ဒီလိုစကားတွေကိုတောင် ကြားရဲဖို့ သတ္တိမရှိသေးတာ သဘက်ခါဆိုရင် မြင်ရတော့မယ့် လက်ထပ်ပွဲမှာ သူချုပ်တဲ့ ဝတ်စုံလေးကိုဝတ်ပြီး တခြားအမျိုးသမီးကို လက်စွပ်ဝတ်ပေးနေမဲ့ Jeongwooကို ကြည့်ရဲဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်ပါ့မလား?
"ဘာတွေ စဥ်းစားနေတာလဲ"
"အော် သူဌေး မင်္ဂလာပါ"
ဥက္ကဌရဲ့ အောက်အဆင့်မှာရှိတဲ့ သူတို့ရဲ့ သူဌေးက အနည်းငယ်အသက်ကြီးက ထိပ်လည်းပြောင်တဲ့အပြင် လာဘ်ကလည်း စားနေတာမို့ Bang yedam သိပ်တော့ သဘောမကျ။
ဆိုဖာအစိမ်းရောင်ပေါ် ထိုင်ရင်း သူ့နားကို ကော်ဖီတစ်ခွက်လာချပေးတာကြောင့် Yedamက ဟိုဘက်ကို အနည်းငယ်တိုးထိုင်ပေးလိုက်တယ်။
"မတွေ့တာတောင်ကြာတော့ တို့ကုမ္ဘဏီရဲ့ အထင်ကရ ဒီဇိုင်နာလေးက ဒီလောက် ကြည့်ကောင်းလာတာကို သတိမထားလိုက်မိဘူးပဲ"
Bang yedamက တစ်ချက်ပြုံးလိုက်ပြီး ဒီနေရာက ဘယ်လိုထွက်သွားရမလဲဆိုတာကို တွေးနေလိုက်တယ်။
"ဒါနဲ့ Yedamieမှာ ဒီမှာအလုပ်လုပ်တာ ငါးနှစ်တောင် ကျော်တော့မယ်မလား"
"ဟုတ်တယ် အဲ့ဒါဘာဖြစ်လို့လဲ သူဌေး"
သူ့ရဲ့ ပုခုံးတွေပေါ်ကို လက်တင်လာတဲ့ ထိပ်ပြောင်ပြောင်ဘိုးတော်ကြီးကို Bang Yedamက စိတ်ထဲကနေ ဆဲလိုက်ပြီး ပုခုံးပေါ်က လက်ကြီးကိုဖယ်ချရင်း ခပ်မာမာမေးလိုက်တယ်။
"ရာထူးတိုး လိုချင်လား?"
သူ့ရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လာပြီး ရည်ရွယ်ချက်ရှိရှိပြောနေတဲ့ ဒီတဏှာရူးဘိုးတော်ကြီးကို Yedam ဘယ်လိုတွန်းထုတ်ရမလဲမသိ...စိတ်ရှိတဲ့အတိုင်း ရိုက်သတ်ပစ်လိုက်ရင်လည်း အရမ်းသဘောကျရတဲ့ အလုပ်ကနေ ပြုတ်အုံးမည်။
ရုတ်တရပ် ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး နေရာက ထွက်သွားဖို့ Bang Yedamက ကြိုးစားလိုက်တော့ လက်ကိုလှမ်းဆွဲထားတဲ့ သူဌေးဆိုတဲ့ လူကြီးကြောင့် ဝေးဝေးကိုရွေ့လို့မရ။
"ရာထူးတွေက အရေးမကြီးပါဘူး..."
Bang Yedamက လက်နဲ့တွန်းဖြုတ်နေပေမယ့် တစ်ဖက်လူက မျက်နှာပြောင်ပြောင်နဲ့ လာထိနေတာကြောင့် လွှတ်မရ၊ပြုမရနဲ စိတ်ရှုပ်စရာကောင်းတယ်လို့တွေးမိနေတဲ့အချိန်မှာပဲ
"သူ့ကို အစတည်းက ရာထူးတိုးဖို့ အဖေက ပြောထားပြီးသားလေ Mr.Hwangက ဒါကို မသိတာတော့ မဟုတ်ဘူးမလား"
"ငါ မသိရပါဘူး"
"အခုပဲ အဖေက ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်းပြောလာတာ"
ရုတ်တရပ် ရောက်လာတဲ့ Jeongwooကြောင့် သူ့လက်တွေက လေထဲကနေ တစ်ဆင့်လွှတ်ပေးခံလိုက်ရပြီး အဆင်ပြေသွားတယ်။
"ခင်ဗျားမှာ အချိန်တွေပေါနေတယ်ဆိုရင်တောင် Bang designerလို အလုပ်များလွန်းတဲ့ လူရဲ့ အချိန်တွေကို ဖဲ့မယူသင့်ဘူးမလား သူက ကျွန်တော်တို့ကုမ္ဘဏီရဲ့ အရေးကြီးတဲ့လူတစ်ယောက်နော်"
ဘာစကားမှ ထွက်မလာပဲ ခေါင်းပဲငုံ့နေတဲ့ သူဌေးဆိုတဲ့ လူကို Bang yedamက ငေးကြည့်နေမိတယ်။
"သွားရအောင် Kim Yeriနဲ့ မင်္ဂလာပွဲအတွက် ဆွေးနွေးစရာတွေ ရှိသေးတယ်မလား?"
လက်ကိုဆွဲခေါ်သွားတာကြောင့် နောက်ကနေ ဘုမသိဘမသိပါသွားတဲ့ Bang Yedamက သူ့ရှေ့က လူသားကို အကြာကြီး ထပ်ေငးနေမိပြန်တယ်။ဒီလိုပါပဲ သူဘယ်လောက်ရင့်ကျက်နေနေ Jeongwooက သူ့ကို ပျာယာခတ်အောင်၊ ရင်ခုန်အောင်၊ စိတ်လှုပ်ရှားအောင်၊ သူကလွဲပြီး ဘယ်သူ့ကိုမှမမြင်အောင် လုပ်ယူတတ်တယ်။
ကုမ္ဘဏီအပြင်ဘက်ကို ဆွဲခေါ်ခံရပြီး ကားတစ်စီးအနားမှာ တူတူရပ်နေမိတဲ့ ခံစားချက်က သူတို့တွဲခဲ့တုန်းကအမှတ်တရတွေကို ပြန်တွေးမိစေတယ်။

YOU ARE READING
Dandelion ? ??????
Romance[Burmese] ???? ???????? × ???? ????? [completed] ? ?????? ? ????????????? ? ??????????? ? ???? ????? ? ??????? ?? ???????
12 (Unicode)
Start from the beginning