"ဒဏ်ရာ ရထားတာလား?"
ပေါင်ပေါ်က အမူးသမားရဲ့ ရီဝေဝေအသံတွေနဲ့ ယစ်မူးနေတဲ့ မျက်လုံးတွေက သူ့ဆီကိုဦးတည်လာတာကြောင့် Yedamက အင်းတစ်လုံးကလွဲပြီး ဘာမှပြန်မပြော။
အမူးသမားက သူ့ဘောင်းဘီအိတ်ကပ်ကနေ တစ်စုံတစ်ခုကို ခဲရာခက်ဆစ် ထုတ်ယူနေတာ မြင်နေရပေမယ့် မသိချင်ယောင်ဆောင်ထားမိသည်။သူ့လက်တွေကို လာကပ်ပေးတဲ့ အနာကပ် ပလာစတာကြောင့် Yedamလက်တို့က တွန့်သွားပေမယ့် အမူးသမားကတော့ သူ့လက်တွေက လွှတ်မပေးသေးပါ။
"ဒီအိမ်ယာဝန်းထဲလား Bang designer-nim? "
"ဟုတ်ရပါတယ် ဒီနားမှာပဲ ချပေးခဲ့လိုက်တော့နော်"
ဒီလိုနဲ့ ကားရပ်သွားပြီးတဲ့နောက် ပေါင်ပေါ်ကလူကို အသာအယာတွန်းဖယ်ပြီး 18ထပ်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းဆီကို အမြန်လျှောက်သွားလိုက်တယ်။စိတ်ထဲမှာ တွေးမိနေတာက ဗလာချည်း။ ကိုယ်နဲ့လက်ထပ်မဲ့သူတစ်ယောက်လုံးက သူများပေါင်ပေါ်အိပ်နေတာတောင် Kim Yeriက ဘာလို့ဝင်မစွက်ဖက်ရတာလဲဆိုတဲ့အတွေးတွေနဲ့ တော်တော်သဘောထားကြီးတဲ့ အမျိုးသမီးအကြောင်းကို Bang yedamက ဖြည့်တွေးလိုက်တယ်။
ဓာတ်လှေကားပွင့်သွားတာနဲ့ 18ဆိုတဲ့ခလုတ်ကိုနှိပ်မိတော့ အကြည့်တွေရောက်သွားတဲ့ သူ့ရဲ့လက်က ပလာစတာလေးကို အခုမှ မီးအလင်းရောင်နဲ့ကောင်းကောင်းမြင်ရသည်။
ဒိုရေမွန်တော့ မဟုတ်။အဝါရောင် ဘနားနားအရုပ်လေးတွေပါတဲ့ ပလာစတာ။
တိုက်ခန်းကိုရောက်တာနဲ့ ညစာမစားရသေးတဲ့ ဗိုက်ကိုအဆာပြေစေဖို့အတွက် ခေါက်ဆွဲပြုတ်ဖို့ ရေနွေးအိုးတည်လိုက်တယ်။အတော်ညှဥ့်နက်နေပေမယ့်လည်း ရေချိုးဖျို့လုပ်ရအုံးမှာမို့ ရေချိုးကန်ကို ရေအနွေးငွေ့စက်နဲ့ အရှိန်တင်လိုက်ပြီး ရုံးကယူလာတဲ့ အထည်ကို သီးသန့်အခန်းပိုမှာ သပ်သပ်ရပ်ရပ်လေး သွားထားလိုက်တယ်။သီးသန့်အခန်းက တခြားမဟုတ်...အိမ်မှာ အလုပ်လုပ်ဖို့အတွက် ချုပ်စက်တွေနဲ့ ဒီဇိုင်းဖိုင်တွဲတွေထားတဲ့အခန်းလေးသာ။
ရေနွေးအိုးကျက်သွားတာနဲ့ ခေါက်ဆွဲပြာတ်ဘူးကို ရှဲခနဲမြည်သွားအောင် လောင်းထည့်လိုက်ပြီး အဖုံးပိတ်ထယးလိုက်တယ်။ဟိုတလောက လုပ်ထားတဲ့ အရံဟင်းတချို့ကို ovanထဲ အပူနည်းနည်းနဲ့ ထည့်ထားပြီး အသင့်ဖြစ်နေမယ့် ေရချိုးခန်းဆီ အမြန်သွားရတော့တယ်။
ညဘက်ကြီး ချိုးရတာကြောင့် ရေကနွေးပေမယ့်လည်း လူကတော့ အေးစိမ့်စိမ့်နဲ့။ အနွေးထည်အမြန်ဝတ်ပြီး နွှေးထားတဲ့အရံဟင်းတွေနဲ့အတူ ခေါက်ဆွဲပြုတ်လေးစားပြီး Bang yedamဟာ ဒီတစ်ညမှာလည်း သူ့ရဲ့ဖက်လုံးလေးနဲ့အတူ အထီးကျန်စွာဖြတ်သန်းခဲ့ရှာတယ်။
ကားပေါ်က လူနှစ်ယောက်ထဲက ယာဥ်မောင်းသူ မိန်းကလေးနဲ့ အမူးသမားပြောလိုက်တဲ့စကားဝိုင်းကိုတော့ Bamg yedamမသိလိုက်ပါ။
"မူးချင်ယောင်ဆောင်နေတာ ရပ်ပြီး ထထိုင်စမ်းပါ"
"တကယ်မူးနေတာဟ"
"အချစ်မူးမူးနေတာမလား ငါ့မှာ ဘာများလဲလို့ အပျိုနောက်ဆုံးညကိုဖြတ်သန်းရမယ်ထင်ပြီး Lustriaကို အရက်ပုလင်းတွေယူလာတာလေ မသောက်ပဲ ကိုယ်လုံးကိုစွတ်ဖို့မှမဟုတ်တာ"
"နင့်ရဲ့ အပျိုဖြစ်တဲ့နောက်ဆုံးညကို မနက်ဖြန်မှလုပ်လိုက်လေ ခေါ်လက်စနဲ့ လမ်းမှာ တစ်ခုခုတောင် ဝယ်မကျွေးလိုက်ဘူး"
"နင့်ရဲ့ကဲသဲနေပုံနဲ့တော့ အကိုBangအတွက် မတွေးရဲစရာပဲ...."
...................................

YOU ARE READING
Dandelion ? ??????
Romance[Burmese] ???? ???????? × ???? ????? [completed] ? ?????? ? ????????????? ? ??????????? ? ???? ????? ? ??????? ?? ???????
7 (Unicode)
Start from the beginning