抖阴社区

                                    

"သွားစမ်းပါ ဆင်ခြေတေ​ွလာပေးနေတာမလား အခု"

Bamg Yedamက သူ့စိတ်ထဲအရမ်းပျော်နေမိပေမယ့်လည်း ဒီလောက်တဇွတ်ထိုးဆန်တဲ့ ကောင်လေးကိုသေသေချာချာ စိတ်ကောက်ပစ်ဖို့ တွေးထားတာကြောင့် လွယ်လွယ်နဲ့တော့ အလျှော့မပေးချင်ပါ။

"မဟုတ်ပါဘူးဗျာ တကယ်လို့သာ Hyungနဲ့မဖြတ်ကြည့်ပါ့လား? Hyungဒဏ်ရာတစ်ခုခုရတာနဲ့ ဟိုUSကနေ ဒီကိုညတွင်းချင်းပြန်လာမိရင်ဘယ်လိုလုပ်မလဲ? ထွက်မသွားပဲဒီမှာဆက်လုပ်ရင်လည်း Hyungကိုမြင်တာနဲ့ ဖက်ထားချင်နေတာ ထိတွေ့ချင်နေတာ အဲ့ဒါဘယ်လိုလုပ်ရမလဲပြော! ဒီကောင်ကြီးဘက်က အရမ်းချစ်ချင်နေတာလေ Hyungမှမသိတာ"

"ဘယ်လိုမှမလုပ်နဲ့ပေါ့ ချစ်တာလည်းမသိဘူး မချစ်တာလည်း မသိဘူး ချစ်လည်းမချစ်ချင်ဘူး အွန့်..."

တစ်ဖက်ကိုမျက်နှာမူနေတဲ့ လူကို သူ့ဘက်ဆွဲလှည့်ပြီး စကားများနေတဲ့ ပါးစပ်လေးကို ပိတ်ပို့ကြိုးစားရတော့တယ်။သူ့လက်တွေနဲ့ အနားကိုတိုးလာအောင်ဖက်ထားမိတဲ့ ဒီခါးသွယ်သွယ်လေးတွေကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ! ဒီနူးနူးညံ့ညံ့နှုတ်ခမ်းဖျားခေးကိုရော ဘယ်လောက်တောင်လွမ်းနေခဲ့ရတာလဲ ခက်တယ် ခက်တယ်"

လေညှင်းလေးတွေ ဘေးကနေ ယှက်ဝဲသွားပေမယ့် သူတို့အနမ်းတစ်ပွင့်ကတော့ မရပ်တန့်နိုင်သေး။တွန်းဖယ်နေတဲ့ သူ့လက်တွေကို Jeongwooက ဆုပ်ကိုင်ထားပြီး ခါးကိုလည်း ဖက်ထားသေးသည်။တော်တော်လေး နာအောင်အားထည့်ပြီးရိုက်ပုတ်တော့မှ လွှတ်ပေးတဲ့ သူ့ကို Bang Yedamက စိုက်ကြည့်လိုက်တယ်။

"အမလေး နာလိုက်တာဗျာ~"

အရိုက်ခံရတဲ့ ဘယ်ဘက်ရင်အုံကိုလက်နဲ့ကိုင်ပြီး သူ့ကိုပြုံးပြနေတဲ့ Jeongwooကိုတွန်းဖယ်ဝင်တိုက်ရင်း Yedamကပြောတယ်။

"နည်းတောင်နည်းသေးတယ်"

ပြောချင်ရာပြောပြီး ထွက်ပြေးသွားတဲ့ ကောင်လေးရယ် နောက်ကနေ လိုက်ဖမ်းနေတဲ့ကောင်လေးရယ်ဟာ ဒုဓလီပန်းခင်းကြီးထဲမှာ ပျော်ပျော်ကြီးပြေးလွှားနေကြတယ်။သူတို့ပါးစပ်တေ​ွကနေ ကြည်နူးစရာကောင်းတဲ့စကားတွေနဲ့ ပြေးရင်းလိုက်ရင်း စကားများနေကြသေးတယ်။

Dandelion ? ??????Where stories live. Discover now