抖阴社区

                                    

"အဖွဲ့မှူး ဘာကိစ္စရှိလို့လဲဟင်"

"မနေ့ညက ငါ့ကို ဆေးခန်းလိုက်ပို့သေးလားဟင်"

"ဟုတ် ပို့တယ်"

"ဘယ်သူပို့တာလဲ"

စပ်စပ်စုစုနဲ့ မမေးချင်ပေမယ့်လည်း မျှော်တော့မျှော်လင့်မိသား။Jaehyukဆိုတဲ့ ပေါက်ကရကုတဲ့ လေပေါပေါ ဆရာဝန်ဆီကိုပို့မယ့်သူက Jeongwooအပြင်နှစ်ယောက်မရှိ။ Jeongwooဘက်က သူ့အပေါ်ခံစားချက်တွေရှိနေသေးရင် သိပ်ကောင်းမှာပဲ။

"Kim Yeriက ကားမောင်းပြီးလိုက်ပို့ပေးတယ် ကျွန်မက အဖော်လိုက်ပေးရတာ"

"သေချာလား"

"သေ...သေချာပါတယ် အဖွဲ့မှူးရဲ့"

"တီ...."

တစ်ဖက်က ဖုန်းချသွားတာကြောင့် ဌောချွေးပြန်နေတဲ့ ရုံးခန်းက Eunbyulက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ဘေးမှာလာရပ်နေတဲ့သူ့ကို လက်နဲ့ okပုံစံလေးလုပ်ပြလိုက်တယ်။တိုက်ခန်းက Bang Yedamတစ်ယောက်ကတော့ Asahiလက်ချက်နဲ့ စောင်ပုံထဲကိုပြန်ရောက်သွားပြီး ပျော့ဖတ်လှတဲ့ ခေါက်ဆွဲတွေကို မညီးမညူပဲ ဝါးစားနေရရှာတယ်။

"မင်း လာရင်းနဲ့ ကိတ်မုန့်ဖြစ်ဖြစ် ဝယ်ခဲ့ရမှာပေါ့ Sahi-ya"

"လျှာမရှည်နဲ့ ခရင်မ်တွေကချောင်းဆိုးတယ် ဆန်ပြုတ်၊ပေါင်မုန့်၊ကြက်ဥ၊ခေါက်ဆွဲ၊ယံယံ၊မားမား၊မြူစွမ်၊အိုဗာတင်း၊မိုင်လို၊ အဲ့ဒါပဲစား!"

"......"

နေမကောင်းတဲ့ ဒုက္ခက ခက်ရချည်ရဲ့။ဘာမှကိုလုပ်မရတဲ့အပြင် စားချင်တာလည်း စားမရ။တူနဲ့ကိုင်ထားရတဲ့ ခေါက်ဆွဲဖတ်တွေကိုသာ ပါးစပ်ထဲအမြန်သွင်းရင်း မနက်ဆေးတစ်ခွက်သောက်လိုက်တယ်။

ခနအကြာမှာတော့

"ဘေးဖယ်စမ်းပါ ငါ အလုပ်သွားရအုံးမယ်"

"မင်း ဖျားနေတာကို အလုပ်ကသွားချင်သေးတာလား"

"အရေးကြီးတဲ့ customerရှိတယ်ဟ"

အချေအတင်ဖြစ်နေတဲ့ အခြေအနေကြီးမှာ Bang Yedamက လည်သာကုတ်အထူကြီးဝတ်ပြီး အနွေးထည်အထ​ပ်ထပ်နဲ့ ရုံးကိုသွားဖို့ တာဆူနေတယ်။ဒါကို မရမကတားဆီးနေတဲ့ Asahiကလည်း လက်မလျှော့....တံခါးပေါက်ဝကနေ ခြေကားယား၊လက်ကားယားနဲ့ အပြင်ထွက်လို့မရအောင် ကာထားတယ်။ပါးစပ်ကလည်း ပွစိပွစိနဲ့ ဆူနေသေးတယ်။

အမှန်တော့ သူ့စိတ်အလိုဆို ဒီအလုပ်ဂျပိုးကို တားမနေတော့ဘူး သွားစမ်းဟယ်ဆိုပြီး Taxiပါငှားပေးလိုက်မည်သာ။အခုတော့ ရည်းစားရဲ့သူငယ်ချင်းက လှမ်းပြီး ခခယယအကူအညီတောင်းထားလို့သာ Asahiတို့သည်းခံနေတယ်မှတ်! ဟွင်း...။

"ငါ မင်းရုံးကို ခွင့်လှမ်းတိုင်ပြီးပြီ။ ရုံးက မင်းအလုပ်မလာရင်တောင် လစာပေးနေအုံးမှာတဲ့"

"ငါ့ကိုအလုပ်ပြုတ်သွားစေချင်နေတာလား ​ေ့ဟကောင်? မင်းကို ဒီလိုပေါက်ကရတွေ ဘယ်ကောင်က ပြောလိုက်တာလဲ?"

မင်းရည်းစား Park Jeongwooဆိုတဲ့ကောင်လေကွဆိုပြီး အော်ပြောချင်နေပေမယ့်လည်း Asahiထုတ်မပြောမိပါ။သူလုပ်နိုင်တာ တားတာကလွဲပြီးဘာမှမရှိ။ပြုံးပြုံးလေးသာ စိုက်ကြည့်နေလိုက်တော့တယ်။ရုန်းရတာပင်ပန်းသွားတဲ့ Bang yedamကတော့ လက်လျှော့လိုက်ပြီး ကုတင်ပေါ် သွားနေနေတာကြောင့် Asahiလည်း အိမ်ခနပြန်ဖို့ စီစဥ်လိုက်တယ်။

မနက်ဆေးထဲမှာ အိပ်ဆေးတချို့လည်းပါတာကြောင့် နေမကောင်းတဲ့သူကတော့ အိပ်ပျော်နေဆဲ။ခိုးကြောင်ခိုးဝှက်နဲ့ အိမ်ပြန်သွားတဲ့ Asahiက ခြေသံတိုးတိုးနဲ့ ​ခနတာလောက် အနားယူဖို့ သူ့အိမ်ကိုခြေဦးတည်လိုက်​ေတာ့တယ်။

Dandelion ? ??????Where stories live. Discover now