(flashback)
*ငါ မင်းအကိုကိုပါခေါ်ထားတာ
သူမအားလို့လားမသိဘူး..*မွေးနေ့လုပ်ကြတဲ့ကိတ်မုန့်ဆိုင်မှာရှောင်ကျန့်ကိုသူတို့၂ယောက်အတူစောင့်နေခဲ့ကြသေးတယ်
နောက်ဆုံးတော့သူမလာဘူးလို့ပဲတွေးလိုက်ပြီး၂ယောက်ထဲဖြတ်သန်းလိုက်ကြတာဆိုင်ရှေ့ကနေလှည့်ပြန်သွားတဲ့ကောင်လေးကတော့သူတယောက်ကိုသာအလေးထားစေချင်ဟန်တူရဲ့
*ရိပေါ်...ငါ ပြောစရာရှိတယ်*
ချိုအီတဲ့ကိတ်မုန့်တပိုင်းကိုစားနေတုန်းရှောင်ယွမ်ကဇွန်းချကာရိပေါ်မျက်နှာကိုသေချာကြည့်လိုက်တယ်
ဒီစကားပြောဖို့အတွက်အတော်ခက်ခဲနေပုံပဲ
မျက်နှာမှာစိုးရိမ်ပူပန်မှုတွေအတိုင်းသား
ရိပေါ်မျှော်လင့်မိသေးတယ်
သူနဲ့များခံစားချက်တထပ်ထဲကျတယ်လို့ပြောမလားလို့လေ*ငါ..ညီမဖန်နဲ့..လက်ထပ်ရတော့မယ်*
ပန်းကန်ကိုစိုက်ကြည့်နေရင်းကနေရိပေါ်နှုတ်ခမ်း၂လွှာအနည်းငယ်ပွင့်ဟသွားတယ်
မျက်ခွံတွေကိုဖိမှိတ်ချရင်းအဆင်ပြေပုံပြဖို့ပြုံးလိုက်တယ်ညီမဖန် ဆိုတာ ရှောင်ယွမ်တို့ Law-firmကရှောင်ယွမ့်လိုကျော်ကြားတဲ့ရှေ့နေမလေးတယောက်ပဲ
အခုလိုအချိန်မှာမိသားစု၂စုပေါင်းစည်းလိုက်ရင်အကျိုးအမြတ်ထွက်လာနိုင်တယ်ဆိုတဲ့စိတ်ကူးနဲ့ဒီလိုစီစဉ်ကြတာဒီလက်ထပ်ပွဲဟာ ရှောင်ယွမ့် အမေနဲ့ ပထွေးရဲ့ တဖက်သတ်ဆုံးဖြတ်မှုမှန်းသိပေမဲ့နာကျင်ရတုန်းပဲ
အကုန်လုံးအဆုံးသတ်သွားပြီလေ
*ဂုဏ်ပြုပါတယ်...*
တုံးတိတိဖြစ်နေပေမဲ့ဒီစကားကိုတောင်ရိပေါ်မနည်းပြောယူရတယ်
ဒီနေရာကနေချက်ချင်းထသွားချင်စိတ်ကိုအတင်းဖုံးဖိရင်းအောက်နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်မွေးနေ့ပွဲမှာဒီလိုအရာမျိုးကိုဖွင့်ပြောတာကအကုန်ရပ်တန့်သွားစေချင်လို့လား..
ရိပေါ်ချစ်နေတာကိုရှောင်ယွမ်မရိပ်မိစရာမရှိဘူးလေ
ဒီလောက်အချိန်တွေအကြာကြီးမှာရိပေါ်ဘက်ကမရိုးသားတာကိုတနည်းမဟုတ်တနည်းသတိထားမိမှာပဲ

YOU ARE READING
Xu?n zé w? (Completed)
Short Story???????????????????????????????????? ??????? ???????????????????..... #Shortstory #Zhanyi #Myanmarfanfic #Owncreation #Boyslove #LGBT Author by thurein min khant