"မယုံဘူး!"
Bang Yedamက ပြောပြောဆိုဆိုနဲ့ Jeongwooနဲ့ဆန့်ကျင်ဘက်ကို လျှောက်ထွက်သွားတယ်။ဒါပေမယ့်လည်း နောက်ကလူကတော့ အမှီလိုက်လာပြီး သူ့ကိုဆွဲဖက်ပစ်ရင်း မြန်မြန်သွက်သွက်ရှင်းပြတယ်။
"အဖေနဲ့ အဲ့နေ့မတိုင်ခင်က စကားများခဲ့ကြတယ် ကျွန်တော်တို့တွဲနေတဲ့အကြောင်း အဖေကို ပြောလိုက်တာ..."
သူ့ခါးတွေကို နောက်ကနေ ဖက်တွယ်ထားပြီး လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားတဲ့ ကောင်လေးက အလောတကြီးရှင်းပြဖို့ ကြိုးစားနေတာကြောင့် Bang Yedam ရုန်းနေမိတာကို ရပ်လိုက်တယ်။
သူ့နားနားကို ကပ်ပြီး တိုးလျတဲ့လေသံတဲ့ Jeongwooပြောလာတဲ့စကားက
"နောက်ပြီး ပြောလိုက်သေးတယ် ကျွန်တော် Hyungနဲ့လက်ထပ်ချင်တယ်လို့!"
ကြက်သီးထသွားစေတဲ့ သူ့ကိုယ်ကို ရပ်တန့်သွားပြီး ကြောင်စီစီနဲ့ မလှုပ်မရှားပဲ ရှိနေတာကြောင့် Jeongwooက ပြာပြာယာယာနဲ့ ဖက်ထားတဲ့လက်တွေကိုဖြုတ်ချပြီး ရှေ့တည့်တည့်ကနေ ပုခုံးကိုလာကိုင်ရင်း အသည်းအသန်ထပ်ရှင်းပြနေတယ်။
"အထင်မလွဲနဲ့နော် ကျွန်တော် Hyungဆီက ခွင့်ပြုချင်မရမချင်း တဇွတ်ထိုးမလုပ်ပါဘူး...နောက်ပြီး အဲ့နေ့က အဖေကပြောတာ Hyungနဲ့လက်ထပ်ချင်ရင် ကိုယ်ပိုင်စီးပွားရေးတစ်ခုရအောင်လုပ်တဲ့ အဲ့ဒါကြောင့်"
"အဲ့ဒါကြောင့် ဘာဖြစ်တာလဲ"
"အဲ့ဒါကြောင့် ခနလောက် USကိုထွက်သွားခဲ့တာ! ဟိုမှာအခြေတည်ပြီး စတော့ရှယ်ယာတွေနဲ့ရှုပ်နေတော့လေ... နောက်ပြီး ဟိုရောက်ပြီးအခြေတကျဖြစ်လာတော့မှ မင်းအကို လက်မထပ်မချင်း မင်းလည်းမယူရဘူးဆိုတာနဲ့ တိုးတော့တာပဲ အဲ့တာကြောင့် Kim Yeriနဲ့ သူ့ကိုမြန်မြန်လက်ထပ်ခိုင်းရတာပေါ့"
Bang Yedamက သူ့ပုခုံးပေါ်က လက်တွေကို ခါချပစ်ပြီး တစ်ခြားဖက်ကိုမျက်နှာမူလိုက်တယ်။
"အဲ့ဒီစီးပွားရေးလုပ်တာနဲ့ ဘာဆိုင်လို့ လမ်းခွဲသွားရတာလဲ?"
"အဲ့ဒါက Hyungကို supriseဖြစ်စေချင်လို့လေ အဖေ့ပယောဂတွေလည်းပါတယ်။ လက်ထပ်ခွင့်တောင်းတာကို အမှန်တော့ ကျွန်တော်လည်း ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်တဲ့အခါကြမှ လုပ်ချင်တာဆိုတော့... ဟိုမှာသွားပြီးအလုပ်လုပ်နေတုန်း တစ်ယောက်တည်း နေရမှာဆိုတော့ Hyungနဲ့ဆက်တွဲနေရင် ဘယ်လိုလုပ် အလုပ်မှာအာရုံစိုက်နိုင်ပါ့မလဲ"

YOU ARE READING
Dandelion ? ??????
Romance[Burmese] ???? ???????? × ???? ????? [completed] ? ?????? ? ????????????? ? ??????????? ? ???? ????? ? ??????? ?? ???????