抖阴社区

                                    

"မဟုတ်တာ ကြိုမပြောမိလို့ခေါ်မိလို် ညီမက အားနာရမှာပါ"

ဆိုဖာပေါ်က မျက်နှာချင်းဆိုင်ထိုင်ရင်း သူတို့က အဆင်ပြေနိုင်မဲ့ suitတစ်ထည်အတွက်ဆွေးနွေးနေကြတယ်။Yedamဘက်က ဒီsuitကို Jeongwooကိုမြင်ယောင်ပြီး ချုပ်ရမှာဖြစ်တဲ့အတွက် အောင့်သက်သက်ဖြစ်မိပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူကိုတော့ အကောင်းဆုံးဆိုတာမျိုးကိုပဲပေးချင်မိတာရယ်လေ...

"Necktileမှာညှပ်မဲ့ ကလစ်ကိုတော့ ရွှေပဲသုံးလိုက်မယ် ဒါဆိုပိုကြည့်ကောင်းသွားမှာ Yeri-shi"

"ဟုတ်လား Bang Designer အဆင်ပြေသလိုပဲလုပ်လေ ညီမရော ညီမချစ်သူရောက အကုန်ရတယ်... ဒါနဲ့ နေ့လည်က ပြောထားတဲ့ လက်ဝတ်လက်စားတွေလေ..."

တစ်ဖက်က အမျိုးသမီးက စကားကိုရပ်ပြီး ဘေးမှာရပ်နေတဲ့ အိမ်အကူအန်တီကြီးကို တီးတိုးစကားပြောပြီး ခိုင်းနေတယ်။ Bang yedamလည်း သူ့ရဲ့မျက်စောင်းထိုးမှာ လာထိုင်ပြီးဖုန်းသုံးနေတဲ့ Jeongwooကြောင့် အနေရခက်ခက်နဲ့ တခြားဘက်ကိုကြည့်နေလိုက်တယ်။အိမ်အကူကြီးက ထွက်သွားတယ်။သူတို့အနားကို ခပ်သန့်သန့်ဝတ်ထားတဲ့ အမျိုးသမီးအရွယ်ကြီးကြီးတစ်ယောက် ရောက်လာတာကိုတွေ့တော့ Kim yeriက လှမ်းနှုတ်ဆက်တယ်။

"အမေလာပြီလား? ဒီမှာလာကြည့်ပါအုံး သမီးပြောတဲ့ designerလေ"

"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"

Jeongwooရဲ့အမေကို ဓာတ်ပုံထဲမှာတစ်ခါပဲတွေ့ဖူးပေမယ့် အရပ်ရှည်ရှည်၊ပါးရိုးဖြောင့်ဖြောင့်နဲ့အတော်လေးလှသည့် အမျိုးသမီးမို့ သူမြင်တာနဲ့တန်းမှတ်မိပါသည်။သူတောင် ခေါ်ခွသ်​ြမရှိတဲ့ နာမ်စားကို တစ်ဖက်လူက ခေါ်နေခဒ့ပြီပဲ။ အိုမိုးညီးတဲ့!

"အိုက်ဂူး.... သတင်းကြားထားတာထက် ပိုချောတဲ့ ကလေးလေးပါလား တွေ့ရတာ ဝမ်းသာတယ်နော်"

သူ့ကိုတရင်းတနှီးနှုတ်ဆက်ပြီး ဘေးချင်းကပ်ရပ်လာထိုင်တာကြောင့် ကွေးနေတဲ့ Bang yedamရဲ့ခါးတွေက အလိုလိုဖြောင့်သွားပြီး နည်းနည်းရှက်သလိုလို ကြောက်သလိုလိုဖြစ်လာတယ်။

"ဒီမှာလေ အမေ့သားအတွက် ဝတ်စုံဒီဇိုင်းဆွဲထားတာ ကြည့်ကောင်းရဲ့လား"

အားတက်သရော် ပြောနေတဲ့ Kim yeriက မျက်နှာချင်းဆိုင်ကနေ အန်တီကြီးကို tabletက ပုံတွေပြပေးနေတယ်။အနေရခက်စွာနဲ့ ကိုယ်ကိုကျုံပြီး တစ်ခြားဘက်ကို တိုးထိုင်လိုက်တော့ Jeongwooနဲ့နည်းနည်း ပိုနီးသွားတယ်။သူ့အဖြစ်ကလည်း ခက်ပါရဲ့။

"လက်ဝတ်ရတနာတွေ ရလာပြီ မမလေးYeri"

စားပွဲပေါ်ကိုတစ်ခုပြီးတစ်ခုရောက်လာတဲ့ အနီရောင်၊အမဲရောင်၊အစိမ်းပုပ်ရောင်စသဖြင့် ရတနာဘူးတွေကို အိမ်အကူတွေက အစီအရီနဲ့ဖွင့်ပြကြပြီး အစီအရီချထားပေးကြတယ်။

"ဒါတွေက mailနဲ့ပို့မလို့တွေးမိပေမယ့် အခုတစ်ခါတည်း ကြည့်ပြီးရွေးသွားရင် အဆင်ပြေမလားလို့လေ Bang designer-nim"

"အဆင်ပြေပါတယ် Yeri-shiဘက်က hanbokနဲ့တွဲဝတ်မှာဆိုတော့ တစ်ခါတည်းကူရွေးပေးလိုက်ပါ့မယ်"

ပြောနေရင်းတန်းလန်းနဲ့ သူ့ဘေးနားမှာထိုင်နေတဲ့ အန်တီကြီးက သူ့လက်တွေ လာဆုပ်ကိုင်လိုက်တာကြောင့် Bang Yedamက ကြောင်တောင်တောင်လေး လှည့်ကြည့်လိုက်တယ်။

"အမေ့အတွက်လည်း ဒီက ဒီဇိုင်နာလေးက ကူရွေးပေးအုံးလေ သားရဲ့ လက်ထပ်ပွဲဆိုတော့ အမေလည်း ရှိုးထုတ်ချင်တာပေါ့ကွဲ့"

ပြုံးရယ်ပြီး ပြော​ေမတဲ့ အမေဖြစ်သူရော မျက်နှာချင်းဆိုင်က Kim yeriရောက သူ့ကိုရီပြနေကြတာကြောင့် Bang yedamလည်း ပြုံးပြဖို့ကြိုးစားလိုက်ပေမယ့် သူနဲ့မလှမ်းမကမ်းက လူအသံကြောင့် ကိုယ်ကအေးခဲသွားပြန်တယ်။

"အမေ... Yeriတစ်ယောက်နဲ့တင် အလုပ်များနေပြီကို ဘယ်လိုလုပ်အပူကပ်နေရတာတုန်း"

"ဒီကလေးတော့.... အမေက ဘယ်မှာအပူကပ်လို့တုန်း အကြံဉာဏ်လေးတောင်းတာပဲကို"

"တော်ပြီ သားကို ကွတ်ကီးလုပ်ပေးတော့ လာ"

ထသွားတဲ့သားတစ်ယောက်ကိုကြည့်ပြီး ခေါင်းရမ်းနေတဲ့ အန်တီက သူ့ကိုပြုံးပြပြီးနှုတ်ဆက်ပြီးမှ ထသွားတယ်။ဧည့်ခန်းထဲမှာ နှစ်ယောက်ပဲကျန်ခဲ့တော့တာကြောင့် လက်ဝတ်လက်စားကိစ္စကိုလည်း မြန်မြန်လေးရွေးပြီး အလုပ်ကိုအပြီးသတ်လိုက်ကြတယ်။ပြန်လိုက်ပို့ဖို့ ေပြာနေပေမယ့်လည်း အားနာတာကြောင့် Yedamကတော့ ခြံအပြင်ဘက်က စောင့်နေတဲ့ Noaနဲ့ EunByulတို့ဆီကိုပဲအမြန်ပြန်လာခဲ့ပြီး သူ့တိုက်ခန်းရှေ့မှာ ဝင်ချထားခိုင်းခဲ့လိုက်တော့တယ်။

တကြပ်ကြပ်နဲ့ရန်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ သွားစရာရှိနေသေးပုံပေါ်တာကြောင့် သူ့ကိုအတူတကွနှုတ်ဆက်ပြီး မောင်းထွက်သွားကြသည်။

................................

Dandelion ? ??????Where stories live. Discover now