ညနေ 4နာရီ။ ပြီးမြှောက်သွားတဲ့ အပေါ်ဝတ်အထည်ကို အရုပ်မှာသွားဝတ်ပေးလိုက်ပြီး အကြောဆန့်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်မိတာဖြစ်တယ်။ညနေတောင် စောင်းနေပြီပဲ
"Dandelion, into the wind you go
Won't you let my darling know?Dandelion, into the wind you go
Won't you let my darling know that~~~"မလှမ်းမကမ်းမှာမြည်တမ်းလာတဲ့ ဖုန်းသံကြောင့် Bang yedamက သူ့ဖုန်းအနားမှာရောက်နေတဲ့ Eunbyulကို သူ့ဆီဖုန်းယူလာပေးဖို့ လှမ်းအော်လိုက်တယ်။
"Kim yeriဆက်တာ အဖွဲ့မှူး"
သူတို့အလုပ်သဘောအရအတူလုပ်နေပေမယ့် Kim yeriဆိုတဲ့ မိန်းကလေးက သူ့ကိုအတော်ခင်သည်ဟု ထင်မိပါသည်။တစ်နေ့မဟုတ် တစ်နေ့တော့ ဖုန်းဆက်ပြီး အကျိုးအကြောင်းလေးတွေစကားရှာပြီးပြောပြတတ်တဲ့ သတို့သမီးတစ်ယောက်။
"ဟယ်လို"
"Bang designer-nimလား? ညီမနဲ့ ညီမချစ်သူက ဒီနေ့ညနေ ပါတီပွဲလုပ်မလို့လေ အဲ့ဒါ လာခဲ့ပါအုံးနော်"
"ဟင် ဘာလို့..."
"လူပျိုအပျိုနောက်ဆုံးညဆိုပြီး ညီမတို့လူငယ်တွေချည်း ပွဲလုပ်ဖို့စီစဥ်ထားတာ ညီမက ခင်လွန်းလို့ ဖုန်းတက်ဖိတ်တာမို့ Bang designerလည်း လာကိုလာရမယ်နော်"
"အယ်....ဟို"
"အယ်တွေ ဟိုတွေလုပ်မနေနဲ့ ညီမလိပ်စာပို့လိုက်မှာမို့ ညနေ 6နာရီလာခဲ့နော် လက်ထောက်မလေး Eunbyulဆိုလား သူ့ကိုလည်းခေါ်ခဲ့ပါအုံး"
ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ အလုပ်ရှင်ကြောင့် Bang yedamက ဖျားချင်တဲ့စိတ်က ပိုပြီးဖိစီးသွားတော့တယ်။အမှန်တော့ သူအိမ်ပြန်နားဖို့ စီစဥ်ပြီးနေပြီသာ။မတတ်နိုင်တော့ပြန်ဘူးပဲ သူ့မှာရွေးချယ်စရာတွေ အများကြီးမရှိ။ရှိတဲ့ဟာကိုပဲ ရွေးရတော့မည်မလား
"ဘာတဲ့လဲ အဖွဲ့မှူး"
"Eunbyul အလုပ်စောဆင်းလိုက်တော့ ညနေ 6နာရီ ပွဲသွားတက်စရာရှိတာမို့ ပြင်ထားနော်"
"အဖွဲ့မှူးက မနားတော့ဘူးလား"
"အခြေအနေက ပြောင်းသွားပြီလေ Eunbyulရဲ့"
"အပြန်ဆေးခန်းဝင်ပြလိုက်အုံးနော် ဒါဆို ကျွန်မသွားပြီ အဖဲွ့မှူး"
ပြန်ချင်စောနဲ့ ပစ္စည်းတွေအမြန်ကောက်သိမ်းပြီး စလင်းဘတ်အိတ်ကိုကိုင်ကာ ထွက်ပြေးသွားတဲ့ လက်ထောက်မကို အဖဲွ့ထဲက လူတွေက ကြောင်ကြည့်နေတာမို့ Bang yedamလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြဖို့သတိပေးပြီး အိမ်ပြန်လာလိုက်တယ်။ဆေးခန်းတော့ သွားဖြစ်မည်မထင်ပါ မစားရသေးတဲ့ နေ့လည်စာအတွက် အိမ်မှာဗိုက်သွားဖြည့်ဖို့က ပိုအခွင့်အရေးများသည်။
ရေချိုးတာမျိုးထပ်မလုပ်တော့ပေမယ့်လည်း ငြီးစိစိဖြစ်ပြီးနှုန်းချိနေတဲ့ ကိုယ်ကို ရေဝတ်တိုက်ဖို့ စောင်ပုံထဲကနေ ထလာလိုက်တယ်။ညနေ 5နာရီအမှီ သံပတ်ပေးထားတဲ့ နှိုးစက်ကိုပိတ်လိုက်ပြီး ရေပတ်တိုက်ကာ အဆင်ပြေမယ်ထင်တဲ့ ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုးကိုဝတ်လာလိုက်သည်။
Suitတွေ ဝတ်ရလောက်တဲ့အထိ ပါတီပွဲက ကြီးကျယ်မယ်လို့မထင်ပေ။Kim yeriပြောပုံအရဆို လူငယ်တွေပဲလာမယ့် DJတေွ Musicသမားတွေပါတဲ့ ပွဲမျိုး၊ အရက်တွေဘာတွေသောက်ပြီးမူးရူးကြမယ့် ပွဲမျိုးမို့ ခနလောက် မျက်နှာသွားပြရုံပြပြီး ခိုးပြန်ဖို့စဥ်းစားထားလိုက်သည်။
ညနေ 6နာရီအတိ Busကားဂိတ်မှာစုံဖို့ချိန်းထားတဲ့ Eunbyulကိုတွေ့တာနဲ့ Taxiတစ်စီးငှားစီးပြီး ချောင်းဒန်းဒုံကို ဦးတည်လိုက်ကြတယ်။
.............................

YOU ARE READING
Dandelion ? ??????
Romance[Burmese] ???? ???????? × ???? ????? [completed] ? ?????? ? ????????????? ? ??????????? ? ???? ????? ? ??????? ?? ???????
8 (Unicode)
Start from the beginning