抖阴社区

                                    

"ဟုတ်တယ် အဖွဲ့မှူးက မနေ့ညက ရေချိုးနောက်ကျလို့တဲ့ ဒီနေ့မနက် နှာတွေချေနေသေးတာ ဆေးတော့တိုက်ထားပေမယ့်...."

"ငါပြောတယ် သူ့ကိုမခေါ်ပါနဲ့လို့!"

Eunbyulရဲ့စကားမဆုံးခင် Jeongwooက Yeriကို အပြစ်တင်တဲ့အသံနဲ့ လှမ်းငေါက်လိုက်ပြီး မေ့လဲနေတဲ့ လူကိုပွေ့ချီလိုက်တယ်။အခန်းကျယ်ကြီးက မှောင်နေပေမယ့် Park Groupရဲ့ သားအငယ်ကောင်က ယောကျ်ားလေးတစ်ယောက်ကို ဒီလိုပွေ့ချီလိုက်တာကြောင့် ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြတယ်။

Social mediaခွင့်မပြုထားတာကြောင့် ဘယ်သူမှတော့ ဓာတ်ပုံမရိုက်ကြ။Jeongwooက Yedamကို ပွေ့ချီရင်းနဲ့ပဲ လက်ထောက်ဆိုတဲ့ ကောင်မလေးကိုလှမ်းပြောလိုက်တယ်။

"မင်းလည်းပြန်လို့ရပြီ နောက်နေ့ မင်းတို့အဖွဲ့မှူးက သူ့ကိုဘယ်သူပြန်လိုက်ပို့တာလဲလို့မေးရင် မင်းလိုက်ပို့တာလို့ ဖြေလိုက်နော်"

"ဟုတ် ဟုတ်ကဲ့"

ဒီလိုနဲ့ မောင်ထင်ရာစိုင်းလေး Jeongwooဟာ သူ့ရဲ့ကားပေါ်ကို လူနာလေးကိုအသာအယာခေါ်တင်ပြီး မရောက်တာကြာပြီဖြစ်တဲ့ တိုက်ခန်းဆီမသွားခင် ဆေးရုံကိုအရင်ဦးတည်လိုက်တယ်။

"အဖျားကြီးနေတာပဲ အအေးပတ်တာလည်းပါတော့ လတ်တလော ရေချိုးတာလေး ဆင်ခြင်ခိုင်းအုံး"

"နားဖို့လိုသေးလား"

"နားတာကတော့ နားရမယ်လေ ဟေ့ကောင်ရ"

"တစ်လလောက်ဆိုဖြစ်လား"

ဆေးရုံက သူ့ရဲ့သူငယ်ချင်း Yoon Jaehyukဆီကို မေ့လဲနေတဲ့ ချစ်သယတစ်ယောက် ဗြုန်းစားကြီး ခေါ်သွားပြီးပြလိုက်ရတယ်။တခြားဆရာဝန်တွေဆိုရင် Hyungအတွက်အဆင်မပြေနိုင်။P&K park groupရဲ့ အရှိန်အဝါကြောင့် သူမရှိတဲ့အချိန် Hyungနောက် sasaengတွေလိုက်မှာမျိုး မလိုလားပေ။

"သုံးရက်၊နှစ်ရက်လောက်ဆို ရပါပြီ အဲ့လောက်လည်း အဖြစ်သည်းပြမနေနဲ့"

"ဆေးကိုသေချာခွဲထည့်ပေးအုံး ဆေးအိတ်တစ်အိတ်စီမှာ သောက်ရမဲ့အချိန်နဲ့အညွှန်းကို စာ​ေလးပါကပ်ရေးပေးစမ်းပါကွာ"

"ဟေ့ကောင် Park Jeongwoo! မင်းဘယ်လိုဖြစ်နေလဲ ရွယွနေရောပဲ"

"လူနာနဲ့ ကြိုက်ရလောက်တဲ့အထိ မင်းလိုတော့ ငါကမဆိုးရွားသေးဘူး မြန်မြန်ဆေးထည့်ပြီးပေးတော့"

ဆေးရုံမှာ လေပေါဖို့ချောင်းနေတဲ့ သူငယ်ချင်းကိုပစ်ထားခဲ့ရင်း တစ်ခါပြန်ပွေ့ချီပြီး ကားထဲအထိ လိုက်ပို့ရသည်။ခေါင်းလေးအနည်းငယ်လှုပ်ရှားနေတဲ့ လူနာလေး သူ့Hyungက ချမ်းနေတာကြောင့် lover seatကနေ မျက်လုံးမှိတ်ထားပြီး ညည်းနေသေးတယ်။ကားtool boxထဲက စောင်အပါးလေးကိုခြုံထားပေးရင် သူတို့အတူနေတဲ့ ကွန်ဒိုကိုသွားကြတယ်။

အိပ်ယာပေါ်အသာအယာချပေးရင်း အရင်ဆုံးအိပ်ခိုင်းလိုက်ပြီး မနက်ကြ အဆင်သင့်စားဖို့ လူမမာစာတချို့ သွားဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ပေးလိုက်တယ်။ဆန်ပြုတ်ကတော့ အသင့်ပြုတ်ထားပြီးသားမို့ မနက်ကြ Hyungဘာသာနွှေးပြီးစားမှာ အသေအချာ။

အိပ်ယာပေါ်က လူသားလေး နိုးမသွားအောင် ဖွဖွလေးခိုးနမ်းပြီးမှ သူတိုက်ခန်းကနေ ​ခြေသံတိုးတိုးနဒ့ထွက်လာလိုက်တယ်။

"ဟယ်လို? Sahi Hyung"

"ဟုတ်တယ် အဲ့ဒါ ကျွန်တော်က ခရီးရောက်နေလို့ မနက်ကြ တိုက်ခန်းဆီ တစ်ချက်လောက်သွားကြည့်ပေးပါအုံး အကူအညီတောင်းပါတယ်လို့ နော်"

"ကျွန်တော် ကြည့်ခိုင်းတာဆိုပြီးမပြောနဲ့အုံးနော် အဆင်ပြေရင် အန်တီလုပ်တဲ့ ပဲငပိဟင်းရည်လေးပါ Hyungဆီယူသွားပြီး ကျွေးလိုက်ပါအုံး"

"ဒါပေါ့ တွေ့ဖြစ်ရင် ကျွန်တော် ကောင်းကောင်းကြီးကျေးဇူးဆပ်မှာ"

ဆရာဝန်ပြီးတော့ ဆရာဝန်ရည်းစားကိုအကူအညီလှမ်းတောင်းပြီး Hyungကိုသူ့အစား ကူစောင့်ရှောက်ပေးဖို့လှမ်းပြောထားရသည်။အမှန်တော့ မနက်ဖြန် သူမအားတာကြောင့်သာ။

USမှာရှိတဲ့ အလုပ်ကိုစာချုပ်ချုပ်ဖို့ အကိုတော်နဲ့အတူ တစ်ရက်လောက် ခရီးသွားရအုံးမည်။လက်ထပ်ခါနီးတောင် စီးပွားရေး သောင်းကျန်းနေတဲ့ အကိုနဲ့ မရီးဖြစ်လာတော့မဲ့ သူငယ်ချင်းမတို့ရဲ့ စကေးကို သူအမှီလိုက်နေရပါသည်။

Dandelion ? ??????Where stories live. Discover now