖြတ်လို့မရတဲ့ မကုန်တဲ့အလှလေးရှိတာပဲကို။ ငါတို့နဲ့အေးအေးဆေးဆေးလိုက်ခဲ့စမ်းပါ မင်းဘဝကောင်းစားစေရမယ်”
"ခင်ဗျား..! ခွပ်! အဲ့ဒီအတွက်မေတ္တာလက်ဆောင် ”
"ဟား...ဟား.....ဟား....
မင်း...သတ္တိတွေကောင်းနေပါလား မဆိုးပါဘူး။ ဟေ့ကောင်တွေ...... ငိုင်ကြည့်မနေနဲ့ ကားပေါ်ဆွဲတင်လိုက်။ ပြေပြေလည်လည်ညှိလို့ မရမှတော့ အတင်းအဓမ္မညှိရမှာပဲ။ လွမ်းသီချင်း မင်းကောင်းကောင်းကြီးနောင်တရစေမယ်။”"ဟေ့...ဟေ့လူတွေ... လွတ်ဗျာ!..အာ့းး!..”
*ပိုင်..ပိုင်*
*ငါဘာလို့မရှိတဲ့လူကိုတနေမိရတာလဲ...ဖြစ်နိုင်ရင်ပိုင် ကျွန်တော်ဆီကိုအမြန်ဆုံးလာပါ။
-------------------------------
"မစ္စတာတန်....အန်ကယ် မင်းကို မေးစရာရှိတယ်၊ အန်ကယ် အငြိမ်းစားရဲမှူးဆိူတော့ ပဟေဠိလေးတွေစိတ်ဝင်စား။ မင်းမနေ့က သီချင်းနှစ်ပုဒ်တောင်းပြီး ပဟေဠိလုပ်ခဲ့တာလား ။ လွမ်းသီချင်းက အင်္ဂလိပ် သီချင်းဆိုတော့ မင်းကိုပဲစိုက်ကြည့်ပြီး မင်းတစ်ယောက်တည်းအတွက်ဆိုပြခဲ့သလိုပဲ။ ပြီးတော့ မင်းကဘာလို့ ဖွင့်မပြောလိုက်တာလဲ။ သူဆီချင်းဆိုပြီးတဲ့အခါ ဦးစိုးကိုခေါ်ခိုင်းလိုက်ပြီး အမှန်အတိုင်း ဖွင့်ပြောလိုက်ရင် ပြီးပြီပဲ မဟုတ်လား။ ”
"ဦးသူနိုင်ပြောတာ မှန်ပါတယ်။ ဒီနေ့ ကျွန်တော်သူ့ကို အဲ့ဒီအင်္ဂလိပ်သီချင်းဆိုပြအုံးမယ်။ စင်ပေါ်မှာ ကျွန်တော်ဆိုလို့ ရပါတယ်နော်၊ ပြီးတော့မှ ကျွန်တော် သူ့ကို ဖွင့်ပြောသင့်ပြောတော့မယ်”

YOU ARE READING
Let Me!Be Your Song (Completed)
Random????????????????????? "????????????? ??????????? ???????????????? ??????????????? ??????" "????????????? ??????????? ???????????????? ??????????????? ??????" This story base from a true story on 2000.